Saturday, June 3, 2017

Myanmaalinn

တရုတ်အမျိုးသားနှင့် အဓမ္မထိမ်းမြားပေးစားရန် စီစဉ်သူများအား လူကုန်ကူးမှုဖြင့်အမှုဖွင့် ================ နေပြည်တော် ဇွန် ၂ မူဆယ်မြို့ မန့်ဝိန်းရပ်ကွက် ဖူးတည်းခိုခန်း ၌မသင်္ကာသူများ ရောက်ရှိတည်းခိုနေ ကြောင်းသတင်းအရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှ ရဲအုပ် အောင်မျိုးထွဋ်နှင့် ပူးပေါင်းအဖွဲ့ သွားရောက်စစ်ဆေးရာ မသက်သက် (ခ)မချစ်ချစ်နှင့် အမျိုးသမီးငယ်နှစ်ဦး စုစုပေါင်း သုံးဦးအား တွေ့ရှိရ၍ တပ်ဖွဲ့စုရုံးသို့ ခေါ်ယူမေးမြန်းခဲ့ရာ မသက်သက်(ခ)မချစ်ချစ်မှာ အမျိုးသမီး ငယ်များအား တရုတ်အမျိုးသားအား ယူရန် စည်းရုံးခေါ်ဆောင်လာကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မသက်သက် (ခ)မချစ်ချစ်ပါ လေးဦးအား မူဆယ်မြို့မ ရဲစခန်း၌ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေဖြင့် အရေးယူခဲ့သည်။ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် အမ်းမြို့ နေသူ မ------နှင့် မ-------တို့ညီအစ်မနှစ်ဦး အား မသက်သက်(ခ) မချစ်ချစ်ပါ လေးဦးက တရုတ်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ များတွင် အလုပ်ရှိကြောင်း၊ အလုပ်မလုပ် ချင်၍ တရုတ်အမျိုးသားအားယူပါက ငွေကျပ် ၁ဝ သိန်း$ရရှိမည်ဖြစ်ပြီး ငွေကို မိဘများထံ ပို့ပေးမည်ဖြစ်ကြောင်း၊ တရုတ်အမျိုးသားနှင့် သုံးနှစ်ပေါင်းပြီးပါ က နေရပ်သို့ပြန်လာ၍ရကြောင်း စည်းရုံး ပြောဆိုသဖြင့် သဘောတူခဲ့ကြောင်း၊ ထို့အပြင် ညီမဖြစ်သူ မ------ကိုလည်း တရုတ်နိုင်ငံရှိ စပျစ်ခြံ၊ ပန်းသီးခြံတို့တွင် အလုပ်လုပ်ပါက တစ်နှစ်လျှင် ငွေကျပ် ၁ဝ သိန်းရမည်ဟု စည်းရုံးပြောဆိုခဲ့ပြီး¤င်းတို့အား မေ ၂ ၄ ရက်က အမ်းမြို့ ကားဂိတ်မှ မူဆယ်သို့ မသက်သက်(ခ) မချစ်ချစ်က ခေါ်ဆောင်ခဲ့ပြီး မူဆယ်မြို့့ ဖူးတည်းခိုခန်းသို့ ရောက်ရှိခဲ့ကြောင်း မေးမြန်းသိရှိရသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ရခိုင်ပြည်နယ် အမ်းမြို့့နေသူ မ-----နှင့် မ-----တို့နှစ်ဦးကို တရုတ်အမျိုးသားများ နှင့် လက်ထပ်ရန် စည်းရုံးပြောဆိုခဲ့သည့် မသက်သက်(ခ) မချစ်ချစ်ပါ လေးဦးအား မူဆယ်မြို့့မရဲစခန်းက အမှုဖွင့် အရေးယူ ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)
Source : http://ift.tt/2sotYBn
via IFTTT

No comments:

Post a Comment