Thursday, December 28, 2017


ပြည်တွင်း၌ သွင်းကုန် အစားထိုး လုပ်ငန်းများ ရင်းနှီးလုပ်ကိုင်ရန် MIC ဖိတ်ခေါ် ပြည်တွင်း၌ သွင်းကုန် အစားထိုးလုပ်ငန်း ၁၃ မျိုးကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ဖိတ်ခေါ်လိုက်သည်။ ကုန်သွယ်မှု လိုငွေပြခြင်းကို တစိတ်တပိုင်း ဖြေလျှော့နိုင်ရန် အတွက် ထိုသို့ ဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း MIC လက်အောက် ရှိ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှု ကော်မတီမှ တာဝန်ရှိသူ တဦးဖြစ်သူ ဒေါ်နွယ်နီဦး က ဧရာဝတီ သို့ ပြောသည်။ “ကိုယ့်ဆီက လုပ်ငန်းရှင် အများစုက မိရိုးဖလာ၊ သမားရိုးကျ လုပ်ကိုင်တဲ့ သဘာဝများတယ်။ အဲဒီတော့ အချို့ ကုန် ပစ္စည်း တွေကို တခြားနိုင်ငံကနေ တင်သွင်း နေရတယ်။ အဲဒါတွေကိုသာ ပြည်တွင်းမှာ ထုတ်နိုင်မယ်ဆိုရင် ကိုယ့်ငွေ တွေလည်း အပြင်ကို မစီးဆင်းတော့ဘူးပေါ့။ အဲဒါကြောင့် သွင်းကုန် အစားထိုး လုပ်ငန်းတွေကို လုပ်ကိုင်ကြဖို့ ဆွဲဆောင် ဖိတ်ခေါ်တာ ဖြစ်တယ်” ဟု ပြောပြသည်။ ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော MIC ၏ ဖိတ်ခေါ်စာတွင် ဖော်ပြထားသည့် သွင်းကုန် အစားထိုး လုပ်ငန်း ၁၃မျိုးမှာ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ဆက်စပ်ပစ္စည်း၊ လယ်ထွန်စက်နှင့် လယ်ယာ နောက်တွဲ ယာဉ် များ၊ တယ်လီ ဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်း ကိရိယာများ၊ စက်နှင့်စက်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေး ပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ပလတ်စတစ် ကုန်ကြမ်း ပစ္စည်းများ၊ စက္ကူများ၊ ဓာတုဗေဒချည်ခင်များ၊ စားသုံးဆီ၊ ဆေးဝါးပစ္စည်းများ၊ အလှကုန်ပစ္စည်း လုပ်ငန်းတို့ ဖြစ်သည်။ ယင်း သွင်းကုန်အစားထိုး ကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပြုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ဆောလျင်စွာ ရရှိရေး၊ လုပ်ငန်းအတွက် လိုအပ်သည့် မြေနေရာ၊ လျှပ်စစ် မီး ရရှိရေးတို့ အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးမည်ဟု လည်း ဖိတ်ခေါ်စာတွင် ထည့်သွင်း ဖော်ပြ ထားသည်။ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒု ဥက္ကဌ ဦးဝင်းဌေးက “အစိုးရ ဘက်ကလည်း တွန်းတွန်းတိုက်တိုက် လုပ်ပေးမယ်၊ လုပ်ငန်းရှင်တွေကိုလည်း သေချာသတင်း အချက်အလက် ပေးမယ်ဆိုရင်တော့ ဖြစ်မလာနိုင်စရာ မရှိပါဘူး။ အဲဒီလိုမှ မဟုတ်ဘဲ ကြေညာချက်လေးပဲ ထုတ်နေရုံသက်သက် ဆိုရင်တော့ အလုပ် ဖြစ် လာမယ် မထင်ဘူး” ဟု ဧရာဝတီကို ပြောသည်။ ကုန်သွယ်မှု လိုငွေပြခြင်းဆိုသည်မှာ ကုန်သွယ်မှု ကဏ္ဍတွင် ပြည်တွင်းမှ အခြားနိုင်ငံများသို့ တင်ပို့သည့် ထုတ်ကုန် ပမာဏ ထက် အခြားနိုင်ငံများက တင်သွင်းသည့်ပမာဏက များသည့်အတွက် ကွာဟနေသော ငွေကြေး ပမာဏကို ဆိုလိုခြင်း ဖြစ် သည်။ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ အောက်တိုဘာ အတွင်း ပို့ကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၈ထောင် ကျော်၊ သွင်းကုန် ကဏ္ဍတွင် ဒေါ်လာ သန်း တသောင်းကျော် ရှိခဲ့ရာ ကုန်သွယ်မှု လိုငွေသည် ဒေါ်လာ သန်း ၂ထောင် ကျော် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စာရင်းများ အရ သိရသည်။ ထိုသို့ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ပြုလုပ်ရာတွင် ပြည်တွင်းလုပ်ငန်းရှင် အများစု အတွက် နည်း ပညာ၊ ငွေအင်အားနှင့် မြေနေရာ ရရှိရန်တို့က လက်ရှိ တွေ့ကြုံရမည့် အဓိက အခက်အခဲများ ဖြစ်ပြီး နိုင်ငံခြားနှင့် ဖက်စပ် အကျိုးတူ ဆောင်ရွက်နိုင်မည် ဆိုပါက အကျိုးရှိနိုင်မည်ဟု ဦးဝင်းဌေးက ဆိုသည်။ ဒီဇင်ဘာ ၁၈ ရက်က မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် တွေ့ဆုံခဲ့သော စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ကလည်း အစိုးရက သွင်းကုန် အစားထိုး လုပ်ကိုင်ရန် ဦးစားပေး ကူညီမည် ဖြစ်ရာ စက်ရုံ တည်ဆောက်မည် ဆိုပါက မြေနှင့် ငွေကြေး ပံ့ပိုး ကူညီမည့်အပြင် အခွန် နှုန်း ထား များကိုလည်း လျှော့ပေါ့ သွားမည် ဖြစ်ကြောင်း၊ အစိုးရနှင့် လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားထားသည်။ The post ပြည်တွင်း၌ သွင်းကုန် အစားထိုး လုပ်ငန်းများ ရင်းနှီးလုပ်ကိုင်ရန် MIC ဖိတ်ခေါ် appeared first on ဧရာဝတီ.
Source : http://ift.tt/2zGdUNO
via IFTTT

No comments:

Post a Comment