Friday, December 29, 2017


စစ်တွေ Waterfront စီမံကိန်း မြေကွက်များ ရောင်းချတော့မည် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားနိုင်ငံအခြေစိုက် BXT International ကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်သည့် စစ်တွေမြို့ မြစ်ကမ်းတလျှောက်ရှိ Sittwe Waterfront ပရောဂျက်စီမံကိန်းမှ မြေကွက်များကို လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ရောင်းချသွားမည် ဖြစ်ကြောင်း ယင်းစီမံကိန်းမိတ်ဆက်ပွဲမှ သိရသည်။ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက “အခုဆိုရင် စီမံကိန်းက မြေဖို့ပြီး မြေကွက်ဖော်တာ ၅၀ ရာခိုင်နှုန်းပြီးသွားပြီ။ မကြာခင်ကာလမှာလည်း အရှိန်အဟုန် ရနေပြီဖြစ်တဲ့အတွက် ဆက်လုပ်သွားမှာ ဖြစ်တယ်။ လမ်းတွေ လျှပ်စစ်မီးတွေ မြေကွက်တွေကို စနစ်တကျ အကောင်ထည်ဖော်သွားမယ်။ ဖော်ဆောင်မယ့် မြေကွက်တွေကို BXT နဲ့ ကျနော်တို့ ပြည်နယ် အစိုးရက ဦးဆောင်ပြီး ရောင်းချသွားမယ်။ လာမယ့်တပတ်အတွင်းမှာပဲ ရောင်းချတော့မှာ ဖြစ်တယ်”ဟု ရန်ကုန်မြို့ Central ဟိုတယ်တွင် ပြုလုုပ်သော Sittwe Waterfront ပရောဂျက် မိတ်ဆက်ပွဲ၌ ပြောသည်။ အဆိုပါ စီမံကိန်းကို စစ်တွေမြို့ရှိ မြစ်ကမ်းတလျှောက်တွင် စင်ကာပူနိုင်ငံ၏ နည်းပညာကို အသုံးပြု၍ အကောင်အထည် ဖော်ခြင်း ဖြစ်ပြီး ယခုရောင်းချမည့် မြေကွက်များ ကိုလည်း ပြည်နယ်အစိုးရမှ ဂရမ်မြေထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ဝန်ကြီးက “ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ ဒီစီမံကိန်းရဲ့ အကျိုးအမြတ်က ၃၀ ရာခိုင်နှုန်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ဟာက BXT International ကုမ္ပဏီက ရတာဖြစ်ပါတယ်။ ပြည်နယ်အစိုးရက လုပ်ပေးရတဲ့ အပိုင်းကတော့ MIC ကနေ ခွင့်ပြုချက်ရပြီး ဥပဒေ၊ နည်းဥပဒေပိုင်းတွေနဲ့ ပေးရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ကျန်တဲ့ နည်းပညာပိုင်းတွေ ငွေကြေးအရင်းအနှီးတွေ လုပ်ဆောင်တဲ့ ဈေးကွက်ကအစ ကုမ္ပဏီဘက်က ကျခံတာဖြစ်ပါတယ်”ဟု ပြောကြားသည်။ iMyanmar House.comm ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ” ကျနော်တို့က ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့ ၂ ရက်ကို ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ အခု ဖော်ဆောင်ထားတဲ့ မြေကွက်တွေကို ရောင်းချ မှာဖြစ်တယ်။ ဒီလိုရောင်းချတဲ့ နေရာမှာ ဒေသခံတွေကို ဦးစားပေး ရောင်းချ သွားမယ်။ ပြီးတော့မြေသားအတိုင်းရောင်းချ မှာလည်း ဖြစ်ပါတယ်။ နောက်ပြီး စုပေါင်းအိမ်ရာတေ ွလည်း ပါတဲ့အတွက် ၁ နှစ်ကနေ ၂ အထိ အရစ်ကျရောင်းချမှာ ဖြစ်တယ်”ဟု ပြောသည်။ ယင်းစီမံကိန်းထဲ၌ စုပေါင်းအိမ်ရာ၊ လက်လီလက္ကားဈေးကွက်၊ အလယ်အလတ်ရှိသော ကွန်ဒိုမီဒီယမ်များ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကုန်သွယ်မှုစီးပွားရေးဇုန်၊ ငါးစက်ရုံများနှင့် အပန်းဖြေနေရာများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ဦးနေမင်းသူက “စစ်တွေမြို့ရဲ့ မြေဈေးက အခုလက်ရှိပေါက်ဈေးဆိုရင် ၁ စတုရန်း ၁ ပေ ပတ်လည်ကို ငွေကျပ် ၁ သိန်းကနေ ၂ သိန်းကျပ်အထိရှိတယ်။ ဒါပေမယ့် အခုဖော်ဆောင်တဲ့ မြေဖို့စီမံကိန်းက မြေကတော့ ကျပ်သောင်းဂဏန်းလောက်နဲ့ ရောင်းချမှာ ဖြစ်တယ်”ဟု ရှင်းပြသည်။ Sittwe Waterfront စီမံကိန်းသည် လက်ရှိတွင် ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအကုန်တွင် စီမံကိန်းပြီးစီးရန် မျှော်မှန်းထားကြောင်း BXT International ကုမ္ပဏီ ဥက္ကဋ္ဌ Mr.Steve Park က ပြောသည်။ Mr.Steve Park က “ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ ရေမြောင်းနဲ့ ဓာတ်တိုင်တွေ ပါဝင်မှာ ဖြစ်တယ်။ အဆင့်မီ မြို့တော်တခု အဖြစ်ပေါ်လာတာကြောင့် လာရောက်နေထိုင်တဲ့သူတွေ ရင်းနှီးမြှုပ်နှံတဲ့ သူတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ ရရှိစေပါတယ်”ဟု ပြောသည်။ စီမံကိန်းဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးအတွက် EIA, SIA ခေါ်သော သဘာ၀ ပတ်ဝန်းကျင် အဖွဲ့ဖြစ်သည့် ကိုရီးယားနိုင်ငံမှ ကုမ္ပဏီတခ ုဖြစ်သော ကောင်းကျော်စိန် အင်ဂျင်နီယာ ကုမ္ပဏီမှ စနစ်တကျ လေ့လာပြီး စစ်တမ်း ကောက်ယူခဲ့ကြောင်း သိရသည်။ မြေဖို့မြေယာ စီမံကိန်းလုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှ စ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)မှ ခွင့်ပြုချက် ရရှိခဲ့ပြီး ယင်းသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ သန်းကျော် ကုန်ကျသော စီမံကိန်းတခု ဖြစ်သည်။ The post စစ်တွေ Waterfront စီမံကိန်း မြေကွက်များ ရောင်းချတော့မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2pQ5bZs
via IFTTT

No comments:

Post a Comment