အောက်တိုဘာလအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၁၀၀ သန်း ခွင့်ပြုခဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄၄ဝ ဒသမ ၅၇၁ သန်းနှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဝ၅ ဒသမ ၁ဝဝ သန်းခွင့်ပြုဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ စိစစ်ကာ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ The Ladies News
Source : http://ift.tt/2AAzqb4
via IFTTT
No comments:
Post a Comment