ရခိုင်မြောက်ပိုင်းဒေသ ကျေးရွာများ မီးလင်းရေး ကျပ် ၅ ဘီလီယံကျော်သုံးစွဲမည် ရခိုင်မြောက်ပိုင်းဒေသ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်သုံးခုအတွင်းမှ ကျေးရွာများ ၂၀၁၈ ခုနှစ်အတွင်း လျှပ်စစ်မီး ရရှိနိုင်ရန် ငွေကျပ် ၅ ဒသမ ၇၅ ဘီလီယံ ခန့်သုံးစွဲသွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချူပ် ဦးရဲတိုးသွင်က “ ပုဏ္ဍကျွန်း၊ စစ်တွေကိုတော့ ဓာတ်အားရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ပုဏ္ဍကျွန်းကနေ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မီးလင်းဖို့ အတွက် အခုတည်းက လုပ်ငန်းစနေပါပြီ။ အစီအစဉ်အရ ရသေ့ တောင်ကို ၂၁၀၈ မတ်လနဲ့ ဘူးသီးတောင်ကို ၂၀၁၈ ဇွန်လမှာ ဓာတ်အားပို့လွှတ်နိုင်မှာ ဖြစ်ပြီး နှစ်ကုန်ပိုင်း မှာတော့ မောင်တောကို မီးရရှိအောင် စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။ သို့ဖြစ်ရာ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာ၊ ဘူးသီးတောင်မြို့နယ်မှ ကျေးရွာ ၁၁ ရွာနှင့် မောင်တောမြို့နယ်အတွင်းမှ ကျေးရွာ ၁၅ ရွာ မီးရရှိရန် အတွက် တင်ဒါခေါ်ယူကာ စတင် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် စုစုပေါင်း ၅ ဒသမ ၇၅ ဘီလီယံ ခန့် လျာထား ဆောင်ရွက်လျှက်ရှိသည်ဟု နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ မဟာဓာတ်အားလိုင်းက မီးရရှိဖို့ အတွက်ကို လွှတ်တော်မှာ မေးခွန်းမေးခဲ့ပါတယ်။ ၂၀၁၈ မှာ လုပ်ပေးပါမယ်လို့ ကတိကဝတ် ရထားတယ်။ တင်ဒါပေးထားပြီ လို့ကြားတယ်။ မြေပြင်မှာ အခုထိ လုပ်တာတော့ မတွေ့သေးဘူး။ ဆိုလိုတာက ဒီ၂၀၁၈ တနှစ် အတွင်းမှာ ဒါတွေ ပြီးနိုင်မလား။ လက်တွေ့ ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်မလဲ၊ အဲဒီ အပေါ်မှာ မူတည်ပါတယ်။” ဟု ဧရာဝတီသို့ပြောသည်။ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက နိုင်ငံတဝှမ်း မီးလင်းရေး ဆောင်ရွက်ရာတွင် တနှစ်လျှင် ငွေကျပ် ၃၃၃ ဘီလီယံ စိုက်ထုတ် သုံးစွဲကာ ဆောင်ရွက်နေသည်ဟု သိရသည်။ The post ရခိုင်မြောက်ပိုင်းဒေသ ကျေးရွာများ မီးလင်းရေး ကျပ် ၅ ဘီလီယံကျော်သုံးစွဲမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2g6JXPq
via IFTTT
No comments:
Post a Comment