Friday, October 13, 2017


တပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သားများ ပြန်လွှတ်ရန် RCSS က တပ်မတော်နှင့် ဆွေးနွေးထား ရှမ်းပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) အစည်း အဝေးတွင် RCSS/SSA ဘက်မှ ၎င်းတို့၏ တပ်ဖွဲ့ဝင် နှစ်ဦးနှင့် အရပ်သားများ ပြန်လွှတ်ပေးရေး တင်ပြ ဆွေးနွေး ခဲ့ရာ သက်ဆိုင်ရာ စစ်တိုင်း ၂ တိုင်းသို့ ပြန်တင်ပြ ပေးသွားမည်ဟု စစ်ဘက်ဆိုင်ရာ အရာရှိများက ပြောကြား ခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ်၊အောက်တိုဘာ ၁၂ ရက်က ရှမ်းပြည်နယ်တွင် ကျင်းပခဲ့သော JMC-S အစည်းအဝေးတွင် RCSS ဘက်မှ ကိုယ်စားလှယ်များက တပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားများ ဖမ်းဆီးခံထားရမှု ပြန်လွတ်ပေးရေး တင်ပြ ဆွေးနွေးရာ G1 အဆင့် စစ်ဘက်ဆိုင်ရာ အရာရှိများက မိမိတို့၏ စစ်တိုင်း ၂ တိုင်းဖြစ်သည့် အရှေ့ပိုင်းတိုင်းနှင့် တြိဂံတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးများထံသို့ ပြန်လည် တင်ပြပေးသွားမည်ဟု ပြောခဲ့ကြောင်း RCSS မှ ဒုဗိုလ်မှူး ကြီး စိုင်းဦးက ပြောသည်။ “ ကျနော်တို့ တပ်ဖွဲ့ဝင် နှစ်ယောက်ကို လွတ်ပေးဖို့ပေါ့။နောက်ပြီးတော့ ဟိုပုန်းမှာ ဟိုပုန်းအချုပ်ခန်းထဲမှာ ရှိနေတဲ့ အရပ်သားတွေကိုလည်း ပြန်လည် လွတ်ပေးဖို့ဆိုပြီးတော့ တိုင်း(စစ်တိုင်း)က နှစ်ဖက်တိုင်းကို ဒီဘက် က ရပခပေါ့နော်။ တစ်ဖက်က တြိဂံတိုင်းပေါ့နော်။ အမှုကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုတာပေါ့။ သူတို့ G1 တွေ လာတက်ကြတာဆိုတော့ G1 တွေကနေ သူတို့ သက်ဆိုင်ရာ တိုင်းမှူးတွေကို ပြန်တင်ပြမယ်လို့ ပြော တယ်”ဟု ၎င်းက ပြောသည်။ ဖမ်းဆီးခံထားရသော RCSS မှ တပ်ဖွဲ့ဝင် နှစ်ဦးသည် စိုင်းဆေလုံနှင့် စိုင်းလုံတို့ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ လိုင် ၂၅ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပြင်းမြို့နယ်၊ မိုင်းပူးလုံဒေသ၊ ကျိန်းဟင်ကျေးရွာနေ မိသားစုထံသို့ ဖုန်းဆက်နေစဉ် ကျိုင်းတုံမြို့နယ်ရှိ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းဆတ်မြို့နယ် အခြေစိုက် တပ်မတော်၏ ခြေမြန်တပ်ရင်း ၅၂၇ မှ ဖမ်းဆီးခြင်းဖြစ်ရာ ယင်းကိစ္စကို တြိဂံတိုင်းစစ်ဌာနချုပ်သို့ တင်ပြ ဆွေးနွေးရမည် ဖြစ် ကြောင်း သိရသည်။ အလားတူ ဟိုပုန်းမြို့နယ်အတွင်း နေထိုင်သော အရပ်သားများ ဖမ်းဆီးခံရမှုသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)နှင့် သက်ဆိုင်သည့်အတွက် ရပခတိုင်းမှူးဖြင့် ညှိနှိုင်း ဆွေးနွေးရန် လိုအပ်ကြောင်း သိရသည်။ JMC-S မှ ဒုဥက္ကဋ္ဌ အရပ်သားကိုယ်စားလှယ် ဦးဝင်းတင်က “ ဟုတ်ပါတယ် (RCSS ဘက်က တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ဟိုပုန်းက အရပ်သားတွေလွတ်ပေးဖို့ဆွေးနွေးတာ)။ အခြေအနေကောင်းပါတယ်။ သူတို့က ပြန်ဆက်သွယ် ပြီးတော့ အကြောင်းကြားဖို့ ညှိကြတာပေါ့။ အပြင်မှာ သူတို့ အဖွဲ့နဲ့သူတို့ ပြန်ဆက်သွယ်ပြီးတော့ လုပ်ကြ ရမှာပေါ့။ ဟိုပုန်းဘက်က အရပ်သားတွေ ဘာပြစ်မှုနဲ့ ဖမ်းခံတာလည်း ဆိုတာ ကျနော်တို့ တိတိကျကျ မသိဘူး။ အဲ့ဒီ ကိစ္စကိုလည်း ကျနော်တို့ တင်ထားတာရှိတယ်။ သူတို့ရဲ့ အခွင့်အရေးတွေ ပြန်ပြီးတော့ ရရှိရေးပေါ့။ ကျနော်တို့ ရပခတိုင်းကို တင်ပြထားတာ ရှိပါတယ်”ဟု ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသော တပ်ဖွဲ့ဝင်နှစ်ဦးသည် ကျိုင်းတုံရဲစခန်း၌ ချုပ်နှောင်ခံထားရပြီး ဟိုပုန်းဒေသမှ အရပ်သားများမှာမူ ဟိုပုန်းရဲစခန်းမှာ ချုပ်နှောင်ခံထားရကြောင်း RCSS ဘက်က ပြောသည်။ “ဖမ်းခံရတာ သူတို့(အရပ်သားတွေ)၂ လလောက်ရှိပြီး တိုက်ပွဲဖြစ်ပြီးတော့ နောက်ပိုင်းမှာ အဖမ်းခံရ တယ်။ ဟိုပုန်းမြို့နယ်ထဲကပဲ။ ရွာတွေတော့ မတူကြဘူးပေါ့နော်။ ကျနော်တို့ စာရင်းအရတော့ ၈ ဦးလို့ ပြော တယ်။ ဒါပေမယ့် အချုပ်မှာ ရှိနေတာက ၁၀ ဦးလို့ ပြောနေတယ်။”ဟု RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။ JMC-S အစည်းအဝေးကို နိုဝင်ဘာ ပထမအပတ်နှင့် ဒုတိယအပတ်တွင် ပြန်လည် ကျင်းပ သွားမည်ဖြစ်သည်။ ထိုအစည်းအဝေးတွင် ဒေသဆိုင်ရာအဆင့် အရပ်သား စောင့်ကြည့်ရေးအဖွဲ့ကို ခန့်အပ်ရေး အတိပြု ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း JMC-S ဒုဥက္ကဋ္ဌ ဦးဝင်းတင်ထံက သိရသည်။ The post တပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သားများ ပြန်လွှတ်ရန် RCSS က တပ်မတော်နှင့် ဆွေးနွေးထား appeared first on ဧရာဝတီ.
Source : http://ift.tt/2gh3QXI
via IFTTT

No comments:

Post a Comment