Wednesday, December 20, 2017

ဒီတပတ္ ရန္ကုန္မွာလည္ပတ္စရာ

ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ ၁။ မြန်မာပန်းချီများစွာတို့၏ လက်ရာများကို ရောင်းချပေးသွားမည့် THE PRECIOUS HEART (II) COLLECTOR SHOW ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) ပြည်ထောင်စုလမ်းရှိ Ahlin Saing Gallery Café တွင် ၁၈.၁၂.၂၀၁၇ မှ ၁၈.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ကိုလိုနီခေတ် မြန်ပန်းချီဆရာကြီးများ၏ လက်ရာများမှစ၍ ယနေ့ခေတ် ပန်းချီဆရာများ၏ လက်ရာများ အထိ ပန်းချီကား များစွာကို ပြသရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ၂။ တေးသံရှင်ဝိုင်းစုခိုင်သိန်း၏ Birthday Show ပွဲကို သုဝဏ္ဏမြို့နယ်၊ အထက် ပုဇွန်တောင်လမ်းရှိ Thuwunnabhumi Event Park တွင် ၂၄.၁၂.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၁ သောင်းကျပ်မှ ၁ သိန်းကျပ် အထိ သတ်မှတ်ထားပြီး City Mart ဆိုင်များ၊ Ocean ဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ ၃။ မြန်မာ စာရေးဆရာကလပ်၏ ရံပုံငွေ ဂီတဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၂၄.၁၂.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၅ ထောင်ကျပ်မှ ၃ သောင်းကျပ်အထိ သတ်မှတ်ထားပြီး City Mart ဆိုင်များ၊ Ocean ဆိုင်များနှင့် မြန်မာ စာရေးဆရာကလပ်ရုံးတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ ၄။ ဝါရင့်အမျိုးသား တေးသံရှင်များပါဝင်မည့် ရွှေအိုရောင်ဂီတညဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၂၃.၁၂.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲလက်မှတ်များကို ၇ ထောင်ကျပ်မှ ၂ သောင်းကျပ်အထိ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ မြန်မာပလာဇာ၊ Junction မော်တင်၊ ဂမုန်းပွင့် (စံရိပ်ငြိမ်) တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ ၅။ ပန်းချီဆရာ ၁၄ ဦးပါဝင်မည့် Artistic Touch ll ပန်းချီပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်းရှိ 43 Art Gallery တွင် ၂၂.၁၂.၂၀၁၇ မှ ၂၅.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံပန်းချီကားများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်းသိရသည်။ ၆။ ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသားများ၏ Colorful NUAC ပန်းချီပြပွဲကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်ပန်းချီပြခန်းတွင် ၂၀.၁၂.၂၀၁၇ မှ ၂၈.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ကျောင်းသားများ၏ လက်ရာစုံပန်းချီကားများ ကြည့်ရှု့နိုင်မည် ဖြစ်ကြောင်း သိရသည်။ ၇။ ပန်းချီဆရာ ၃ ဦးပါဝင်သည့် A TALE OF FAMILY ပန်းချီပြပွဲကို Junction City တွင် ၁၅.၁၂.၂၀၁၇ မှ ၂၄.၁၂.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မော်ဒန်ပန်းချီ လက်ရာများကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ၈။ အလှကုန်ပစ္စည်း အထူးလျော့ဈေးပွဲတော် ၂၀၁၇ ကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၂၃.၁၂.၂၀၁၇ မှ ၂၅.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါဈေးရောင်းပွဲတော်တွင် အလှကုန်ပစ္စည်းမျိုးစုံကို ၇၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ၉။ တောင်ဥက္ကလာပန်းချီဆရာများ၏ Pages Art Exhibition ကို ဗိုလ်ချုပ်ဈေးရှိ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ဗဟို) တွင် ၂၀.၁၂.၂၀၁၇ မှ ၂၄.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ ပန်းချီကားများ ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ၁၀။ နာမည်ကျော်တေးသံရှင်များ ပါဝင်မည့် ဂီတဟေဝန် ဂီတဖျော်ဖြေပွဲကို ပြည်လမ်း၊ IBC Grand Ballroom တွင် ၂၂.၁၂.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဂီတပွဲတွင် မြန်မာသံစဉ်တေးသီချင်းများကို ဖျော်ဖြေပေးသွားမည် ဖြစ်ပြီး ပွဲလက်မှတ်များကို ဖုန်းနံပါတ် ၀၉-၉၆၅၁၁၃၀၃၅ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။ The post ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2B4AZLf
via IFTTT

No comments:

Post a Comment