ကျေးလက်အိမ်ခြေ ရှစ်သောင်းကျော် လျှပ်စစ်မီးရမည် ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ယခုဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း ၁၃၃၀ ခန့်ရှိ အိမ်ခြေရှစ်သောင်းကျော်တွင် လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ၊ ပြည်သူ့ထည့်ဝင်ငွေနှင့် အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်နေကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပထမစီမံကိန်းမှာ ပြီးစီးလုနီးပါးရှိနေပြီဖြစ်သဖြင့် ယခုနှစ်တွင် တစ်အိမ်သုံး ဆိုလာစနစ်နှင့် အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်များ အကောင်အထည်ဖော်ပေးခြင်းမှတစ်ဆင့် ကျေးရွာပေါင်း ၁၃၃၀ ခန့်ကို လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားကြောင်း နေပြည်တော်၌ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောကြားသည်။ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းသည် ၂၀၁၆ မှ ၂၀၂၀ ငါးနှစ်တာကာလအတွင်း လျှပ်စစ်မီး မရရှိသေးသည့် မဟာဓာတ်အားလိုင်းမှ ၁၀ မိုင်ကွာ ဝေးကာလာမည့် ၁၀ နှစ်အတွင်း လျှပ်စစ်မရရှိနိုင်သေးသည့် ကျေးရွာများကို ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်များ တပ်ဆင်ပေးသည့် ကျေးရွာများအတွက် အသုံးပြုသည့်ငွေများမှာ ပြည်သူ့ အချိုးကျ ထည့်ဝင်ငွေဖြင့်လည်းကောင်း၊ အသေးစားဆိုလာ ဓာတ်အားပေးစနစ်အတွက် ကုန်ကျစရိတ်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စိုက်ငွေ ၆၀ ရာခိုင်နှုန်းအပါအဝင် ကုမ္ပဏီနှင့် ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် လည်ပတ်နေကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စီမံကိန်း ငါးနှစ်အတွင်း ဆောင်ရွက်မည့် လျာထားချက်မှာ တစ်အိမ်သုံးဆိုလာစနစ်အတွက် ကျေးရွာပေါင်း ၅၁၀၀ ကျော်နှင့် အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် ကျေးရွာစုစုပေါင်း ၃၆၀ ရွာတွင် ဆောင်ရွက်မည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်ချေးငွေအပြင် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီပေးအပ်ငွေများလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ “အရင်ကတော့ ကိုယ့်ဟာကို ဆိုလာစနစ်နဲ့ မီးပေးမယ်ဆိုပြီး စဉ်းစားထားကြတာ။ ပြည်သူတွေဆီက ပိုက်ဆံကောက်တယ်ဆိုရင် သူတို့ရဲ့ပစ္စည်းကို ပိုပြီး တန်ဖိုးထားမယ်လေ။ အဲဒီအစီအစဉ်အနေနဲ့ ပြည်သူဆီက ပစ္စည်းရဲ့ ၁၀ ရာခိုင်နှုန်းကို ငွေကောက်ခံထားတာပါ” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Source : https://goo.gl/CKRqry
via IFTTT
No comments:
Post a Comment