Wednesday, October 4, 2017


သတင်းအမှားကြောင့် ခရီးသည်တင်လေယာဉ် အင်္ဂလန်လေတပ် လိုက်ပါစောင့်ရှောက်ပေးရ လုံခြုံရေးဆိုင်ရာ သတင်းအမှားကြောင့် လစ်သူယေးနီးယားမှ လန်ဒန်သို့ ပျံသန်းသည် Ryanair လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစီးကို လေတပ်မှ အင်္ဂလန်လေတပ်(RAF) မှ Typhoon တိုက်လေယာဉ် များက ယနေ့နေ့လည်ပိုင်းက လိုက်ပါစောင့်ရှောက်မှု ပေးခဲ့ရကြောင်း သိရသည်။ အဆိုပါ Ryanair လေကြောင်းလိုင်းမှ ယင်းခရီးသည်တင်လေယာဉ်သည် လစ်သူယေးနီးယားနိုင်ငံ ကူနက်စ်မြို့မှ လန်ဒန်မြို့ လူတန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းလာခြင်းဖြစ်ပြီး၊ ထိုသတင်း ကြောင်း လန်ဒန်မြို့ရှိ Stansted လေဆိပ်သို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရကြောင်း သိရသည်။ လစ်သူယေးနီးယား အာဏာပိုင်တွေက သံသယဖြစ်ဖွယ် လုံခြုံရေးဆိုင်ရာ သတင်းတခုကို လက်ခံ ရရှိပြီးနောက်မှာ ခရီးသည်တင်လေယာဉ်ကို ပြန်လှည့်ခဲ့ရကြောင်း Ryanair လေကြောင်းလိုင်း က လည်း ကြေညာချက် ထုတ်ပြန်သည်။ ရဲကတော့ ယခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး လေယာဉ်ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်တိုက်ခိုက် မှုလို့တော့ မယုံကြည်ကြောင်း ဆိုသည်။ The post သတင်းအမှားကြောင့် ခရီးသည်တင်လေယာဉ် အင်္ဂလန်လေတပ် လိုက်ပါစောင့်ရှောက်ပေးရ appeared first on ဧရာဝတီ.
Source : http://ift.tt/2xeSWJb
via IFTTT

No comments:

Post a Comment