Tuesday, December 26, 2017


လိပ်ကျွန်းအမှု အယူခံ ချေဖျက်နိုင်ရန် ဗဟိုတရားရုံးထံ ထိုင်းရှေ့နေများ ရက်တိုးတောင်း ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံသား နှစ်ဦး၏ အယူခံကို ချေဖျက် နိုင်ရေး အတွက် ထိုင်းရှေ့နေများက ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) ထံ အယူခံ တိုးပေးရန် ထပ်မံ တောင်းဆို လိုက်ကြောင်း သတင်း ရရှိသည်။ အယူခံထပ်တိုး တောင်းဆိုချက်ကို ဗဟိုတရားရုံး က တလတိုးပေးလိုက်သဖြင့် ထိုင်းအစိုးရ ရှေ့နေများ အနေဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ထပ်တင်ရမည်ဖြစ်ကြောင်း လိပ်ကျွန်းအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။ ဦးအောင်မျိုးသန့် က “သူတို့ကနေပြီးတော့ နောက်ဆုံး လျှောက်လဲချက် တင်ဖို့ အဆင်သင့် မဖြစ်သေးလို့ နောက်လ ၂၃ ရက် ရက်နေ့ကို ပြန်ချိန်း လိုက်ပါတယ်။ ကျနော်တို့တင်တဲ့ အယူခံလွှာအပေါ်မှာ မူတည်ပြီးတော့ ထိုင်းအစိုးရ ရှေ့နေဘက်က နေပြီးတော့ ခုခံ ချေပ လျှောက်လဲချက် တင်ဖို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။ ထိုင်းရှေ့နေများအနေဖြင့် မြန်မာ ၂ ဦးဘက်မှ ရှေ့နေများ ဗဟို တရားရုံးသို့ တင်ထားသော အယူခံလွှာကို ချေဖျက်နိုင်ရေး အတွက် ကြိုးစားရင်း အယူခံထပ်တိုးတောင်းသည်မှာ ယခုတကြိမ်အပါအဝင် စုစုပေါင်း ၄ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော နောက်ဆုံး အယူခံလျှောက်ထားမှုအား ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး က ယခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် လက်ခံခဲ့ပြီး စစ်ဆေးခဲ့သည်။ ထိုအယူခံတွင် အမှုသည် မူလကတည်းက ပီပြင်ခိုင်လုံသော အထောက်အထားများ မရှိခြင်း၊ လူသတ်လက်နက်တွင် မျိုးဗီဇ (DNA) မတွေ့ရှိ ခြင်း၊ အဓမ္မပြုကျင့် ခံထားရသော အမျိုးသမီး၏ အဝတ်အစားများကို DNA စစ်ဆေးထားမှု မရှိခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရပြီး ထိုအခြေအနေများကို ထိုင်းအစိုးရ ရှေ့နေများ အနေဖြင့် ချေဖျက်နိုင်ရေး ကြိုးပမ်းနေခြင်း ဖြစ်သည်။ သေဒဏ် ချမှတ်ခံထားရသော မြန်မာနိုင်ငံသား ၂ ဦး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ “နောက်ဆုံး သွားတွေ့ထားတဲ့ အခြေ အနေအရတော့ ကျန်းမာရေးကောင်းပါတယ်။ ဇော်လင်း သွားနည်းနည်းနာနေတာကလွဲရင် ကျန်တာ အားလုံး ကောင်းပါတယ်” ဟု ဦးအောင်မျိုးသန့် က ပြောသည်။ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား နှစ်ဦး သတ်မှုဖြင့် တရားစွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။ ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံသား နှစ်ဦး ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေ များ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထပ်မံပယ်ချခြင်း ခံခဲ့ရသည်။ လူသတ်မှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ကနဦးထုတ်ပြန် ကြေညာ ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက် ဝန်ခံခိုင်းခဲ့ခြင်း တို့ကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူး လွန်ကြောင်း ထွက်ဆိုထားသည်။ ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်း ကမ်းခြေအနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့လည်း ဝေဖန်ခံနေရသည်။ The post လိပ်ကျွန်းအမှု အယူခံ ချေဖျက်နိုင်ရန် ဗဟိုတရားရုံးထံ ထိုင်းရှေ့နေများ ရက်တိုးတောင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2Cab20P
via IFTTT

No comments:

Post a Comment