Sunday, June 4, 2017

BBC Burmese

လန်ဒန်တိုက်ခိုက်မှု သေဆုံးသူ ၇ ယောက်ရှိပြီ စနေည ၁၀ နာရီကျော်က လန်ဒန်မြို့လယ်က လန်ဒန်တံတားပေါ်နဲ့ တံတားအနီးကို လူတစ်စုက တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၆ ဦးသေဆုံးခဲ့ပါတယ်။ အကြမ်းဖက်သူအဖြစ် သံသယရှိသူ ၃ ဦးကိုလည်း ရဲက အသေပစ်သတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လန်ဒန်တံတားပေါ်မှာ တစ်နာရီ မိုင် ၅၀ နှုန်းလောက်နဲ့ မောင်းလာတဲ့ ဗင်ကားက လူတွေကို ဝင်တိုက်ခဲ့ပြီးနောက် ကားပေါ်က ဆင်းပြီး ဓားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူတွေက ဖောက်ခွဲရေးအတွင်းခံအင်္ကျီလိုမျိုး ပုံစံလုပ်ပြီး ဝတ်ဆင်ထားတယ်လို့ ရဲက ပြောပါတယ်။ ဒဏ်ရာရသူ ၄၈ ဦးကိုလည်း ဆေးရုံ ၅ ခုမှာ တင်ထားပါတယ်။ ဝန်ကြီးချုပ်ထရီဆာမေဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အရေးအပေါ်ဝန်ကြီးများအစည်းအဝေးခေါ်ယူ ကျင်းပနေပါတယ်။ ဇွန်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ဗြိတိန်က အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေကိုလည်း ပါတီတွေက ရပ်ဆိုင်းထားပေမယ့် ရွေးကောက်ပွဲ ရက်ရွှေ့ဖို့တော့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ #ဘီဘီစီမြန်မာပိုင်း http://ift.tt/2rFldEX
Source : http://ift.tt/2rFldEX
via IFTTT

No comments:

Post a Comment