ဘင်္ဂလားဒေ့ရှ်သို့သွားမည့် မွတ်ဆလင်များနှင့် ညှိနှိုင်းရာတွင် အဆင်မပြေဟု ဝန်ကြီးအဖွဲ့ ပြော ဘင်္ဂလားဒေ့ရှ်သို့ လှေစီးထွက်ခွာရန် ပင်လယ်ကမ်းစပ်သို့ ရောက်ရှိနေသည့် မွတ်ဆလင်ကျေးရွာသား များ ကို အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဝန်ကြီးအဖွဲ့ မနေ့က သွားရောက်ညှိနှိုင်းမှု ပြုလုပ်သော်လည်း အဆင်ပြေမှုမရှိကြောင်း သိရသည်။ အဆိုပါ မွတ်ဆလင်များသည် ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်နေသူများဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ဖြစ်သည့် အလယ်သံကျော် ကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် လူ ၁ထောင်ခန့် ၊ ဂေါ်ဒူသရ ကျေးရွာအနီးတွင် ပင်လယ် ကမ်းခြေတွင် ၇၀၀ခန့် ရောက်ရှိနေခြင်းဖြစ်သည်။ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က “ပင်လယ်ကမ်းခြေကို ရောက်ရှိနေတဲ့ အဖွဲ့ ၂ဖွဲ့ကတော့ ဘူးသီးတောင်ဘက်ကလာတဲ့သူတွေ၊ ဘင်္ဂလားဒေ့ရှ်သံ အမတ်ကလည်းပြောတယ် ဟိုဘက်မှာလည်း လက်မခံဘူး၊ ရှိတဲ့လူတောင် ပြန်ပို့ မယ်၊ ဟိုမှာဆိုရင် ပိုပြီး ဒုက္ခ ဆင်းရဲ ရောက်မယ်၊ သူတို့နေရာကို ပြန်ဖို့ ပြောတယ်၊ တာဝန်ရှိတဲ့ ပြည်နယ်အစိုးရတွေလည်း သူတို့ကို မူလ နေရာပြန်ဖို့ ပြောတယ်၊ လုံခြုံရေးစိတ်ချရအောင် လုပ်ပေးမယ်၊ စားဝတ်နေရေး ထောက်ပံမယ် ပြောတယ်၊ ဒါပေမယ့် သူတို့ တွေဝေနေတယ်၊ တချို့လည်း ဟိုဘက်ကိုသွားမယ် ပြန်ပို့လည်း ပြန်လာမယ်ပြောတယ်”ဟု ဧရာဝတီသို့ပြောသည်။ ဘင်္ဂလီကျေးရွာသားများက စားနပ်ရိက္ခာ အခက်အခဲ၊ မြစ်၊ချောင်း၊ တောတောင်များ၌ ရှာဖွေစား သောက်ရန် ခဲယဉ်း၍ ထွက်ခွာလိုခြင်းဖြစ်ကြောင်း၊ တဖက်နိုင်ငံသို့ သွားရန် လှေစီးခ ငွေကျပ် ၆သောင်းပေးရကြောင်း ဘူးသီတောင်မြို့နယ်လာရောက်သည့် ဘင်္ဂလီကျေးရွာသား မာမောက် ရှော်ဘီက ပြောသည်။ “ဒီကိုရောက်တာ၈ ရက်လောက် ရှိပြီ၊ ဘင်္ဂလားဘက်ကို သွားတဲ့ လူတွေလည်း ရှိတယ်။ တစ်ယောက် ကို လှေစီးခ ခြောက်သောင်းပေးရတယ်။ လှေတစီးမှာတော့ လူ ၂၀ ကျော် ဆန့်ပါတယ်။ ကျွန်တော်တို့ တောင်သွား လို့လည်း မရဘူး ၊ ချောင်းသွားလို့လည်း မရဘူး။ အပြင်မှာ ရှာစားဖို့လည်း မရဘူး ၊ အဲဒါကြောင်း ရွာကနေ ထွက်လာရတာပါ” ၎င်းကဆိုသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အလုပ်သမား လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အပါအဝင် ၊ အိမ်နီးချင်း နိုင်ငံအတွင်းမှ သံအမတ်များ ဖြစ်ကြသောဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ၊ အိန္ဒိယသံအမတ်ကြီး ၊ ထိုင်းနိုင်ငံ သံအမတ်ကြီး ၊ လာအိုနိုင်ငံ သံအမတ်ကြီးနှင့် ပြည်တွင်း ၊ ပြည်ပ သတင်းမီဒီယာများ လိုက်ပါလာသော အဖွဲ့သည် အောက်တိုဘာလ ၁၀ ရက်နေ့က ရသေ့တောင်မြို့နယ် ၊ မောင်တောမြို့နယ်များသို့ ရခိုင် ၊ ဟိန္ဒူ ၊ ဘင်္ဂလီများ စုပေါင်းနေထိုင်သော ငခူရကျေးရွာ ၊ ပန်းတောပြင်၊ အနောက်ပြင်နှင့် အကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် နေအိမ်အားလုံး မီးရှို့ခံလိုက်ရသော ခုံတိုင် မြို တိုင်းရင်းသား ကျေးရွာများသို့ သွားရောက် လေ့လာခဲ့ကြသည်။ The post ဘင်္ဂလားဒေ့ရှ်သို့သွားမည့် မွတ်ဆလင်များနှင့် ညှိနှိုင်းရာတွင် အဆင်မပြေဟု ဝန်ကြီးအဖွဲ့ ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2zfubtN
via IFTTT
No comments:
Post a Comment