Thursday, December 21, 2017


ဗုံး ထောင်ထားသည်ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံမှု ဟင်္သတတွင် ဖြစ်ပွား ဟင်္သတမြို့ သုံးပင်ကွင်းရပ်ကွက် ရွှေခြေင်္သ့ ဓာတ်ဆီဆိုင်၏ အရှေ့မျက်နှာစာ ဆီဖြည့်သည့် နေရာနှင့် ပေ ၄၀ခန့်အကွာ၌ ချိန်ကိုက်ဗုံးပုံစံ ဗုံးအတုကို ချထားကာ ဓာတ်ဆီပိုင်ရှင်အား ခြိမ်းခြောက်ပြီး ငွေကျပ် သိန်း၂၀၀ တောင်းခံမှု ဒီဇင်ဘာ ၂၀ ရက်နေ့က ဖြစ်ကြောင်း သတင်းရသည်။ ထိုသို့ ဗုံးထောင်ထားကြောင်း မနေ့ည ၆နာရီ မိနစ် ၄၀ ခန့်က ဆိုင်ရှင်မှ ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားလာရာ စစ်တပ်နှင့် ခရိုင်ရဲတပ်ဖွဲ့ အပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူး ရောက်ရှိကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဧရာဝတီ သို့ပြောသည်။ “ဆိုင်ကယ် ဘက်ထရီအိုးနဲ့ ပလတ်စတစ်တွေကိုထုတ် ဆီဆိုင်မှာရှိတဲ့ LED ဘုတ်နားမှာ ချထားပြီး ဆိုင်ရှင်တွေကို အဆက်အသွယ်လုပ်တယ်။ ပထမကြိုးဖုန်းကနေ ဆိုင်ရှင်ရဲ့ လက်ကိုင်ဖုန်းကို တောင်း တယ်။ သိန်း ၂၀၀ ပေး၊ မပေးရင်ဖောက်ခွဲပစ်မှာလို့ ပြောလာတဲ့အတွက် တာဝန်ရှိတဲ့ တပ်နဲ့ လုံခြုံရေး အဖွဲ့တွေကို အဆက်အသွယ်လုပ်တယ်။ တပ်ကနားလည်တော့ ဖွင့်ဖောက်ကြည့်တဲ့ အခါမှာ ဗုံးက အတုဖြစ်နေတာ” ဟု ၎င်းကပြောသည်။ ထိုနောက် ခြေလျင်တပ်ရင်း ၁၈မှ တပ်ရင်းမှူးနှင့် အရာရှိများက ၎င်း ချိန်ကိုက်ဗုံးကို ဖွင့်ဖောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟင်္သာတ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဦးခင်မောင်ရီက “ဘတ်ထရီအိုးကို ပတ်ထားတဲ့ ဗုံးအတုဆို လို့ ကျနော်လည်း သွားမကြည့်တော့ဘူး။ သက်ဆိုင်ရာကို ကျနော်မေးကြည့်တော့ အတုဆိုတော့ မသွားတော့တာပါ “ ဟု ပြောသည်။ အဆိုပါ ရွှေခြေင်္သ့ ဓာတ်ဆီဆိုင် တွင် CCTV ( လုံခြုံရေး ကင်မရာ) များ တပ်ထားခြင်းကြောင့် မှတ်တမ်း များ ပြန်လည် စစ်ဆေးပြီး၊ တရားခံကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း၊ ဆက်သွယ်လာ သည့် ဖုန်းနံပါတ်ကိုလည်း မှတ်သားထားကြောင်း ဦးသန်းနိုင်က ပြောသည်။ The post ဗုံး ထောင်ထားသည်ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံမှု ဟင်္သတတွင် ဖြစ်ပွား appeared first on ဧရာဝတီ.
Source : http://ift.tt/2BGhFVL
via IFTTT

No comments:

Post a Comment