Thursday, September 21, 2017


ရှေ့လမှာ ပြောင်းလဲ ကောက်ခံမယ့် မီတာခနှုန်းထား မသိရသေး လာမည့် အောက်တိုဘာလတွင် ပြောင်းလဲကောက်ခံဖွယ်ရှိသည့် လျှပ်စစ်မီတာခ နှုန်းထားအသစ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနတခုတည်းက ဆုံးဖြတ်မည် မဟုတ်ဘဲ ပြည်သူအားလုံး၏ ဆန္ဒကိုယူပြီးမှ ကောက်ခံသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသော်လည်း နှုန်းထားနှင့် ကောက်ခံမည့် အစီအစဉ်အသေးစိတ်ကို ပြောကြားခြင်း မရှိပါ။ “အောက်တိုဘာမှာ ကြေညာမယ်ဆိုတာကလည်း နေ့တွေ၊ ရက်တွေတော့ အတိအကျ မရှိသေးပါဘူး။ ပြည်သူတွေရော၊ အားလုံးနဲ့ တိုင်ပင်ပြီးတော့မှ လုပ်မှာပါ။ ဝန်ကြီးဌာနက ဒီလိုဖြစ်ရမယ်၊ ဒီလိုပုံစံမလုပ်ပါဘူး” ဟု ဝန်ကြီးက ပြောသည်။ ယနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် Intended Nationally Determined Contribution ( INDC) ဆိုင်ရာ စွမ်းအင်ကဏ္ဍ အကောင်အထည်ဖော်ဆောင်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အပြီး၌ ဝန်ကြီးက သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကောက်ခံနေသော မီတာခနှုန်းထားများမှာ တယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြစ်ပြီး၊ ယူနစ် ၁၀၁မှ ၂၀၀ အထိ တယူနစ် ၄၀ ကျပ်၊ ယူနစ် ၂၀၁နှင့် အထက် အသုံးပြုပါက တယူနစ်ကို ၅၀ ကျပ်နှုန်း ကောက်ခံနေခြင်း ဖြစ်သည်။ လုပ်ငန်းသုံး အနေဖြင့် တယူနစ်ကို ၇၅ ကျပ်နှုန်း ကောက်ခံနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် လစဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောင်းလဲကောက်ခံမည့် မီတာခ နှုန်းထားအသစ်ကို လာမည့် အောက်တိုဘာလအတွင်း ထုတ်ပြန်နိုင်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် (စွမ်းအင်) ဦးဌေးအောင်က ပြောသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန် (လျှပ်စစ်) မှ ဦးစိုးမြင့်ကလည်း “အခြေခံ လူတန်းစား သုံးနိုင်တဲ့ နှုန်းကို သတ်မှတ်ဖို့ အကြမ်းဖျင်း လျာထားတယ်။ အခြေခံ လူတန်းစားသုံးတဲ့နှုန်း ၃၅ ကျပ်ကို လူတိုင်း သုံးနိုင် နေတယ်။ လူတိုင်း သုံးနိင်နေတယ်ဆိုပေမယ့် ကျနော်တို့ နိုင်ငံတော်အစိုးရက စိုက်ထုတ်နေရတယ်။ “ဒီစိုက်ထုတ်နေရတဲ့ ငွေကို လျော့သွားဖို့အတွက် လုပ်တာလေ။ ပြင်တာလေ။ ကျနော်တို့ မြတ်ဖို့အတွက် ပြင်တာ မဟုတ် ဘူး။ ပြင်တယ်ဆိုတဲ့ နေရာမှာလည်း အခြေခံလူတန်းစားကို အဓိကထားပြီး စဉ်းစားထားတာ။ အခြေခံ လူတန်းစားတွေ အဓိက တတ်နိုင်မယ့် ငွေကိုပဲ ကျနော်တို့ပြင်မယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် လစဉ်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်အတွင်း လျှပ်စစ်ပစ္စည်းပြင်ဆိုင် ဖွင့်ထားသည့် ဦးလှမောင်က “တိုးကောက်မယ်ဆိုရင်တော့ ဖိအားတခု ဖြစ်လာနိုင်တာပေါ့။ အခုတောင် တလကို ၁ သောင်းခွဲကနေ ၂ သောင်းကြားထဲ ဆောင်နေရတယ်” ဟု ဆို သည်။ The post ရှေ့လမှာ ပြောင်းလဲ ကောက်ခံမယ့် မီတာခနှုန်းထား မသိရသေး appeared first on ဧရာဝတီ.
Source : http://ift.tt/2wBSLYs
via IFTTT

No comments:

Post a Comment