ဘီယာအသောက်များရင် ကြုံရမယ့် နောက်ဆက်တွဲဆိုးကျိုးများ ဘီယာဆိုတာ ယမကာ အမျိုးအစားတခုလို ဆိုနိုင်ပေမယ့် အရက်လောက်တော့ လူကို အကျိုးသက်ရောက်မှု၊ ကျန်းမာရေး ထိ ခိုက်မှု မရှိစေနိုင်တာကြောင့် လူတချို့ အရက်အစား ဘီယာကိုပဲ သောက်သုံးလေ့ရှိတာ တွေ့ရပါတယ်။ ဘီယာမှာ အယ်ကိုဟောဓာတ် ပါရှိမှုလည်း နည်းတာကြောင့် လူကို မြန်မြန် မမူးစေနိုင်ပေမယ့် တချို့လည်း ပျော့လို့၊ ဈေးများ လို့ဆိုတဲ့ အကြောင်းတွေနဲ့ အရက်ကိုပဲ နှစ်သက်ကြတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘီယာသောက်ရင်တော့ သေချာတာက အနည်းနဲ့အများ ဗိုက်ပူ၊ ဗိုက်ထွက်လာဖို့ ရှိတယ်ဆိုတာ သင် သိ ထားပေးပါ။ ဘီယာသောက်ရင် အဆီပြင်လို အလွှာတခု ဗိုက်မှာ ရှိလာမယ်၊ သူက သင့်မှာ နဂို ရှိနေပြီးသား ဗိုက်ကြွက်သားအလှတွေကို တောင် နောက်ဆိုရင် ဖုံးသွားစေနိုင်ပါတယ်။ အကြောင်းကတော့ အူအတွင်း အဆီထိုင်မှုများခြင်းနဲ့ အစာအိမ်ဆိုင်ရာ အူတွေ ကောင်းစွာ အလုပ်မလုပ်တော့ခြင်းကြောင့်လို့ ဆိုရမှာပါ။ ဘီယာချက်လုပ်ရာမှာ သုံးတဲ့ (hops) တဆေးမှာ Phytoestrogen ဆိုတဲ ဓာတ်ပါရှိပါတယ်။ သူဟာ အမျိုးသားတွေအတွက် ကတော့ Estrogen ဓာတ် ပိုများစေပြီး ၀ လာစေချင်ပါတယ်။ အဆိုပါ တဆေးကိုပဲ အမျိုးသမီးတွေ ဓမ္မတာ မမှန်မှုအတွက် သုံးတဲ့ဆေးတွေနဲ့ ဝက်ခြံပျောက်ဆေးလို လိမ်းဆေးတွေမှာ လည်း သုံးတာ တွေ့ရပါတယ်။ ဒါပေမယ့် လိမ်းဆေးတွေမှာတော့ သက်ရောက်မှု သိပ်မရှိပေမယ့် သောက်ဆေးနဲ့ တဆေး ထည့်သွင်းချက်လုပ်ထားတဲ့ဘီယာလို အရာတွေမှာတော့ ကိုယ်ခန္ဓာကို ၀ လာစေဖို့ အခွင့်အလမ်း များလာစေတာ တွေ့ရပါ တယ်။ ဒါပေမယ့် ပညာရှင် Stephen Harrod Buhnerကတော့ ဒီလို တဆေးမှာ ပါရှိတဲ့ Phytoestrogen က အမျိုးသမီးတွေ အ ပေါ်သက်ရောက်မှုထက် အမျိုးသားတွေအပေါ်မှာ သက်ရောက်မှု ပိုများတယ်လို့ ဆိုပါတယ်။ နောက်ဆုံးရလဒ်ကတော့ ဗိုက်ခေါက်တွေ ထွက်လာမှာပဲ ဖြစ်ပါတယ်။ ဒါနဲ့ ဟုတ်ပါပြီ၊ ဗိုက်ခေါက်ထွက်လာပြီ၊ ၀ လာပြီ ဒါဆိုရင်တော့ အရင်လို ပေါ့ပါးသွက်လက်မှုအပြင် အဝလွန်ရောဂါလို နောက်ဆက်တွဲ ရောဂါပါ ဖြစ်နိုင်ခြေများလာပြီ၊ ဒီ အပြင် နောက်ထပ် ဘယ်လို ကျန်းမာရေးဆိုးကျိုး ရစေနိုင်ပါသေးသလဲ။ အဓိကအနေနဲ့ အမျိုးသားတွေကို နောက်ထပ် ဒုက္ခပေးမယ့်ကျန်းမာရေးဆိုးကျိုးတခု ရှိလာပါသေးတယ်။ အဲဒါကတော့ အမျိုးသား လိင်အင်္ဂါ မနိုးထတော့ခြင်းဖြစ်ပြီး ဒေသအခေါ်အနေနဲ့တော့ ပန်းသေရောဂါ ခံစားလာရနိုင်ပါ တယ်။ တချို့ကတော့ အရက်သောက်များပြီး လိင်စိတ်ပျောက်ဆုံးမှု ဖြစ်ပြီး ပန်းသေနိုင်တယ်ဆိုပေမယ့် ဘီယာသောက်ရင်တော့ ချက်ချင်း ပန်းသေရောဂါ ဖြစ်နိုင်ခြေ မရှိပေမယ့် မိမိအနေနဲ့ ဘီယာလည်း အမြဲသောက်တယ်၊ ဝလည်း ဝနေပြီဆိုရင်တော့ ပန်းသေရောဂါ ဖြစ်နိုင်၊ ခံစားရနိုင်ခြေ များလာပြီဆိုတာ သိထားဖို့တော့ လိုအပ်ပါပြီ။ ဒီအတွက် အရက်သောက်သုံးသူတွေ ဘီယာသမားတွေက ဝလာနိုင်ခြေ များတာကြောင့် ကိုယ်လက်လေ့ကျင့်ခန်း ပိုမို လုပ် ဆောင်ပေးသင့်တယ်လို့ ပညာရှင်တွေက အကြံပေးထားတာ တွေ့ရပါတယ်။ ကနဦး ၀ လာမယ်၊ နောက်တော့ အဝလွန်ခြင်းနဲ့ နောက်ဆက်တွဲ ရလဒ်တွေ ခံစားလာရနိုင်တာကြောင့် အရက်ထက်စာရင် ၀ လာနိုင်ခြေများစေတဲ့ ဘီယာသောက်သုံးသူတွေက လေ့ကျင့်ခန်းပုံမှန် ပိုလုပ်ပေးဖို့ သင့်တယ်လို့ ဆိုလာတာလည်း ဖြစ်ပါ တယ်။ ဟန်ချက်ညီညီ အကောင်းဆုံး ကျန်းမာရေးပုံစံအတိုင်း ဘီယာသောက်ချင်တယ်ဆိုရင်တော့ ဘီယာတခွက် သောက်ပြီးတိုင်း အားကစား လေ့ကျင့်ခန်း ၁ကြိမ် လုပ်ဖို့ မမေ့ဘဲ တရက် ဘီယာ ၂ခွက်နဲ့အထက် သောက်သူတွေကတော့ မနက်အိပ်ရာထနဲ့ ညနေ ရေမချိုးခင်တွေမှာ လေ့ကျင့်ခန်း ကောင်းကောင်း လုပ်ပေးဖို့ သင့်တယ်လို့ ဆိုပါတယ်။ www.maxim.com The post ဘီယာအသောက်များရင် ကြုံရမယ့် နောက်ဆက်တွဲဆိုးကျိုးများ appeared first on ဧရာဝတီ.
Source : http://ift.tt/2wDYcG6
via IFTTT
No comments:
Post a Comment