အမေရိကန်၏ ပိတ်ဆို့အရေးယူမှု စာရင်း၌ ရခိုင်စစ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်လာ အမေရိကန်နိုင်ငံက မြန်မာ့တပ်မတော်မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုး အပါအဝင် ကမ္ဘာတဝန်းမှ တခြားသောလူ ပုဂ္ဂိုလ် ၁၃ ဦး ကို လူ့အခွင့်အရေး ချိုးဖောက်သူများ၊ စာရိတ္တပျက်ပြားသော သူများ အဖြစ် သတ်မှတ်၍ အရေးယူပိတ်ဆို့မှုစာရင်း၌ ထည့်သွင်းလိုက်သည်။ ဗိုလ်ချုပ် မောင်မောင်စိုးသည် ယခုနှစ် အတွင်း လူနည်းစု ရိုဟင်ဂျာဟု ခေါ်ဆိုနေသည့် မွတ်ဆလင် များအား နှိမ်နင်းဖြိုခွဲမှုကို ကြီးကြပ်ခဲ့သူဟု ဆိုသည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့ ARSA က ရဲတပ်ဖွဲ့ စခန်းများနှင့် စစ်စခန်းတခုကို တိုက်ခိုက်ခဲ့ပြီးနောက် မြန် တပ်မတော်က ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဘင်္ဂလီ ၆သိန်းခွဲခန့် ထွက်ပြေး ခဲ့သည်။ ယင်းစစ်ဆင်ရေးကို အမေရိကန် နိုင်ငံက “လူမျိုးဖြုတ် ရှင်းလင်းရေး” ဟု နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ခေါ်ဝေါ်ခဲ့ပြီး တာဝန်ရှိသူများ အပေါ် ပစ်မှတ်ထား၍ အရေးယူပိတ်ဆို့မှုများ ပြုလုပ်သွားမည် ဟု ခြိမ်းခြောက်ခဲ့သည်။ အမေရိကန် အစိုးရက “လုံခြုံရေးတပ်ဖွဲ့များ၏ တရားလက်လွတ်သတ်ဖြတ်ခြင်း၊ လိင်အကြမ်းဖက်မှု ၊ တဖက်သတ် ဖမ်း ဆီးမှု၊ ကျေးရွာများကို မီးရှို့ခြင်း အပါအဝင် ဗိုလ်ချုပ်မောင်မောင်စိုး၏ လုပ်ရပ်များ ၏ ယုံကြည်လောက်သော သက်သေ အထောက်အထားများကို စစ်ဆေးခဲ့ကြောင်း” အမေရိကန် ဘဏ္ဍာရေး ဌာနက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့ သည်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ပြီးခဲ့သည့် နိုဝင်ဘာလက တပ်မတော် အရန်အင်အား အဖြစ် ပြောင်းရွေ့လိုက်ပြီး၊ သူ၏နေရာတွင် ဗိုလ်မှူးချုပ် စိုးတင့်နိုင်နှင့် အစားထိုးခဲ့ပြီဖြစ်သည်။ မြန်မာ့တပ်မတော်က ပြီးခဲ့သည့် လအတွင်း ဗိုလ်ချုပ်မောင်မောင်စိုး ကိုနေရာမှ ရွှေ့ပြောင်းခြင်း မပြုမီ ရက်အနည်းငယ် အလို အစီရင်ခံစာ တစောင်ထုတ်ပြန်၍ လုံခြုံရေးတပ်ဖွဲ့များ မတရားပြုကျင့်မှုနှင့် သတ် ဖြတ်မှု စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ် မောင်မောင်စိုးကို နေရာမှ ပြောင်းရွှေ့လိုက်ခြင်း အတွက် အကြောင်းပြချက် ဖော်ပြခြင်း မရှိခဲ့ပေ။ ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် အမေရိကန်၏ ဒဏ်ခတ် အရေးယူမှုနှင့် ပတ်သက်၍ မြန်မာ အစိုးရ ပြောရေးဆိုခွင့်ရှိသူထံမှ မှတ်ချက် မရရှိသေးပါ။ တခြားသော အရေးယူ ပိတ်ဆို့ခံရသူများတွင် တောင်ဆူဒန် သမ္မတ Salva Kiir ၏ အကြံပေးတဦး အဖြစ်တာဝန်ထမ်း ဆောင်ခဲ့သူ ဘင်ဂျမင် ဘိုလ်မဲလ် ဆိုသူ လည်းပါဝင်ပြီး၊ ၎င်းမှာ တောင်ဆူဒန် အစိုးရ၏ ကန်ထရိုက် လုပ်ငန်းများတွင် အထူးအခွင့် အရေးများ ရရှိနေသူ အဖြစ် သံသယရှိခြင်း ခံရသူဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ကပြော ကြားခဲ့သည်။ ၎င်းအပြင် ဂမ်ဘီယာခေါင်းဆောင်ဟောင်း Yahya Jammeh လည်း လူ့အခွင့်အရေး ချိုး ဖောက်မှုနှင့် အကျင်ပျက် ခြစားများကို ကျူးလွန်မှုဖြင့် အဆိုပါ စာရင်းတွင် ပါဝင်နေပြီး ဂမ်ဘီယာ ကို ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် အချိန် အတွင်း Junglers (တောတွင်း လူသတ်သမားများ) ဟုခေါ်ကြသည့် အဖွဲ့တဖွဲ့ ကို ဖန်တီးခဲ့ကာ နိုင်ငံရေး ပြိုင်ဘက်များကို ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ စစ်ဆေးမေးမြန်းမှု နှင့် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု အမေရိကန် ဘဏ္ဍာရေး ဌာန ကပြောသည်။ သို့သော် Yahya Jammeh ကမူ ထိုစွပ်စွဲချက်များကို ငြင်းပယ်ထားပြီး ၎င်း၏ ရှေ့နေ အက်ဒဝပ် ဂိုမက်ကလည်း သူ့ အနေဖြင့် သမ္မတက မည်သည့် ပြည်သူပိုင် သို့မဟုတ် အလှူငွေများကို အလွဲသုံးစားပြုလုပ်လုပ်မှုကိုမျှ သတိမပြု မိခဲ့ ကြောင်း ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့သည်။ အလားတူ ကွန်ဂိုသမ္မတ ဂျိုးဇက် ကာဘီလာ နှင့် ခင်မင်ရင်း နှီးမှုကို အသုံးချကာ သတ္တုတူးဖော်ရေး သဘောတူညီချက် များ ရရှိရန် လုပ်ခဲ့သည်ဆိုသော အစ္စရေး ဘီလီယံနာ Dan Gertler လည်း အမေရိကန် နိုင်ငံ၏ အရေးယူ ပိတ်ဆို့ ခံရသူများ စာရင်းတွင် ပါဝင်နေသည်။ အစ္စရေး ဘီလီယံနာ Dan Gertler က မလျော်ကန်စွာပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက် အားလုံးကို ပယ်ချခဲ့ပြီး ကွန်ဂိုနိုင်ငံ မှ သူ၏ ရင်းနှီးမြှုပ်နှံမှုများက အလုပ်အကိုင်နေရာ ထောင်နှင့် ချီ၍ ဖန်တီးပေးနိုင်ခဲ့ကြောင်း ပြောထားခဲ့ပြီး ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တေလာဆန်က “ကျနော်တို့က နမူနာပြပြီး ဦးဆောင်ရ ပါ မယ်။ ဒီနေ့ကြေညာ လိုက်တဲ့ အရေးယူဒဏ်ခတ်မှုတွေက အမေရိကန် နိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ ကျူးလွန်သူတွေနဲ့ အကျင့် ပျက်ခြစားမှုမှာ ပတ်သက်နေသူတွေ အတွက် သိသာ ထင်ရှားပြီး အရေးပါတဲ့ အကျိုးဆက်တွေ ရှိလာအောင် ဆက်လက် လုပ်ဆောင်သွားမယ် ဆိုတာကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။ လူ ပုဂ္ဂိုလ် ၁၃ ဦးကို လူ့အခွင့်အရေး ချိုးဖောက် သူများ၊ စာရိတ္တပျက်ပြားသော သူများ အဖြစ် သတ်မှတ်၍ အရေးယူပိတ် ဆို့မှုပြုလုပ်ခြင်း နှင့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၃၉ ခုကို လည်း ပစ်မှတ်ထား အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းသည် ပြီးခဲ့သည့်နှစ်က အတည်ပြုခဲ့သည် အမေရိကန်နိုင်ငံ၏ Global Magnitsky Human Rights Accountability Act အမည်ရှိ ဥပဒေအရ ပထမဆုံး ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ ဤ ဥပဒေအရ အမေရိကန်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့်အောက်မှ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပိတ်ပင်ခြင်း၊ အမေရိကန် နိုင်ငံ သား အများစုနှင့် စီးပွားရေးပြုလုပ်ခြင်းမှ တားမြစ်ခြင်း နှင့် ကမ္ဘာ့ဘဏ္ဍာရေး စနစ်မှ ဖြတ်တောက်ပစ်ခြင်းများ ပြုလုပ်သွား မည် ဖြစ်သည်။ The post အမေရိကန်၏ ပိတ်ဆို့အရေးယူမှု စာရင်း၌ ရခိုင်စစ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်လာ appeared first on ဧရာဝတီ.
Source : http://ift.tt/2BWNqN2
via IFTTT
No comments:
Post a Comment