Saturday, December 30, 2017


အမြန်လမ်းတွင် ကားမီးလောင်ပြီး ရှစ်လောင်းပြိုင်သေဆုံးမှု ယာဉ်မောင်းကို ပုဒ်မသုံးခုဖြင့် စွဲချက်တင် 30 December 2017 ရန်ကုန်-မန္တလေးအမြန် လမ်းတွင် ယခုနှစ်ဆန်းက ဖြစ်ပွားခဲ့သည့် ဟိုက်အေ့စ်ယာဉ်မီး လောင်ပြီး ရှစ်လောင်းပြိုင်သေ ဆုံးမှု၌ တရားစွဲဆိုခံထားရသူ အောင်ခန့်ကို ဒီဇင်ဘာ ၂၉ ရက် က ရာဇသတ်ကြီးပုဒ်မသုံးခုဖြင့် စွဲချက်တင်အမိန့်ချမှတ်ခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ရုံးချိန်း ၃၄ ချိန်းစစ်ဆေးပြီးနောက် ဒီဇင်ဘာ ၂၉ ရက်ကအောင်ခန့်ကို အပြစ်ရှိပါသလားဟု မြို့နယ်တရားသူကြီးမှ မေးမြန်းရာ အောင်ခန့်က ဝန်ခံထွက်ဆိုခဲ့သည်။ ‘‘အမှုကိုတော့ လာမယ့်ဇန် နဝါရီ ၅ ရက်မှာ ဆက်ပြီးစစ်ဆေး မယ်။ နှစ်ဖက်ရှေ့နေတွေက တင် ပြစရာတွေမရှိတော့ရင်တော့ အ မိန့်ချဖို့ နီးသွားမှာပါ။ ၅ ရက်နေ့ ဘာတွေထပ်စစ်ဆေးမယ်ဆိုတာ တော့ မသိသေးပါဘူး’’ဟု လှည်း ကူးမြို့နယ်တရားရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ပေါ့လျော့မှုကြောင့် လူသေ မှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ မီးပေါ့ဆမှုပုဒ်မ ၂၈၅၊ ယာဉ်မ ဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၇၉ တို့ဖြင့် စွဲချက်တင်ရန် ဒီဇင်ဘာ ၁၅ ရက်တွင် တရားလိုရှေ့နေက လျှောက်ထားပြီးနောက် မြို့နယ်တရားသူကြီးက စွဲချက်တင်အမိန့်ချမှတ်ခဲ့သည်။ အမိန့်ချသည့်နေ့တွင် အမှု နှင့်ပတ်သက်သည် မိသားစုဝင် အချို့လာရောက်နားထောင်ခဲ့ပြီး နောက် အမျိုးသမီးအချို့ငိုနေသ ဖြင့် အတူပါလာသူများကို အိမ် ပြန်ခေါ်သွားရန် တရားရုံးတွင်တာ ဝန်ထမ်းဆောင်နေသည့်ရဲဝန် ထမ်းများက ပြောဆိုခဲ့သည်။ ‘‘တရားခံဘက်က ရှေ့နေက တရားလိုရှေ့နေအပါအဝင် နောက်ထပ်လေးယောက်ကိုစစ် ဆေးခွင့်တောင်းတယ်။ အမှုနဲ့ ပတ်သက်လို့တော့ အမှန်တရား အတိုင်းစီမံဆောင်ရွက်သွားမယ်။ တရားလိုဘက်ကလည်း ဘယ်သူ မှလာရောက်ပြောဆိုတာမရှိပါ ဘူး’’ ဟု လှည်းကူးမြို့နယ်တရား သူကြီးကပြောသည်။ ပုဂံ၌ ဘုရားဖူးပြီးအမြန်လမ်း အတိုင်းနေပြည်တော်ဘက်မှ ရန် ကုန်မြို့သို့ မောင်းနှင်လာသည့် ဟိုက်အေ့စ်ကိုယ်ပိုင်ယာဉ်သည် ယခုနှစ် ဇန်နဝါရီ ၂၁ ရက်နံနက် ၈ နာရီခန့်က မိုင်တိုင်အမှတ် ၄မိုင် ၂ ဖာလုံအရောက်တွင် လမ်းလယ်ရှိအလူမီနီယံပေါင်ကို တိုက်မိရာမှ မီးလောင်ကျွမ်းပြီး အမျိုးသမီးခုနစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ယာဉ်မောင်းအောင်ခန့်ဇွဲမြန်မာ (ခ)အောင်ခန့်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄-(က) အရ ဖေဖော်ဝါရီ ၂၀ ရက်တွင် လှည်းကူးမြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ သည်။ အမြန်လမ်းတွင် ဘုရားဖူးပြန်လာသော ယာဉ်မီးလောင်သဖြင့် လူရှစ်ဦးသေဆုံးခဲ့သည့်အမှုကို စီအိုင်ဒီက လွှဲပြောင်းစစ် ဆေးခဲ့သည်။ ယာဉ်မီးလောင်မှုကြောင့် အမျိုးသမီးခုနစ်ဦး၊ အမျိုးသား တစ်ဦးသေဆုံးပြီး အသက်ရှင် လွတ်မြောက်ခဲ့သည့်အောင်ခန့် သည် အခင်းဖြစ်ပွားစဉ်က ၎င်းကိုယ်တိုင် ယာဉ်မောင်းနှင်ခဲ့ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင်ဝန်ခံထွက်ဆိုသည်။ ၂၀၁၇ ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီခွဲခန့်က ယာဉ်မတော်တဆမှုဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ပြီး ၉ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့သည်။ ယင်းအမှုတွင် မီးလောင် သေဆုံးသူများသည် လှုပ်ရှားရုန်း ကန်မှုမရှိဘဲ ငြိမ်သက်စွာသေဆုံး ခဲ့သည့်ပုံစံရှိသည်ဟု သုံးသပ် ချက်များရှိခဲ့ပြီး လူအများအပြား စိတ်ဝင်စားမှုမြင့်မားသော အမှု ဖြစ်ခဲ့သည်။
Source : http://ift.tt/2CqEQ7d
via IFTTT

No comments:

Post a Comment