Friday, December 29, 2017


အမေရိကန် ဖုန်းဈေးကွက်မှာ Huawei နဲ့ Ziaomi တို့ Apple ကို ယှဉ်နိုင်မှာလား တရုတ် အခြေစိုက် နာမည်ကျော် ဖုန်း ကုမ္ပဏီကြီး နှစ်ခု ဖြစ်တဲ့ Huawei နဲ့ Xiaomi တို့ကတော့ အမေရိကန်မှာ သူတို့ရဲ့ တန်းမြင့် ဖုန်းတွေကို ဈေးကွက်အောင်မြင်မှု ရအောင် ရောင်းချဖို့ အတွက် အမေရိကန်ရဲ့ လူကြိုက်များ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ Verizon နဲ့ AT&T တို့ကို ချဉ်းကပ်မှုတွေ လုပ်ဆောင်နေပြီ လို့ စီးပွားရေး သတင်းမီဒီယာ တခု ဖြစ်တဲ့ Bloomberg ရဲ့ ဖော်ပြချက် အရ သိရပါတယ်။ လက်ရှိ ကမ္ဘာ့ ဈေးကွက်မှာလည်း ဒီကုမ္ပဏီ နှစ်ခုရဲ့ အမှတ်တံဆိပ်တွေက လူကြိုက် အများဆုံး ဖုန်းစာရင်းမှာ ၁ ကနေ ၅ အတွင်း ဝင်နေတာပါ။ ဒါတောင် အမေရိကန်ဈေးကွက် တခုလုံး ရောင်းချမှု မရှိသေးတဲ့ အတိုင်းအတာမှာတင် အောင်မြင်မှု ရနေပြီ ဖြစ်ပြီး အခုလို မကြာခင်မှာ အမေရိကန် ဈေးကွက်အတွင်းကိုပါ ရောင်းချမယ် ဆိုရင်တော့ ပိုပြီး လူကြိုက်များလာ နိုင်တာလည်း ဖြစ်ပါတယ်။ အမေရိကန် ဆိုတာကလည်း လက်ရှိမှာ ကမ္ဘာ့ တတိယ အကြီးဆုံး ဖုန်းဈေးကွက် ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ အမေရိကန်မှာ Huawei နဲ့ Xiaomi အတွက် ဈေးကွက် နေရာရနိုင်မယ့် အခွင့်အလမ်း နှစ်ခု ရှိပါတယ်။ ပထမ တခုက အမေရိကန်မှာ တိုးတက်ပြီး နိုင်ငံဖြစ်လို့ ဈေးကွက်ကို ချုပ်ကိုင်နိုင်တဲ့ အရောင်း ကိုယ်စားလှယ်တွေ ရှိနေတာပါ။ သူတို့ လက်ထဲ ဖုန်းအပ်လိုက်ပြီး ရောင်းချရုံနဲ့ အဆင်ပြေမှာ ပါ။ ကုမ္ပဏီတွေ အနေနဲ့ အရည်အသွေး ကောင်းတဲ့ ဖုန်းကို ထုတ်လုပ်နိုင်ဖို့သာ လိုအပ်တော့မှာပါ။ နောက်တချက်ကတော့ တရုတ်ဖုန်းတွေကို အမေရိကန်တွေက လက်ခံ သဘောကျကြတယ် ဆိုတာ ပါပဲ။ ပြီးခဲ့တဲ့ နှစ် အတွင်းက တရုတ် ဖုန်းထုတ်လုပ်သူ ZTE က သူ့ရဲ့ Dual-screen နဲ့ ဖုန်းကို အမေရိကန်က AT&T ကနေ ရောင်းချခဲ့ ပါတယ်။ ဒီဖုန်းတမျိုးတည်းနဲ့တင် ZTE ဟာ အမေရိကန်မှာ ဖုန်းရောင်းချရမှု အများဆုံး အမှတ်တံဆိပ် စာရင်းမှာ အဆင့် ၄ ရပြီး ၂၀၁၆ ခုနှစ် တတိယ သုံးလပတ်နဲ့ စာရင် ၂၀၁၇ ခုနှစ်ရဲ့ တတိယ သုံးလပတ်မှာ ဖုန်းရောင်းအား ၉ ရာခိုင်နှုန်း တက်လာပြီး ဈေးကွက်ရဲ့ ၁၁ ဒသမ ၆ ရာခိုင်နှုန်း ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို အခွင့်အလမ်းကောင်းတွေ ရှိနေတဲ့ တရုတ် ဖုန်းတွေက ဈေးကွက် ဝင်လာနိုင်တာက အမေရိကန် ဒေသခံ Apple အတွက်တော့ သတင်းဆိုးပါပဲ။ လက်ရှိ အမေရိကန်မှာ လူကြိုက် အများဆုံးက Apple ပါ၊ ၂၀၁၇ ရဲ့ တတိယ သုံးလပတ် အတွင်းမှာ Apple က ဖုန်းဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းကို ရထားပါတယ်။ Samsung က ၂၅ ရာခိုင်နှုန်း၊ LG က ၁၅ ရာခိုင်နှုန်းတို့နဲ့ အစဉ်လိုက် ရပ်တည်နေတာပါ။ ဒီနေရာမှာ Huawei နဲ့ Xiaomi တို့ရဲ့ ဖုန်းတွေက တန်ဖိုးမြင့် အနေနဲ့ ထုတ်လုပ်လာတယ် ဆိုတဲ့တိုင် ဈေးက ချိုပါတယ်။ အရည်အသွေးပိုင်းမှာတော့ Apple ရဲ့ ဖုန်းတွေကို မမီတာ သေချာပါတယ်။ ဒါပေမယ့် iPhone တွေက ပျမ်းမျှ ဈေးနှုန်း ဒေါ်လာ ၇၀၀ လောက် ရှိပေမယ့် တရုတ်ဖုန်းတွေကတော့ အဲလောက် ဈေးမများပါဘူး။ ဒီတော့ ဈေးနှုန်း အရ တရုတ် ဖုန်းတွေဟာ ဈေးကွက်အောင်မြင်မှု ရနိုင်နေတဲ့ အားသာချက် ရထားပါတယ်။ ခန့်မှန်းချက်တွေ အရတော့ Huawei နဲ့ Xiaomi တို့ဟာ အမေရိကန်မှာ ဈေးကွက်တင်မယ် ဆိုရင်တော့ ဖုန်းရောင်းချရမှု အပိုင်းမှာ Apple ကို ကျော်တက် အောင်မြင်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ချက်ချင်းတော့ မဖြစ်နိုင်ပါဘူး။ အမေရိကန် ဈေးကွက်ဟာ ဈေးနှုန်းထက် ဖုန်းရဲ့ အရည်အသွေးကို ကြည့်ပြီး အသုံးများကြပါတယ်။ OS တွေကို Version ပြောင်းလဲ Upgrade လုပ်နိုင်နေလို့ အမေရိကန် ဖုန်းသုံးသူ အများစုက အရည်အသွေးကောင်းတဲ့ ဖုန်းကို ဝယ်ထားပြီး Upgrade လုပ်သုံးလေ့ ရှိကြပါတယ်။ ဒါဆိုရင်တော့ ဈေးနှုန်း အားသာချက် အရတော့ Huawei နဲ့ Xiaomi တွေဟာ အမေရိကန်မှာ Apple ကို ကျော်တက်နိုင်မယ်၊ စိန်ခေါ်မှု ကောင်းကောင်း လုပ်နိုင်လာဖို့ ရှိပေမယ့် တန်ုးမြင့်ဖုန်း စစ်စစ်၊ ကောင်းကောင်း ထုတ်လုပ် ရောင်းချဖို့တော့ လိုအပ်နေတာပါ။ အထူးသဖြင့်တော့ iOS အသုံးပြုသူတွေကို Android ဖုန်းသုံးဖို့ ချက်ချင်းတော့ မဖြစ်စေနိုင်ပါဘူး။ App အသုံးပြုရမှု လွယ်ကူခြင်းနဲ့ နောက်ထပ် iOS ထက် အားသာမယ့် အချက်တွေကို၊ လုပ်ဆောင် အသုံးပြုနိုင်မှုတွေ ဖန်တီးထည့်သွင်း လာနိုင်မှ လူကြိုက် များလာနိုင်ပါတယ်။ ၂၀၁၈ ခုနှစ် အတွင်း တရုတ်ဖုန်းတွေ အမေရိကန် ရောက်ဖို့ ရှိနေပေမယ့် Apple ကိုတော့ ချက်ချင်း ကျော်တက်နိုင်မှာ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။ Ref: http://ift.tt/eKERsB The post အမေရိကန် ဖုန်းဈေးကွက်မှာ Huawei နဲ့ Ziaomi တို့ Apple ကို ယှဉ်နိုင်မှာလား appeared first on ဧရာဝတီ.
Source : http://ift.tt/2BQZPii
via IFTTT

No comments:

Post a Comment