Sunday, December 31, 2017


ခွေးတွေက သူတို့ကို သခင် ချစ်အောင် ဘယ်လိုလုပ်ကြသလဲ သူတို့မှာ အရမ်းကို အစွမ်းထက်တဲ့ လုပ်ဆောင်နိုင်စွမ်းတခုရှိပါတယ်။ အဲဒါကတော့ ခွေးတွေက သူတို့ကို သခင် အရမ်းချစ်အောင် လုပ်ဆောင်နိုင်ခြင်းပါပဲ။ ဘယ်လို စွမ်းဆောင်သလဲဆိုရင်တော့ မျက်လုံးနဲ့ပေါ့။ ကျနော်တို့ ၂၀၁၅ ခုနှစ်အတွင်းက Science ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးလေးတပုဒ်ကို ခဏလောက် ပြန်ပြီး စဉ်းစားကြည့်ရအောင်ပါ။ ခွေးမွေးတဲ့ လူတွေမှာ Oxytocin ဆိုတဲ့ ဟော်မုန်းဓါတ် မြင့်မားတယ်လို့ အဆိုပါ ဆောင်းပါးမှာ ရေးထားတာ တွေ့ရပါတယ်။ ခွေးတွေမှာလည်း ဒီဓါတ် ရှိပါတယ်။ သူက ချစ်ခြင်းမေတ္တာခံစားမှုကို ဖြစ်လာစေတဲ့ ဓါတ်ဖြစ်ပြီး အချင်းချင်း ဆက်နွယ်မှုကိုလည်း ခိုင်မြဲစေပါတယ်။ အထူးသဖြင့်တော့ သခင်ဖြစ်သူကို ဒီဟော်မုန်းဓါတ် ထွက်လာအောင် ခွေးလေးတွေက သူတိုနဲ့ အကြည့်ချင်း ဆုံတဲ့အချိန် မျက်လုံးကနေ စေ့ဆော်တာဖြစ်တယ်လို့ သိပ္ပံဆိုင်ရာလေ့လာချက်အရ သိရပါတယ်။ ဒီတော့ ခွေးလေးတွေနဲ့ မျက်လုံးချင်းဆုံမိတာနဲ့ သူတို့ကို ချစ်အောင် မျက်လုံးလေးတွေနဲ့ ညှို့မယ်ပေါ့။ ဒါနဲ့ အဆိုပါ ဆောင်းပါးကို အခြေခံပြီး ဂျပန်နိုင်ငံသား လေ့လာရေးအဖွဲ့က လူနဲ့ခွေးလေးတွေအကြားက ချစ်ခြင်း မေတ္တာဖြစ်တည်မှုနဲ့ ဆက်သွယ်မှုကို ဆက်လက်လေ့လာခဲ့ပါတယ်။ သူတို့က ခွေးလေးတွေမှာရှိတဲ့ Oxytocin ပမာဏရယ်၊ သခင်ဖြစ်သူရဲ့ Oxytocin ပမာဏရယ်ကို သခင်နဲ့ ခွေး၊ မတွေ့သေးခင်မှာ တိုင်းတာတယ်၊ မှတ်သားတယ်။ ပြီးတော့ သခင်နဲ့ခွေးကို အတူတူ မိနစ် ၃၀ ကြာအောင် ရှိနေစေတယ်။ ပြီးတော့မှ ခွေးနဲ့ သခင်ရဲ့ Oxytocin ဟော်မုန်းမြင့်တက်လာမှုကို ပြန်လည်မှတ်သားတယ်။ နောက်ထပ် ဒုတိယပုံစံ လေ့လာချက်အနေနဲ့ ခွေးလေးတွေကို Oxytocin ဓါတ်ပါရှိတဲ့ မွှေးနံ့ပေးပြီး သူတို့ကို သခင်နဲ့မထားဘဲ အဆိုပါ ဟော်မုန်း မြင့်တက်လာမှုကို ပြန်လည်မှတ်သားပြန်ပါတယ်။ အဲဒီမှာ တွေ့လာခဲ့ရတာကတော့ သခင်နဲ့အတူနေတဲ့ ခွေးလေးတွေက အကြည့်ကနေတဆင့် သခင်ကိုလည်း သူတို့ကို ချစ်လာစေဖို့ Oxytocin ဟော်မုန်းနိုးထမှု ပိုများစေသလို ကြာကြာနေလေ သခင်တွေမှာလည်း အဆိုပါ ဟော်မုန်းမြင့်တက်လာပြီး ခွေးလေးတွေကို ပိုချစ်တယ်လို့ သိလာရပါတယ်။ ဒုတိယ စမ်းသပ်ချက်ဖြစ်တဲ့ ဟော်မုန်းပါ မွှေးနံ့ပေးရုံနဲ့ သူတို့မှာ ဟော်မုန်းနိုးထမှု သိသာလောက်အောင် ဖြစ်မလာတာလည်း သိခဲ့ရပါတယ်။ အရင်ကတော့ ကျနော်တို့ သိထားခဲ့တာ လူသားအချင်းချင်းမှာပဲ တဦးနဲ့တဦး မျက်လုံးချင်း စကားပြောတယ်။ အကြည့်ချင်း သဘောနားလည်တယ်လို့ ထင်ခဲ့ပေမယ့် သိပ္ပံနည်းကျကျ လေ့လာမှုတွေအရတော့ ဟော်မုန်းအပြောင်းအလဲနဲ့အတူ ခွေးလေးတွေကလည်း အကြည့်ကနေ သူတို့ကို သခင်တွေ ချစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိတာ သိလာခဲ့ရပါတယ်။ ဒါဟာ ခွေးလေးတွေနဲ့ ကျနော်တို့အကြားက သံယောဇဉ်ဖြစ်တည်မှုအကြောင်းကို သေသေချာချာ သိလာစေတဲ့ အချက်တချက်ဖြစ်ပါတယ်လို့ အခု လေ့လာချက်ကို ပါဝင်လုပ်ဆောင်ခဲ့ပြီး Live Science မှာ ဖော်ပြခဲ့တဲ့ Duke University က ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ လေ့လာရေးသမားတဦးဖြစ်တဲ့ Evan MacLean က ပြောပါတယ်။ သူတို့ဟာ ဒီလိုမျိုး အကြည့်ကနေတဆင့် အကြိမ်ကြိမ် လူတွေ(သခင်)ဆီကနေ ချစ်ခြင်းမေတ္တာကိုရအောင် ယူနိုင်၊ စေ့ဆော်မှု လုပ်ဆောင်ကြပါတယ်။ ဒါကြောင့် ခွေးလေးတွေနဲ့ အနေများတဲ့ သခင်တွေက သူတိ့ု ခွေးတွေကို ပိုပြီး ချစ်တတ် သံယောဇဉ် ထားတတ်ကြတာပါလို့ သူက ဆက်ပြောပါတယ်။ ဒါဆိုရင်တော့ အနေနီးတာထက် မျက်လုံးအကြည့်တွေကနေ ညှို့အားပြင်းပြင်းနဲ့ ချစ်ခြင်းမေတ္တာကို ဖန်တီးယူတတ်ခြင်းဟာ ခွေးလေးတွေရဲ့ Super Power စစ်စစ်လို့ ဆိုရတော့မှာပါ။ www.rd.com တွင်ဖော်ပြထားတဲ့ This is how dogs get humans to fall in love with them, according to science ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post ခွေးတွေက သူတို့ကို သခင် ချစ်အောင် ဘယ်လိုလုပ်ကြသလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2lpoNin
via IFTTT

No comments:

Post a Comment