မန်ချက်စတာယူနိုက်တက်အသင်း အလိုရှိနေတဲ့ ပေါ်လိုဒိုင်ဘားလားကို ဈေးသတ်မှတ်လိုက်တဲ့ ဂျူဗင်တပ် အာဂျင်တီးနား လက်ရွေးစင်ကစားသမား တစ်ဦးဖြစ်တဲ့ ပေါ်လိုဒိုင်ဘားလားကို ယူနိုက်တက်က ခေါ်ယူမယ့် သတင်းတွေ မကြာခဏ ထွက်ပေါ်နေခဲ့သလို နည်းပြကြီး မော်ရင်ဟိုကလည်း အသင်းအတွက် ဖန်တီးမှု စွမ်းရည်မြင့်မားပြီး တိုက်စစ်အား ကောင်း ကောင်းနဲ့ ဂိုးတွေသွင်းယူနိုင်မယ့် ကစားသမားတစ်ဦးကို အလိုရှိနေခဲ့တာ ကြာပါပြီ။ မကြာသေးမီကတော့ ယူနိုက်တက်အသင်းဟာ ဒိုင်ဘားလားကို ပေါင် သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့တယ် လို့လည်း သတင်းတွေ ထွက်ပေါ် ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဂျူဗင်တပ်အသင်းဟာ ဒိုင်ဘားလားအတွက် အနည်းဆုံး ပေါင်သန်း ၁၄၀ နဲ့ ကမ်းလှမ်း လာမှသာ ဆွေးနွေးမှုတွေ ဆက်လက်ပြု လုပ်သွားမှာ ဖြစ်တယ်လို့ The Independent သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဂျူဗင်တပ်အသင်းဟာ ဒိုင်ဘားလားကို ယူနိုက်တက် အသင်းနဲ့အပြိုင် အခြားအသင်းကြီးတွေပါ စိတ်ဝင်စား နေတာကြောင့် ပေါင်သန်း ၂၀၀ အထိ ပြောင်းရွှေ့ကြေးကို အလိုရှိနေတာ ဖြစ်ပါတယ်။ ဒိုင်ဘာလားဟာ လက်ရှိ မန်ယူအသင်းမှာ ကွင်းလယ်အကောင်းဆုံး ကစားသမားလို့ ဆိုနိုင်တဲ့ ပေါလ်ပေါ့ဘာနဲ့ ဂျူဗင်တပ်အသင်းမှာ တစ်ရာသီ နီးပါး တွဲကစားဖူးတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ပါလာမိုအသင်းကနေ ဂျုဗင်တပ်အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာနဲ့ ပတ်သက်လို့ ဒိုင်ဘာလားက "ပေါ့ဘာထွက်သွားခဲ့တာဟာ ကျွန်တော့်အတွက် ထိုးနှက်ချက်တစ်ခုပါပဲ။ သူက ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါ။ သူနဲ့ ကျွန်တော်က ပွဲမှာရော အပြင်မှာပါ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိကြပါတယ်" လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။
Source : http://ift.tt/2lo9ZzT
via IFTTT
No comments:
Post a Comment