Tuesday, October 3, 2017


ရန်ကုန်မြို့ရဲ့ Lifestyle ပုံစံဟိုတယ် “Hotel G Yangon” ရန်ကုန်မြို့ရဲ့ပထမဆုံး Lifestyle ပုံစံဟိုတယ် “Hotel G Yangon” ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းနဲ့ ယောမင်းကြီးလမ်းထောင့်၊ သမ္မတရုပ်ရှင်ရုံနံဘေးမှာ အသစ် ဖွင့်လှစ်ထားတာ သိရပါတယ်။ “Hotel G Yangon” ကို စက်တင်ဘာလ အတွင်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရန်ကုန်ဘူတာကြီး၊ အောင်ဆန်းကွင်း၊ သမ္မတရုပ်ရှင်ရုံ၊ ယောမင်းကြီးလမ်း၊ ဆူးလေဘုရားလမ်း၊ Ruby Mart၊ ဗိုလ်ချုပ်ဈေးစတဲ့ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာများ အနီးမှာ တည်ရှိတာ ဖြစ်ပါတယ်။ Hotel G မှာ အခန်းပေါင်း (၈၅) ခန်း ပါဝင်ပြီး ရန်ကုန်မြို့ရဲ့ မျက်စိပသာဒဖြစ်စေမယ့် ရှုခင်းမြင်ကွင်းတွေနဲ့ ကိုယ့်ရဲ့ တနေ့တာ Daily Lifestyle ကို ဖြတ်သန်းနေရသလို ပုံစံမျိုး ခံစားနိုင်အောင် Hotel G မှ အခန်းတွေကို ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ “Lifestyle ဆိုတာက ကျမတို့ အဓိက ဆိုလိုတာ ဧည့်သည်တွေ ဒီကိုလာရင် ကိုယ့်ရဲ့ Lifestyle တခုကို ဖြတ်သန်းနေရသလိုမျိုး လုံး၀ Freedom ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ် ကိုယ့်ရဲ့အိမ်လို ဖြတ်သန်းရမယ်။ Lifestyle တခုမှာဆို ကျမတို့ ကိုယ့်ရဲ့ အရောင်မျိုးစုံ ဖြတ်သန်းရတယ်။ ဝမ်းနည်းရမယ်၊ ပျော်ရမယ်၊ ငိုရမယ် အဲဒီလိုမျိုးတွေ ရှိမယ်။ အရောင်မျိုးစုံနဲ့ Lifestyle ကို ဖော်ကျူးထားတယ်” လို့ Hotel G ရဲ့ Marketing Manager, Ms.Isabel Jaquenoud က ဧရာဝတီကို ပြောပါတယ်။ ဆက်လက်ပြီး “ကျမတို့ Lobby ကို ဝင်လာရင် အရောင်စုံ တွေ့ရမယ်။ အခန်းထဲမှာဆိုရင်လည်း ကပ်ထားတဲ့ ပန်းချီတွေက အဝါ၊ အစိမ်း၊ အနီ၊ အပြာ အရောင်စုံ လုပ်ထားတယ်။ Lifestyle ဆိုတာက ကိုယ်ဖြတ်သန်း နေရတဲ့ တနေ့တာ Real Style ကို ခံစားစေချင်တာပါ” လို့ Ms.Isabel Jaquenoud က ဆိုပါတယ်။ Hotel G မှာ အခန်းများ အနေနဲ့ “Good, Great, Greater, Greatest” ဆိုပြီး အခန်းအမျိုးအစား ၄ မျိုး ရှိပြီး အခန်းရဲ့ Room Size အပေါ်မူတည်ပြီး ခွဲထားတယ်လို့ သိရပါတယ်။ ဈေးနှုန်းအမြင့်ဆုံး ဖြစ်တဲ့ “Greatest” အခန်းမှာတော့ Mini Bar နဲ့ Living Room ပါဝင်ပြီး Room Size ကလည်း ပိုကျယ်တယ်လို့ သိရပါတယ်။ “ကျမတို့ ဟိုတယ်မှာ ထူးခြားတာ ဘာရှိမလဲဆိုရင် အခန်းတွေထဲမှာ Handy Phone ထားထားပေးတယ်။ အဲဒီ Handy Phone က ဧည့်သည်အပြင်သွားရင်လည်း ယူသွားလို့ရတယ်။ ဘယ်ကိုပဲ သွားသွား သူယူသွားလို့ ရမယ်။ ပြီးရင် Facebook သုံးလို့ရမယ်၊ Local Call တွေ ခေါ်လို့ရမယ်၊ Unlimited ပေ့ါနော်။ အကုန် ခေါ်လို့ ရမယ်။ International ဆို ၁၀ နိုင်ငံ ခေါ်လို့ရမယ်။ အဲဒါတွေ ခွင့်ပြုထားတယ်” လို့ Ms.Isabel က ပြောပါတယ်။ Hotel G Yangon ဆက်လက်ပြီး သူက ဟိုတယ်သို့ လာရောက်တည်းခိုသူများမှာ စီးပွားရေးသမားများ၊ ရက်ရှည်တည်းခိုသူများဖြစ်ပြီး ပြင်သစ်နဲ့ သြစတြေးလျ နိုင်ငံများမှဖြစ်တယ်လို့ဆိုပါတယ်။ သို့ပေမယ့် တည်းခိုသူများ သွားရောက်လည်ပတ်ချင်တဲ့ နေရာများကို လိုက်ပါပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ Hotel G မှာ အထပ် ၆ ထပ်ရှိပြီး အောက်ဆုံး မြေညီထပ်မှာ Lobby နဲ့ အတူ မြေထဲပင်လယ်ဒေသနဲ့ အနောက်တိုင်း အစားအစာများ ရရှိနိုင်တဲ့ “Babett Eatery & Bar” ၊ Lobby မှာ မြန်မာပြည်တွင်းထုတ် “Hla Day” (လှတယ်) အမှတ်တရ Souvenir ပစ္စည်းများ၊ လက်မှုပညာပစ္စည်းများနဲ့ Hotel G အမှတ်တံဆိပ် အသုံးအဆောင် ပစ္စည်းများ ရောင်းချပေးတဲ့ “G Shop” ဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။ မြေညီထပ်မှာ ဖွင့်လှစ်ထားတဲ့ “Babett Eatery & Bar” မှာ အနောက်တိုင်းစတိုင် အစားအသောက် အမျိုးမျိုး (မနက်စာ၊ နေ့လည်စာ၊ ညစာ) ရရှိနိုင်ပြီး ညနေဘက်၊ ညဘက် သောက်တတ်တဲ့သူတွေအတွက်လည်း သောက်စရာ ကော့တေး၊ ဝိုင် အစုံအလင် ရရှိနိုင်တယ်လို့ သိရပါတယ်။ “ကျမတို့ ဘားက မနက် ၂ နာရီ၊ ၃ နာရီအထိ ဖွင့်တယ်။ Happy Hour လည်း ရှိတယ်။ Happy Hour က ညနေ ၅ နာရီကနေ ၇ နာရီအထိ၊ Happy Hour အတွင်းမှာဆိုရင် ဘီယာတခွက်ကို တဒေါ်လာနဲ့ ရတယ်” လို့ Babett Eatery & Bar အကြောင်း Ms.Isabel ကပြောပြပါတယ်။ စင်ကာပူနိုင်ငံမှ “Ginett” ၊ တရုတ်ပြည် ဟောင်ကောင်နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်တို့မှ “Scarlett” စတဲ့ GCP စားသောက်ဆိုင်များနဲ့ အလားတူ ရန်ကုန်မြို့မှ “Babett” စားသောက်ဆိုင်ဟာလည်း ခရီးသွားဧည့်သည်များ အတွက် အေးအေးဆေးဆေး ကော်ဖီသောက်ရင်း အလုပ်လုပ်ရင်း မိတ်ဆွေများနဲ့ စကားစမြည် ပြောဆိုနိုင်တဲ့၊ Hang Out လုပ်လို့ ကောင်းတဲ့နေရာတခုပါ။ ဟိုတယ်မှာ တည်းခိုသူတွေအတွက် အားကစားပြုလုပ်နိုင်ရန် “Real Fitness Express” Gym အားကစားခန်းမ ကို ပထမထပ်မှာ ဖွင့်လှစ်ထားပြီး တည်းခိုသူများအနေနဲ့ Yoga, Pilates နဲ့ Zumba စတဲ့ လေ့ကျင့်ခန်း သင်တန်းများ အပတ်စဉ် အခမဲ့ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။ Hotel G ဟာ စင်ကာပူ၊ ဘန်ကောက်၊ ပတ္တရား၊ ဆန်ဖရန်စစ္စကို၊ ဟောင်ကောင်၊ ရှန်ဇန်း စတဲ့ ကမ္ဘာအနှံ့ မြို့ကြီးများမှာ ဟိုတယ်များ ပိုင်ဆိုင်ထားပြီး Hotels G ကွန်ရက်နဲ့ လုပ်ငန်း လုပ်ကိုင်လျက်ရှိတဲ့ GCP Hospitality မှ စီမံခန့်ခွဲလျက် ရှိတယ်လို့ သိရပါတယ်။ ဆက်စပ် သတင်းလင့်ခ် – လူငယ်တွေ စိတ်ကြိုက်ကျမယ့် ရန်ကုန်မြို့လယ်က “Babett Eatery & Bar” The post ရန်ကုန်မြို့ရဲ့ Lifestyle ပုံစံဟိုတယ် “Hotel G Yangon” appeared first on ဧရာဝတီ.
Source : http://ift.tt/2xdiI0E
via IFTTT

No comments:

Post a Comment