Friday, December 29, 2017


ဒရုန်းအမှု ပြစ်ဒဏ်ကျခံရသူ ၄ ဦးလျော့ရက်ဖြင့် လွတ်မြောက်လာ နေပြည်တော် လွှတ်တော်အနီးတွင် ဒရုန်း လွှတ်တင်သဖြင့် လေယာဉ် အက်ဥပဒေ ပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ် ၂ လ ကျခံနေရသည့် တူရကီ သတင်းဌာန TRT စင်္ကာပူရုံးခွဲမှ မလေးရှား နိုင်ငံသူ Mok Choy Lin၊ စင်ကာပူနိုင်ငံသား Lau Hon Meng ၊ သတင်းထောက်နှင့် စကားပြန်အဖြစ် ဆောင်ရွက်သူ အောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင်တို့သည် ပြည်ထဲရေး ဝန်ကြီးဌာန၏ လျော့ရက်ဖြင့် ရမည်းသင်းထောင်မှ ယနေ့ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။ “ကျနော်တို့ မမျှော်လင့်ဘဲနဲ့ ထောင်ထဲ ရောက် သွားသလို ဒီနေ့ မမျှော်လင့်ဘဲနဲ့ ထွက်လာရ တယ်။ ပထမဆုံး နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ နိုင်ငံတော်ရဲ့ Security ကို မထိပါးစေဘူး ဆိုပြီးတော့ ကျနော်တို့ အမှုတွေကို ပလပ် ပေးတဲ့ နိုင်ငံတော် တာဝန်ရှိသူတွေကို ကျေးဇူးတင်တယ်။ နိုင်ငံခြားသား ၂ ယောက်ကလည်း ကျေးဇူးတင်နေကြတယ်”ဟု ကိုအောင်နိုင်စိုးက ဧရာဝတီသို့ ပြောသည်။ ၎င်းတို့ ၄ ဦးကို လေယာဉ် အက်ဥပဒေဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထောင်ဒဏ် ၂ လစီ ချမှတ်ပြီး ဖြစ်သော်လည်း ပို့ကုန်၊ သွင်းကုန် ဥပဒေ၊ လဝက ဥပဒေတို့ဖြင့် ဆက်လက်အရေးယူရန် ပြုလုပ်ခဲ့ရာမှ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တရားလို ရဲ၊ လဝက အရာရှိများက စွဲဆိုထားသည့် အမှုများကို ပြန်လည် ရုတ်သိမ်းရန် လျှောက်ထားခဲ့ခြင်း၊ ၎င်းတို့ ကျခံနေရသည့် ထောင်ဒဏ် ၂ လမှာ လာမည့် ဇန်နဝါရီ ၅ ရက်နေ့ ရောက်မှသာ လွတ်ရက်စေ့မည် ဖြစ်သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန၏ လျော့ရက်ဖြင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တရားလိုများ၏ လျှောက်ထားချက်အား ကိုအောင်နိုင်စိုးနှင့် အဖွဲ့ကို တာဝန်ယူ စစ်ဆေးနေသည့် နေပြည်တော် ဇမ္ဗူသီရ ိမြို့နယ် တရားရုံးက လက်ခံခဲ့ပြီး အမှုစွဲချက ်များကို ပလပ်ပေးလိုက်သော်လည်း ထောင်ဒဏ် ၂ လ ကျခံနေရမှုမှာ ပြည်ထဲရေး ဝန်ကြီးဌာန ရမည်းသင်း အကျဉ်းထောင်၏ လုပ်ပိုင်ခွင့်ဖြစ်၍ အကျဉ်းထောင်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ကိုအောင်နိုင်စိုး၏ ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။ “တရားရုံးက ထောင်ကို လွှဲချလိုက်တာ ထောင်ကို ပြန်ရောက်တော့ ချက်ချင်းပဲ ထောင်ပိုင်ကြီးက ပြောတယ်။ ပြည်ထဲရေးကနေ ပြီးတော့ ထောင်ကို ညွှန်ကြားချက်ပေးထားလို့ သူကလည်း ပေးပိုင်ခွင့်ရှိတဲ့ ထောင်ဒဏ်လျော့ရက်ကို နဂိုက ၄ ရက်ပဲ ပေးမယ်ပြောထားပြီး အခု အပြည့် ၁၂ ရက်ပေးလိုက်တော့ လွတ်သွားတာပေါ့”ဟု ၎င်းက ပြောသည်။ ယခုကဲ့သို့ လျော့ရက်ဖြင့် လွှတ်ပေးခြင်း အပေါ်တွင်လည်း အဖမ်းခံခဲ့ရသည့် နိုင်ငံခြားသား ၂ ဦး၊ ကားဆရာတို့ကလည်း ကျေးဇူးတင်နေသဖြင့် သူတို့၏ ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုကြောင်း၊ သို့သော် ဒရုန်းအမှုနှင့် မဆိုင်သည့် ၎င်း၏ ကိုယ်ပိုင ်ဖြစ်သော တယ်လီဖုန်း၊ လက်ပတော့တို့ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ခြင်းမှာ နားလည်မှု လွဲမှားနိုင်၍ ပြန်ရနိုင်ပါက လိုချင်ကြောင်း ကိုအောင်နိုင်စိုးက ပြောသည်။ “ကျနော်တို့ကိစ္စက နိုင်ငံတော်ရဲ့ လုံခြုံရေးကို မထိပါးစေဘူးဆိုပြီး ပေါ့လျော့ ပေးတဲ့အတွက် အဲဒီလို ဖြစ်သလိုမျိုး နိုင်ငံတော်ရဲ့ လုံခြုံရေး ကို မထိပါးတဲ့ကိစ္စတွေကိုလည်း နိုင်ငံတော်ရဲ့ လူကြီးတွေက လွှတ်ပေးမယ်လို့ မျှော်လင့် ပါတယ်။ ကျေးဇူးပြုပြီး လုပ်ပေးပါလို့ တောင်း ဆိုပါတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါ ၄ ဦးမှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က နေပြည်တော် လွှတ်တော် နယ်မြေ အနီး ဒရုန်း ယာဉ်ပျံသန်းမှုဖြင့် နေပြည်တော်ရှိ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အစိုးရလျို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေဖြင့် နိုင်ငံတော် လုံခြုံရေး အတွက်ဟုဆိုကာ ရိုက်တာ သတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ပြည်ထဲရေး ဝန်ကြီးဌာနက အရေးယူခဲ့ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမာန် ထပ်ယူထားသည်။ The post ဒရုန်းအမှု ပြစ်ဒဏ်ကျခံရသူ ၄ ဦးလျော့ရက်ဖြင့် လွတ်မြောက်လာ appeared first on ဧရာဝတီ.
Source : http://ift.tt/2pUBtTg
via IFTTT

No comments:

Post a Comment