Friday, December 29, 2017


ရှားစောင်းလက်ပပ်ရဲ့အာနိသင်နဲ့အသုံးဝင်ပုံများ ရှားစောင်းလက်ပပ် ဂျယ်ဟာ အလွန်ဆေးဘက်ဝင်တဲ့ သဘာဝပစ္စည်းတမျိုးဖြစ်ပါတယ်။ တကယ်လည်း ရှားစောင်းလက်ပပ်ဟာ မယုံနိုင်လောက်အောင် အာနိသင်ထက်မြက်လွန်းပါတယ်။ အမျိုးမျိုးသော အလှအပထုတ်ကုန်တွေမှာ သုံးနိုင်သလို ခန္ဓာကိုယ်အလေးချိန်လျှော့ချချင်တာ၊ ဆံကေသာဖြောင့်စင်းလှပလိုတာ၊ အစာကြေလေနိုင်ချင်တာ စသဖြင့် နေရာမျိုးစုံမှာ သုံးနေကြပါတယ်။ ဒါ့အပြင် ဆံကေသာပျော့ပျောင်းနူးညံ့စေဖို့ ကွန်ဒီရှင်နာအဖြစ်လည်း သုံးနိုင်ပါတယ်။ ရှားစောင်းလက်ပပ်သုံးခြင်းဖြင့် သင့်ရဲ့ဆံကေသာကို ရှည်လျားသန်စွမ်းပြီး ကြံ့ခိုင်စေမှာ အမှန်ပါ။ ရှားစောင်းလက်ပပ်ဂျယ်ကို ဆံပင်မှာလိမ်းပေးရင် ဆဲလ်အသေတွေကို ပြုပြင်ပေးပြီး အဖျားကွဲထွက်တာကင်းဝေးတဲ့အပြင် နက်မှောက်ပြီးဆံပင်သန်စေပါတယ်။ ဆံပင်ကျွတ်ခြင်းကို ထိန်းပေးပါတယ်။ အိမ်မှာပဲ ရှားစောင်းလက်ပပ်ဂျယ်ကို အလွယ်တကူဖော်စပ်ပြီး သင့်ဆံကေသာအတွက် သုံးစွဲနိုင်ပါတယ်။ အိမ်မှာပဲ ရှားစောင်းလက်ပပ်ဂျယ် ဖော်စပ်နည်း ရှားစောင်းလက်ပပ်ကို အပင်ကနေ ခူးလိုက်ပါ။ ခူးတဲ့အခါမှာ အထိအခိုက်မရှိစေဖို့ ဓားထက်ထက်နဲ့ ဂရုတစိုက်ခူးပါ။ ပြီးလျှင် ဓားနဲ့သတိထားပြီး ရှားစောင်းလက်ပပ်အနှစ်များကို ဇွန်းဖြင့် ခြစ်ချပါ။ ရှားစောင်းလက်ပပ်အနှစ်ဂျယ်ထဲကို ပိုမိုအာနိသင်ထက်မြက်အောင် ဗီတာမင်အီး အဆီဆေးတောင့်လေးထည့်ပေးပါ။ တကြိမ်စာ သုံးစွဲဖို့အတွက် လေလုံတဲ့ထည့်စရာတခုခု(ဗူး၊ ခွက်၊ ပုလင်း) ထဲထည့်ထားပါ။ သို့မှသာ သန့်စင်ပြီး အော်ဂဲနစ်ပစ္စည်းကို စိတ်ချလက်ချအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီသဘာဝဂျယ်ကို သာမန်အခန်းထဲမှာဆိုရင် ၁၀ ရက်မှ ၁၅ ရက်အထိထားနိုင်ပြီးတော့ ရေခဲသေတ္တာထဲမှာဆိုရင်တော့ ရက် ၂၀ ကနေ ၂၅ ရက်အထိ ထားနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ဂျယ်ရဲ့ အာနိသင်ထက်မြက်ပုံများ ရှားစောင်းလက်ပပ်ဂျယ်ဟာ နေလောင်တာကို ကုစားပေးနိုင်ပါတယ်။ ဆဲလ်တွေစုဝေးရာ လူ့အရေပြားရဲ့အပေါ်ယံလွှာကို စိုပြေစေပါတယ်။ အရေပြားကို ဂျယ်က အလွှာတထပ်အနေနဲ့ ကာကွယ်ပေးနိုင်ပြီး ရေဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရပြည့်ဝတဲ့စွမ်းရည်နဲ့ အန်တီအောက်ဆီးဒင့်ကြွယ်ဝလို့ပါပဲ။ ဒါ့ကြောင့် အရေပြား ခြောက်သွေ့နေတာမျိုးကို အမြန်ဆုံးကုစားပေးနိုင်ပါတယ်။ ဒါကြောင့်မို့ ရှားစောင်းလက်ပပ်ဂျယ်ကို အိမ်မှာပဲ ဖော်စပ်ပြီး သင့်အရေပြားကို စိုပြေဝင်းလက်အောင် ဖန်တီးနိုင်ပြီလို့ ဆိုပါရစေ။ အစိုဓာတ်ကိုထိန်းပေးတဲ့အလှဆီ (Moisturizer) ရှားစောင်းလက်ပပ်ဂျယ်ကို moisturizer အနေနဲ့သုံးနိုင်ပါတယ်။ တခြားတိရစ္ဆာန်ဆီများ မပါဝင်တဲ့ အပင်ကရတဲ့ဂျယ်မို့လို့ သုံးရတာ မည်သည့် side effect မျိုးမှ မရှိစေနိုင်ပါဘူး။ ဒါကြောင့် လူတိုင်းအတွက် အသားအရေစိုပြေဖို့ ပြီးပြည့်စုံတဲ့ဂျယ်တခုလို့ ဆိုနိုင်ပါတယ်။ သတ္တုဓာတ်အခြေခံတဲ့မိတ်ကပ်တွေသုံးတဲ့အမျိုးသမီးတွေအတွက်ကတော့ ရှားစောင်းလက်ပပ်ကို moisturizer အဖြစ် သုံးနိုင်ပါတယ်။ မိတ်ကပ်မလိမ်းမီ ဒီ ဂျယ်ကို သုံးခြင်းဖြင့် အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသားတွေအတွက်ကတော့ မုတ်ဆိတ်ရိတ်ပြီး အသေးစားဓားရှတဲ့ဒဏ်ရာလေးတွေကို ကုစားပေးနိုင်တာမို့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးရိတ်ပြီးရင် ရှားစောင်းလက်ပပ်ဂျယ် သုတ်လိမ်းပေးနိုင်ပါတယ်။ ဝက်ခြံ သက်သာစေတဲ့ရှားစောင်းလက်ပပ်ဂျယ် လူအတော်များများက ရှားစောင်းလက်ပပ်ကို ဝက်ခြံဖယ်ရှားဖို့ သုံးကြပါတယ်။ ရှားစောင်းလက်ပပ်မှာ ဟိုမုန်းဓာတ် နှစ်မျိုးဖြစ်တဲ့ အောက်ဇင်နဲ့ဂျီဗာရီလင်းတို့ပါဝင်ပါတယ်။ အဲဒီဟိုမုန်းဓာတ်နှစ်မျိုးက ဝက်ခြံအဆံထွက်သွားလို့ ချိုင့်ခွက်ဖြစ်နေတာနဲ့ နေလောင်ကွက်တွေဖြစ်စေတာကို သက်သာစေပါတယ်။ ရှားစောင်းလက်ပပ်မှာပါဝင်တဲ့ ဂျီဗာရီလင်းဟာ ဆဲလ်တွေဖြစ်ပေါ်စေဖို့ ပံ့ပိုးပေးပါတယ်။ အသားအရေပျက်စီးနေတာကို ပြုပြင်ပေးပြီး သဘာဝအတိုင်းချောမွေ့စေပါတယ်။ အသားအရေပေါ်မှာ မကြာမကြာ ပြန်ဖြစ်တတ်တဲ့ အနီရောင်အဖုအပိမ့်ထွက်တာ၊ ဝက်ခြံ၊ ဝဲနှင်းခူစတဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါကြောင့်မို့ အသားအရေစိုပြေစေဖို့ ဒီဂျယ်ဟာ ဆေးတလက်ပါပဲ။ အိုမင်းရင့်ရော်မှုကိုလျော့ကျစေခြင်း လူတိုင်းလူတိုင်းဟာ အရေပြားပျော့တွဲပြီး အရေးအကြောင်းတွေပေါ်မှာ စိုးရိမ်ကြစမြဲပါ။ အန်တီ အောက်ဆီးဒင့်ဓာတ်ပါဝင်တဲ့ ဗီတာမင်စီနဲ့အီးတို့ဟာ ရှားစောင်းလက်ပပ်မှာ ကြွယ်ဝစွာပါဝင်တဲ့အတွက် အရေပြားကို တင်းရင်းစေပြီး သဘာဝအတိုင်း စိုပြေနေစေပါတယ်။ ရှားစောင်းလက်ပတ်ကို အရေပြားတင်းစေအောင်သုံးနည်း ကိုယ်ဝန်ဆောင်တာ၊ ခန္ဓာကိုယ်အလေးချိန်ကျသွားတာနဲ့ အခြားရောဂါတမျိုးမျိုးကြောင့် အရေပြားလျော့ရဲလာတာမျိုးကို ရှားစောင်းလက်ပပ်ဂျယ်နဲ့ ကုစားနိုင်ပါတယ်။ အရေပြားမှာပေါ်လာတဲ့အရေးအကြောင်းတွေကို ပျောက်ကွယ် သွားသည်အထိ ရှားစောင်းလက်ပပ်ဂျယ်က စွမ်းပါတယ်။ ဒါ့အပြင် ရာသီအလိုက်ဖြစ်တတ်တဲ့ အသားပပ်တာ၊ ကျီးကန်းပါးစပ်ဖြစ်တာ၊ နှုတ်ခမ်းကွဲတာတွေကိုလည်း ရှားစောင်း လက်ပပ်ဂျယ်ဖြင့် လိမ်းပေးနိုင်ပါတယ်။ အစာကြေလေနိုင်ဖို့အတွက်လည်း ရှားစောင်းလက်ပပ်ဂျယ်က အထောက်အကူဖြစ်စေနိုင်ပါတယ်။ The post ရှားစောင်းလက်ပပ်ရဲ့အာနိသင်နဲ့အသုံးဝင်ပုံများ appeared first on ဧရာဝတီ.
Source : http://ift.tt/2Dv8szF
via IFTTT

No comments:

Post a Comment