ထိုင်းနိုင်ငံက 7-Eleven စတိုးဆိုင်တွေမှာ အိမ်လုပ်ဘီယာဗူးများ စတင်ရောင်းချ Bannok အမည်ပေးထားတဲ့ အိမ်တွင်းဖြစ် ဘီယာဗူးတွေကို ပထမဆုံး အကြိမ်အဖြစ် ဘန်ကောက်နဲ့ တခြားပြည်နယ်တွေက 7-Eleven လို ထိပ်တန်းစတိုးဆိုင်တွေမှာ မနေ့က စတင်ရောင်းချနေပြီလို့ Khaosod သတင်းကဆိုပါတယ်။ အယ်လ်ကိုဟောပါဝင်မှု ၄ရာခိုင်နှုန်းသာပါဝင်တဲ့ Bannok အိမ်လုပ် ဘီယာ သံဗူးတဗူးကို ၉၉ ဘတ်နဲ့ ရောင်းချနေတာဖြစ်ပြီး၊ ဂျုံကနေချက်တဲ့ ဘီယာကို Kisss Me Deadly၊ နောက်တမျိုး ကတော့ IPA Honey Bomb လို့ အမည်ပေးထားပါတယ်။ ရောင်းဈေးကတော့ Bannok ဘီယာတဗူးကို ၉၉ ဘတ်လို့ ဆိုပါတယ်။ မည်သည့် 7-Eleven ဆိုင်ခွဲများမှာ ရောင်းချပေးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်၊ Bannok ဘီယာရဲ့ Facebook မှာတော့ 7-Eleven ဆိုင်ဝန်ထမ်းတွေကို မေးဝယ်ဖို့ လမ်းညွှန်ထားပါ တယ်။ လက်ရှိ ထိုင်းနိုင်ငံက စတိုးဆိုင်ကြီး တွေမှာ နာမည်ကြီး ဘီယာတွေဖြစ်တဲ့ Singha ၊ Leo နဲ့ Beer Chang စတဲ့ စက်ရုံထုတ်ဘီယာများကို လက်ရှိမှာ ရောင်းချနေရာ သံဗူးတဗူးလျှင် ဘတ် ၄၀ ခန့်သာ ပေးရတဲ့ အတွက် Bannok ဘီယာနဲ့ ဈေးနှုန်းကွာဟမှုတွေရှိပါတယ်။ Bannok ဘီယာကို အရင် Stone Head နဲ့ Lamzing စတဲ့ အမှတ်တံဆိပ်ရှိ အိမ်လုပ်ဘီယာတွေကို ချက်လုပ်တဲ့ ဆခွန်နခွန်နယ်သား ပဏ္ဍိတန် တွန်ဆရီက ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ The post ထိုင်းနိုင်ငံက 7-Eleven စတိုးဆိုင်တွေမှာ အိမ်လုပ်ဘီယာဗူးများ စတင်ရောင်းချ appeared first on ဧရာဝတီ.
Source : http://ift.tt/2E0uB9P
via IFTTT
No comments:
Post a Comment