လိင်အင်္ဂါပြောင်းထားတဲ့ ဇာတ်ရုပ်နဲ့ တွေ့ရမယ့် ကျော်ကျော်ဗို ========== ဗီဒီယိုမရိုက်ဖြစ်သည် မှာ တစ်နှစ်ခွဲခန့် ကြာပြီဖြစ်သည့် ကျော်ကျော်ဗိုက ရုံတင်ကားများ ဆက်တိုက်ရိုက်ဖြစ်နေပြီး လက် ရှိတွင် ဗရမ်းဗတာဆိုသော ရုပ် ရှင်ကား၌ လိင်အင်္ဂါပြောင်းထား သည့်ဇာတ်ရုပ်ဖြင့် ပထမဆုံးအကြိမ် သရုပ်ဆောင်ထားကြောင်း ပြောကြားသည်။ ‘‘ကိုကြံ့က ဒီထဲမှာယောက်ျားဘ၀ကို စိတ်နာပြီး မိန်းမဘ ၀ပြောင်းလိုက်တဲ့လူတစ်ယောက် အနေနဲ့ သရုပ်ဆောင်ထားတယ်။ မိန်းမလျာကာရိုက်တာမျိုး လုပ် ဖူးတယ်။ မိန်းမလျာကတော့ အက်တင်ကို အိုဗာလုပ်ရတယ်။ မိန်းမတစ်ယောက်ပုံစံကျတော့ အက်တင်ကိုနည်းနည်းလေး ပြန် ထိန်းရတာပေါ့။ တစ်ကားလုံးနဲ့ ၇၀ ရာခိုင်နှုန်းလောက်ကတော့ မိန်းမတစ်ယောက်ရဲ့ ကာရိုက် တာ၊ ရှေ့ပိုင်း ၃၀ ရာခိုင်နှုန်း လောက်ကတော့ ယောက်ျားတစ် ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ထားတယ်’’ဟု ကျော်ကျော်ဗိုက ပြောသည်။ ဗရမ်းဗတာဇာတ်ကားအ တွက် လိုအပ်သည့် အမျိုးသမီး ဖက်ရှင်နှင့် Accessories များကို ဇနီးကစီစဉ်ပြီး မိတ်ကပ်ကို ဒီဇင် ဘာနှင်းက ဖန်တီးပေးသည်ဟု ဆိုသည်။ လာမည့်ဩဂုတ်တွင် နှင်း ဆီအဖွဲ့နှင့် ရိုက်ကူးမည့် Rose Rider ဇာတ်ကားအတွက် တစ် ကားလုံးစာ ပျမ်းမျှကုန်ကျစရိတ် အနေဖြင့် ခန့်မှန်းခြေကျပ်သိန်း ၃,၀၀၀ နှင့် ၄,၀၀၀ ရှိပြီး ဆိုင် ကယ်တန်ဖိုးကုန်ကျစရိတ်တစ် ခုတည်း ကျပ်သိန်း ၉၀၀ ကျော် ရှိကြောင်း အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ ပြောကြားသည်။ ‘‘ဆိုင်ကယ်ကို တောက် လျှောက်ပြင်ဆင်နေတယ်။ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ဆိုင် ကယ် Community က မိတ်ဆွေ တွေကလည်း အရမ်းကို အား တက်သရောကူညီကြတယ်။ သူ တို့ကူညီလို့လည်း ဒီလောက်အ ခြေအနေကို ရောက်တာပါ။ ဇာတ်ကားမှာစီးမယ့် ဆိုင်ကယ်တွေက အပြင်မှာစီးမယ့် ဆိုင်ကယ်မျိုး ထက်ပိုပြီး Modified လုပ်ပြီး ကွန့် ရတာပေါ့။ ကိုကြံ့စီးမယ့်ဟာနဲ့ နေတိုးစီးမယ့်ဟာက အရင်စ၀ယ် လိုက်တာ နေပြည်တော်ကပေါ့။ ၀ယ်ပြီးတဲ့အချိန်မှာ ကားရိုက်ရ အောင်ဖြစ်သွားတာ တစ်စီးလုံး ပြင်လိုက်တာက ထွန်းထွန်းနဲ့ မင်း မော်ကွန်းစီးမယ့် ဆိုင်ကယ်တွေ ပေါ့။ ရဲလေးစီးမယ့်ဟာကတော့ ဘော်ဒီပိုင်းကို မပြင်ဘူး။ ဘေးက Accessories တွေပဲ ပြင်မှာပါ။ တစ်ကားလုံးပျမ်းမျှကုန်ကျစရိတ် အနေနဲ့ ကိုကြံ့ထင်တယ်။ သိန်း၃,၀၀၀ နဲ့ ၄,၀၀၀ ခန့် လောက် ဖြစ်သွားမယ်’’ဟု ပြောကြားသည်။ နှင်းဆီအဖွဲ့အနေဖြင့် ပရိ သတ်ကို အငြိမ့်တစ်မျိုးတည်း ကပြ ဖျော်ဖြေခဲ့ရာ ရုပ်ရှင်နှင့်ပတ် သက် ပြီး ပထမဆုံးအကြိမ် တင်ပြသည့်အပိုင်း၌ အသစ်အဆန်း ကြည့်စေချင်၍Rose Rider ဇာတ်ကားကို အကုန်အကျခံရိုက် ကူးမည်ဖြစ်ပြီး ပြန်ရမည့်အကျိုးအ မြတ်အတွက် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပြဿနာမရှိ ကြောင်း ကျော်ကျော်ဗိုက ပြော သည်။ နိုင်ငံခြားခရီးစဉ်များအနေ ဖြင့် ဥရောပဘက်သို့ ရက် ၂၀ ကြာခရီးသွားပရိုဂရမ်အတွက် သွားရောက်လေ့လာရန်ရှိပြီး စက်တင်ဘာတွင် နှင်းဆီအဖွဲ့နှင့်အ တူ အမေရိကသို့ ဖျော်ဖြေရေး သွားရန်ရှိကြောင်း ၎င်းကပြော သည်။
Source : http://ift.tt/2ryIZSS
via IFTTT
No comments:
Post a Comment