Sunday, December 31, 2017

7Day News Journal

နာမည်ကြီးရေးထက် ပြည်သူ့မျက်ရည်သုတ်ပေးရေးက အဓိကဟု ဒီချုပ်ဗဟိုကော်မတီ သဘာပတိပြော ဒီချုပ်ပါတီဝင်များအနေ ဖြင့် ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော် ကြားလိုမှု၊ နာမည်နှင့်နေရာရလို မှု၊ အုပ်စုဖွဲ့ခွဲခြားလိုမှုများကို ဆန့် ကျင်ကန့်ကွက် တိုက်ဖျက်ရမည် ဖြစ်ပြီး ပါတီတွင်း၌ ထိုသို့ စိတ် ထားမျိုးရှိနေပါက အခြားသူများ ကိုလည်း ပြည်ထောင်စုစိတ်ဓာတ် မွေးမြူရန် တိုက်တွန်း၍ရမည်မ ဟုတ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြော ကြားသည်။ ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ် ၌ ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပထမဗဟိုကော်မတီ အဋ္ဌမ အကြိမ် အစည်းအဝေးတွင် သဘာ ပတိအဖြစ် အဖွင့်အမှာစကား ပြောကြားစဉ် ၎င်းကထည့်သွင်း ပြောကြားခြင်းဖြစ်သည်။ ‘‘ငါနဲ့ငါ့အုပ်စုနေရာရရေး၊ နာမည်ရရေး၊ ထင်ပေါ်ကျော် ကြားရေးကို သွားမလား၊ ပြည်သူ လူထုရဲ့ နေ့စဉ် ဘဝကျကျနနဖြစ် ရေးကို အဓိကထားမလားဆိုတာ အဖွဲ့ချုပ် အောက်ခြေအဖွဲ့ဝင်များ ကနေ ဦးဆောင်တဲ့ နေရာမှာရှိတဲ့ အဖွဲ့ဝင်များအထိကို ပြန်မေးရ မယ့် မေးခွန်းဖြစ်ပါတယ်။ မိမိ ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ရာ မှာ အသုံးပြုရမယ့် အချက်ဖြစ်ပါ တယ်’’ ဟု ဒေါက်တာအေးဇံက ပြောသည်။ ထို့အပြင် လက်ရှိနိုင်ငံအ တွင်း နိုင်ငံရေးအရ အရေးကြီး သည့် ရာထူးတာဝန်များထမ်း ဆောင်နေသူ အချင်းချင်း သတ္တိ ရှိရှိ၊ ယုံယုံကြည်ကြည်ဖြင့် လက် တွဲဆောင်ရွက်ရန်နှင့် တိုင်းရင်း သားအချင်းချင်း သည်းခံစိတ်ဖြင့် ရိုင်းပင်းကူညီရန်လိုကြောင်း ၎င်း ကတိုက်တွန်းသည်။ ‘‘မိမိတို့ဂုဏ်သိက္ခာ၊ နာမည် ကျော်ကြားဖို့ထက် ပြည်သူလူထု ရဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည် ကိုသုတ်ပေးဖို့ အဓိကစေတနာ ထားရပါလိမ့်မယ်’’ ဟု ဒေါက်တာ အေးဇံက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပထမဗဟိုကော်မတီ အဋ္ဌမ အကြိမ် အစည်းအဝေးကို ဒီဇင် ဘာ ၃၀ ရက်မှ ၃၁ ရက်အထိနှစ် ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။ ယင်းအစည်းအဝေးသို့ ဒီချုပ်ပါတီ နာယက သူရဦးတင်ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဦး ဝင်းထိန်၊ ဦးဉာဏ်ဝင်းစသည့် ပါ တီဗဟို အလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင်များ တက် ရောက်ခဲ့သည်။ ဒေါက်တာအေးဇံက အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အရေး ဆောင်ရွက်မှု များ၊ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေး၊ စီးပွားရေး၊ လယ်ယာမြေ အရေး စသည်တို့နှင့်ပတ်သက်၍ ထည့်သွင်းပြောသည်။ ▪️ရခိုင်ပြည်နယ်အရေး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သည့် ပြည် ထောင်စု အစိုးရအဖွဲ့အနေဖြင့် စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှု ရှိသည့် ဖယ်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းနေချိန်တွင် စိန်ခေါ်မှုများ စွာ ရင်ဆိုင်နေရပြီး ရခိုင်ပြည်နယ် အရေးသည် ကြီးမာသည့် စိန်ခေါ် မှုကြီး ဖြစ်လာကြောင်း အစည်း အဝေးသဘာပတိကပြောသည်။ ရခိုင်ပြည်နယ် ပြဿနာ သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွား နေသော အခြားကိစ္စများနှင့်မတူ ဘဲ တစ်မူထူးခြားသည့် ပြဿနာ ဖြစ်ကြောင်း ၎င်းကဆိုသည်။ ‘‘မိမိဒေသတွင်းက လိုအပ် ချက်များ၊ မကျေနပ်ချက်များ ကြောင့် ဖြစ်ပွားလာတဲ့ ပြဿနာမ ဟုတ်ဘဲ ကျွန်တော်တို့ အားလုံးမှီ တင်းနေထိုင်တဲ့ အသိုင်းအဝိုင်းကို လာရောက်ထိပါးတဲ့၊ အချုပ်အ ခြာအာဏာကို ဝင်ရောက်စွက် ဖက်လိုတဲ့ကိစ္စ ဖြစ်တယ်ဆိုတာ အားလုံးနားလည်ဖို့ လိုပါတယ်’’ ဟု ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်၍ ဒေါက်တာအေးဇံက ပြောကြားသည်။ ရခိုင်ပြည်နယ်အကြမ်းဖက် ခံရမှုကို အစိုးရနှင့် တပ်မတော်တို့ လက်တွဲဖြေရှင်းခဲ့ရပြီး ပြည် ထောင်စုအစိုးရအနေဖြင့် ရခိုင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား များကိုသာမက ကိုးကွယ်ယုံကြည် မှု မတူညီသော အခြားဘာသာဝင် များကိုပါ တစ်ပြေးညီ ကာကွယ် စောင့်ရှောက်နေကြောင်း ၎င်းက ပြောကြားသည်။ ‘‘ရခိုင်ပြည်နယ်မှာရှိတဲ့ လူ မျိုးရေး၊ ဘာသာရေးအရ ကွဲပြား ကြတဲ့ ဒေသခံအသီးသီးကလည်း မြန်မာနိုင်ငံမှာရှိတဲ့ တခြားတိုင်း ရင်းသား ပြည်သူလူထုနဲ့ ရင်းနှီး ချစ်ကြည် သစ္စာစောင့်သိပြီး ပူး ပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါ တယ်’’ ဟု ဒေါက်တာအေးဇံက တစ်ဆက်တည်း ပြောသည်။ ထို့အပြင် ရခိုင်ပြည်နယ် တွင် ဖြစ်ပွားသည့် ပြဿနာများ ကြောင့် နိုင်ငံအတွင်း အစွန်း ရောက်စေသော အတွေးအခေါ်၊ အမူအကျင့်များ ထွန်းကားမလာ စေရန်နှင့် အစွန်းရောက်အတွေး အခေါ်များ ပပျောက်သွားစေရေး ဆောင်ရွက်ရန် လိုအပ်သည်ဟု ဆိုသည်။ ‘‘ကျွန်တော်တို့ နိုင်ငံအတွင်း မှာ အစွန်းရောက်တဲ့အတွေးအ ခေါ်၊ အမူအကျင့်တွေကို ဖယ်ရှား ပစ်ရမှာဖြစ်သလို ကမ္ဘာ့နိုင်ငံများ အနေနဲ့လည်း နိုင်ငံတစ်နိုင်ငံရဲ့ အရေးကို ပါဝင်ဆောင်ရွက်တဲ့အ ခါမှာ အဆိုပါနိုင်ငံရဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ စိတ်ခံစားချက် များကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ပြောကြားလိုပါ တယ်’’ ဟု ပြောကြားသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ် ပွားခဲ့သည့် ပြဿနာများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက် စေခဲ့၍ အလားတူဖြစ်စဉ်များ ထပ်မံမပေါ်ပေါက်လာစေရန် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဟု ဒေါက်တာအေးဇံက ဆိုသည်။ ‘‘နိုင်ငံရေးမှာ ပါဝင်ဆောင် ရွက်နေကြသူများ တိုင်းပြည်အာ ဏာရရှိရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေကြသူများ၊ အရပ်ဘက်အ ဖွဲ့အစည်းများ၊ လက်နက်ကိုင် ခေါင်းဆောင်အားလုံးကို မေတ္တာ ရပ်ခံချင်ပါတယ်။ ရခိုင်သူ၊ ရခိုင် သားတွေရဲ့ အပြုံးပန်းက လူကြီး မင်းတို့ မျှော်လင့်တဲ့အာဏာထက် ပိုချိုမြပါတယ်’’ ဟု ၎င်းက ပြော သည်။ ▪️မွန်ပြည်နယ်အရေး မွန်ပြည်နယ်တွင် လက်နက် ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှု မရှိသလောက် နည်းပါးသော် လည်း ငြိမ်းချမ်းရေးကို ဦးတည် သော ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုမရှိသေး၍ ဖွံ့ဖြိုးတိုး တက်သည့် ပြည်နယ်တစ်ခု ဖြစ် မလာသေးကြောင်း ဒေါက်တာ အေးဇံက ဆိုသည်။ ထို့ကြောင့် မွန်ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေး မွန်ပြည်နယ် အတွင်းရှိ ပြည်သူလူထုများ၊ ဒီချုပ် ပါတီဝင်များ၊ အခြားနိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ လက်နက်ကိုင် အင်အားစုများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပြီး နိုင်ငံရေး ဆွေးနွေးပွဲများတွင် တွေ့ ဆုံနိုင်ရန် မျှော်လင့်ကြောင်း၎င်းက ပြောသည်။ ▪️စီးပွားရေး ကမ္ဘာ့စီးပွားရေး နှေးကွေး လာမှုအပါအဝင် အခြားသော အ ကြောင်းများကြောင့် မြန်မာ့စီးပွား ရေး နှောင့်နှေးနေချိန်တွင် ရခိုင် ပြည်နယ်ပြဿနာ ပေါ်ပေါက်လာ ၍ပိုမိုယိမ်းယိုင်ခဲ့ရသည်ဟု ဒေါက်တာအေးဇံက သုံးသပ်သည်။ ရေရှည်တည်တံ့သော ငြိမ်း ချမ်းရေးရရှိမှ ပြည်သူတစ်ဦးချင်း ၏ ဘဝပိုမိုကောင်းမွန်လာမည် ဖြစ်သော်လည်း ငြိမ်းချမ်းရေး တည်ဆောက်နေချိန် တစ်ပြိုင် တည်းမှာပင် လူမှုစီးပွားရေး ကောင်းမွန်ရေးကိုလည်း အထူး ကြိုးပမ်းရန်လိုကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် နိုင်ငံရေးဝန်ထမ်း များ၊ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် အစိုးရစီမံကိန်းများ ကို နီးစပ်ရာသို့ လုပ်ပိုင်ခွင့်ပေး သော အလေ့အကျင့်ကိုဖျောက်၍ လူငယ်များနှင့် စီးပွားရေးလုပ်ငန်း ရှင်များ နည်းစနစ်တကျ လုပ်ကိုင် နိုင်မည့် စီးပွားရေးအခွင့်အလမ်း များ ဖန်တီးပေးရန်လိုကြောင်း ပြောသည်။ အပြန်အလှန်အားဖြင့် စီး ပွားရေးလုပ်ငန်းရှင်များအနေဖြင့် လည်း နီးစပ်မှုဖြင့် ရရှိလာသည့် အစိုးရစီမံကိန်းများအပေါ် မှီခို၍ စီးပွားရှာသည့် အလေ့အထကို စွန့်လွှတ်၍ စွန့်ဦးတီထွင်သည့် လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ရာ နယ်ပယ်အလိုက် လုပ်ငန်းရှင်များ ဖြစ်အောင် ကြိုးပမ်းသင့်ကြောင်း ဒေါက်တာအေးဇံက ဆိုသည်။ တရုတ်နိုင်ငံ၏ ONE BELT ONE ROAD စီမံကိန်းနှင့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းနယ်နိမိတ်များတွင် မြန်မာနိုင်ငံသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေ သဖြင့် နိုင်ငံတကာနှင့် စီးပွားရေး အရပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ် ရှိပြီး ယင်းအတွက် ကြိုတင်ပြင် ဆင်ရန်နှင့် မျိုးဆက်သစ်လူငယ် များကို လက်တွဲခေါ်ရန် လို ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။ ဒီချုပ် ပထမဗဟိုကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ် များနှင့် လွှတ်တော်ဥက္ကဋ္ဌများ၊ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ နှင့် အရန်ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ ကော်မတီအလိုက် အစီရင်ခံစာ များ တင်သွင်းခဲ့သည်။ ဒုတိယနေ့တွင် ယင်းအစီရင်ခံစာများနှင့် ပတ်သက်၍ ဗဟိုကော်မတီဝင်များက ပြန်လည်ဆွေးနွေးခြင်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရှင်းလင်းခြင်း၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ ဆောင်ရွက်မည်ဖြစ် သည်။
Source : http://ift.tt/2CtgNo0
via IFTTT

No comments:

Post a Comment