တရုတ်- ပါကစ္စတန် စီးပွားရေး စင်္ကြန်တွင် အာဖဂန်ကိုပါ ထည့်သွင်းရန် စဉ်းစားနေ တရုတ်နှင့် ပါကစ္စတန်တို့သည် တရုတ်-အာရှ- ဥရောပနှင့် အခြားဒေသများကို ဆက်သွယ်မည့် ရပ်ဝန်း တခု လမ်းတခု အစီအစဉ်(One Belt One Road) တစိတ်တပိုင်းဖြစ်သည့် အမေရိကန် ဒေါ်လာ ၅၇ ဘီလျှံတန် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်ကို အာဖဂန်နစ္စတန် အထိတိုးချဲ့ရန် စိတ်ဝင်စားနေ သည်။ ပြီးခဲ့သည့် အင်္ဂါနေ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ အထက်ပါ စီးပွားရေး စင်္ကြန်သည် ဒေသ တခုလုံးကို အကျိုးပြုပြီး ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားဖြစ်လာမည်ဟု မျှော်လင့်ကြောင့် ပထမဆုံး အကြိမ် တရုတ်၊ ပါကစ္စတန်နှင့် အာဖဂန် နိုင်ငံခြားရေးဝန်ကြီး များ ၃ ပွင့်ဆိုင်တွေ့ဆုံပွဲအပြီးတွင် ပြောသည်။ ၁၉၄၇ ခုနှစ်တွင် ပါကစ္စတန် လွတ်လပ်ရေးရသည်မှ စတင်ပြီး အဆင်မပြေဖြစ်နေသော ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် အကြားဆွေးနွေးပွဲများပေါ်ပေါက်လာရန် အားပေးကူညီသူအနေအထားရရန် ကြိုးစား နေသည်။ ပါကစ္စတန်သည် အာဖဂန်နစ္စတန်တွင် ၎င်း၏ ပြိုင်ဘက်ဟောင် အိန္ဒိယသြဇာကို ကန့်သတ်ထားနိုင် ရန် အမေရိကန် ကျောထောက် နောက်ခံပြု ကဘူးလ်အစိုးရကို တိုက်ခိုက်နေသော တာလီဘန်သူပုန် များကို ထောက်ခံအားပေးနေသည်ဟု အာဖဂန်ဘက်ကစွပ်စွဲသောကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်ဆိုးရွားသွားခဲ့သည်။ ပါကစ္စတန်က ထိုစွပ်စွဲချက်ကို ငြင်းပြီး ငြိမ်းချမ်းတည်ငြိမ်သော အာဖဂန်ကို မြင်လိုသည်ဟုဆိုသည်။ အာဖဂန်အနေဖြင့် လည်း ပြည်သူများ၏ ဘဝတိုးတက်အောင် လုပ်ဆောင်ပေးရန် အလျှင်အမြန် လိုအပ်နေပြီး ထိုအပြန်အလှန် ဆက်သွယ်ရေး စီမံကိန်းတွင် ပါဝင်ရန် စိတ်အားထက်သန်နေသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက သတင်းထောက်များကိုပြောသည်။ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံကလည်း ၎င်းတို့၏တင်းမာနေသော ဆက်ဆံရေးကို ပြင်ဆင် ရန် သဘောတူသည်ဟုလည်း ၎င်းကဆိုသည်။ “ဒါကြောင့် တရုတ်နဲ့ပါကစ္စတန်တို့ဟာ အားလုံး အကျိုးဖြစ်စေဖို့ အခြေခံနဲ့အပြန်အလှန်အကျိုးဖြစ် ထွန်းရေးမူတွေအရ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြန်ကို အာဖဂန်အထိတိုးချဲ့ဖို့ သင့်တော်တဲ့ နည်းလမ်းသုံးပြီး အာဖဂန်နစ္စကို ထည့်သွင်းစဉ်းစားလိုကြတယ်” ဟုလည်းသူကဆက်ပြောသည်။ ထိုသို့လုပ်ဆောင်ရန် အဆိုပါ ၃ နိုင်ငံတို့သည် တဖြည်းဖြည်း သဘောတူညီမှု ရယူကာ ပိုမိုသေးငယ် လွယ်ကူသော စီမံကိန်းများကို စတင်လုပ်ကိုင်ရမည်ဟုဆိုသော်လည်း အသေးစိတ်ပြောကြားခြင်း မရှိ ပေ။ အာဖဂန်နှင့် တရုတ်နိုင်ငံတို့သည် သံမဏိညီအကိုများဖြစ်သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ခါဝါဂျာအဆစ်ကပြောသော်လည်း စီးပွားရေးစင်္ကြန်တွင် အာဖဂန်နစ္စတန်နိုင်ငံရေးကို တိုက်ရိုက် ပြောကြားခြင်းမရှိပေ။ “တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်အောင်မြင်စွာအကောင်အထည်ဖေါ်နိုင်ခြင်းဟာ အာဖဂန်နစ္စ တန်၊ အီရန်နဲ့ ဗဟိုနဲ့အနောက်အာရှ အပါအဝင် အိမ်နီးချင်းတွေနဲ့ ကူးလူးဆက်ဆံ ပူးပေါင်းဆောင် ရွက်ရေးအတွက် နမူနာပုံစံဖြစ်လာပါမယ်” ဟု ၎င်းကပြောသည်။ ထိုစီမံကိန်းသည် ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယားကို ဖြတ်သန်းသောကြောင့် အိန္ဒိယနိုင်ငံက သံသယနေပြီး၊ ၎င်းဒေသကို အိန္ဒိယက သူ၏ ပိုင်နက်အဖြစ် သတ်မှတ်ထားသည်။ သို့သော် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်က ထိုစီမံကိန်းသည် ပိုင်နက်အငြင်းပွားမှုနှင့် မသက်ဆိုင်ဟုဆိုသည်။ တရုတ်အနေဖြင့် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့မှ စစ်သွေးကြွမှုများ မငြိမ်သက်သော တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသသို့ပြန့်နှံ့လာမည်ကို စိုးရိမ်သောကြောင့်၎င်းတို့ကိုညီညွတ်စေလိုသည်။ ထိုကြောင့် ၎င်းနှစ်နိုင်ငံလုံးတွင် အကြမ်းဖက်မှုများကိုကိုင်တွယ်ရန် ဆက်ဆံရေးကောင်းမွန်စေရန် တရုတ်က တွန်းအားပေးနေပြီး အာဖဂန်တာလီဘန် စစ်သွေးကြွများနှင့် ငြိမ်းချမ်းရေးကိုလည်း ကြားဝင်ဆောင်ရွက်သည်။ တရုတ်နိုင်ငံသည် အာဖဂန်အစိုးရနှင့် တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထောက်ခံကြောင်းနှင့်လိုအပ်သော အကူအညီများပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကပြောသည်။ ရပ်ဝန်းတခု လမ်းတခု အခြေခံအဆောက်အအုံ စီမံကိန်းသည် တရုတ်နိုင်ငံကို အရှေ့တောင် အာရှနှင့် ဗဟိုအာရှသို့ ကုန်းလမ်းမှဆက်သွယ်ပြီး အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ ရေလမ်းမှ ဆက်သွယ်မည့် ခေတ်သစ် ပိုးလမ်းမကြီးတခုတည်ဆောက်ရန်ရည်ရွယ်သည်။ The post တရုတ်- ပါကစ္စတန် စီးပွားရေး စင်္ကြန်တွင် အာဖဂန်ကိုပါ ထည့်သွင်းရန် စဉ်းစားနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2C9hcyW
via IFTTT
No comments:
Post a Comment