Sunday, December 24, 2017


ရေခဲသေတ္တာထဲ ထည့်သွင်း မစားသုံးသင့်တဲ့ အစားအစာများ တချို့က အစားအစာအားလုံး ရေခဲ သေတ္တာထဲ အအေးခံထားရင် ပိုပြီး အထားခံမယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ ဓါတ်ပြောင်းလဲမှုတွေဖြစ်တတ်ပြီး အအေးခံထားရှိ မစားသုံးသင့်တဲ့ အသီးအရွက်နဲ့ အစားအစာတချို့ ရှိပါတယ်။ အားလုံး သတိပြုနိုင်အောင် နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကျနော်တို့ဆီမှာ စားသုံးမှုမရှိတဲ့ အစာ တွေကိုတော့ ထည့်မပြောတော့ပါဘူး။ (၁) ငှက်ပျောသီး ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားလိုက်ရင် ငှက်ပျောသီးမှာ အာဟာရစုဖွဲ့မှု ပုံစံပျက်သွားပါတယ်။ ကနေဒါ ဈေးကွက်ရှာဖွေရေး အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်မှာလည်း သူ့ကို သဘာ၀ အတိုင်း အမှည့်ထား စားသုံးတာ အကောင်းဆုံးလို့ ဆိုပါတယ်။ အေးခဲစေမှုက ငှက်ပျောသီးကို မှည့်ဖို့ အဟန့်အတားလည်း ဖြစ်စေသလို အာဟာရလည်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။ (၂) အာလူး အာလူးကို အခန်းမှောင်မှောင်၊ နေရာခြောက်ခြောက်၊ အပူချိန် အေးအေးမှာထားတာ အကောင်းဆုံး ဖြစ်ပေမယ့် ရေခဲသေတ္တာလို အအေးခံ အခန်းထဲ ထည့်လိုက်ရင်တော့ သကြားဓါတ် စုဖွ့ဲမှု ပိုမြန်လာစေပြီး အာဟာရပျက်စေပါတယ်။ အာလူးကို ဝယ်ထားပြီး မစားသေးရင် အိတ်ထဲထည့်သိမ်းတာတွေ၊ စက္ကူနဲ့ ပတ်ထားတာတွေ မလုပ်ပါနဲ့၊ ရေလည်း မဆေးပဲ သိမ်းထားပါ။ အခွံပေါ်က မြေကျန်တွေက အာလူးကို ပိုပြီး အထားခံစေတယ်လို့ ဆိုပါတယ်။ (၃) ကြက်သွန်နီ သူ့ကို ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်ရင် အစိုပြန်ပြီး ပုပ်ဖို့ လွယ်စေပါတယ်။ အမေရိကန် ကြက်သွန်ထုတ်လုပ်သူများ အဖွဲ့က တကယ်လို့ ကြက်သွန်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုရင်တော့ ပလက်စတစ်နဲ့ ထုပ်ပြီးမှ ထည့်သိမ်းနိုင်တယ်လို့ ဆိုပါတယ်။ အခွံခွာပြီးသား ဖြစ်နေရင်လည်း ပလက်စတစ်အိတ်နဲ့ ထုပ်ပြီး အအေးခံနိုင်ပါတယ်။ (၄) ထောပတ်သီး ကိုယ်ဝယ်လာတဲ့ ထောပတ်သီးက မမှည့်သေးဘူး၊ မစားဖြစ်သေးဘူးဆိုရင် သူ့ကို ရေခဲသေတ္တာထဲ မထည့်ပါနဲ့။ အသီးရင့်မှည့်ဖို့ သဘာ၀ အပူချိန် လိုအပ်ပါတယ်။ တကယ်လို့ သင့်ရဲ့ ထောပတ်သီးက မှည့်နေပြီဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။ ပိုပြီး အထားခံပါလိမ့်မယ်။ (၅) ကြက်သွန်ဖြူ သင် ကြုံဖူးချင်မှ ကြုံဖူးနိုင်ပေမယ့် ကြက်သွန်ဖြူကို ရေခဲသေတ္တာထဲ ထည့်ထားရင် မကြာခင် အပင်ပေါက်၊ အညှောင့်ထွက်လာတတ်ပါတယ်။ အဆင်မသင့်ရင်လည်း ပုပ်သွားနိုင်ပါတယ်။ တခုမဟုတ်တခု ဖြစ်ပါလိမ့်မယ်။ ကြက်သွန်ဖြူကို ဘယ်တော့မှာ ရေခဲသေတ္တာထဲ မထည့်ပါနဲ့။ (၆) ပေါင်မုန့် ပေါင်မုန့်ကို ရေခဲသေတ္တာထဲ ထည့်ထားရင် အခြောက်မြန်စေပါတယ်။ အသင့်စား အနေလောက် ဖန်တီးထားပြီဆိုရင်တော့ အချိန်တိုအတွင်း စားဖြစ်မှာဖြစ်လို့ ထည့်မယ်ဆို ထည့်နိုင်ပေမယ့် မစားဖြစ်သေးလို့ အချိန်ကြာထားမယ့် ပေါင်မုန့်ကို မထည့်ပါနဲ့၊ ခြောက်သွားပါတယ်၊ စားသုံးချိန် အဆင်မပြေဖြစ်စေတတ်ပါတယ်။ (၇) ကော်ဖီ ကော်ဖီမှုန့်ပဲဖြစ်ဖြစ်၊ ကော်ဖီစေ့ အနေအထားမှာပဲ ဖြစ်ဖြစ် ရေခဲသေတ္တာထဲ မထည့်သင့်ပါဘူး။ အပူချိန်နည်းပြီး သန့်ရှင်းခြောက်သွေ့တဲ့ အမှောင်နေရာမှာ ကော်ဖီကို သိမ်းသင့်တာ မှန်ပေမယ့် ကော်ဖီက တိုက်ရိုက်လေအထိ မခံချင်ပါဘူး။ တကယ်လို့ အချိန်ကြာ သိမ်းထားချင်တယ်ဆိုရင်တော့ လေလုံအောင် ပိတ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းရင်လည်း ရနိုင်ပါတယ်။ (၈) ခရမ်းချဉ်သီး သူ့ကို ရေခဲသေတ္တာထဲ ထည့်လိုက်ရင် အအေးဓါတ်ကြောင့် ရင့်မှည့်မှုဖြစ်စဉ်ကို အဟန့်အတားဖြစ်စေပြီး အရသာ ပျက်စေပါတယ်။ ပြီးတော့ အအေးဓါတ်က ခရမ်းချဉ်ရဲ့ အခွံမှာရှိတဲ့ အမြှေးပါးတွေကို ပျက်စီးစေပြီး အာဟာရဖြစ်မှု နည်းစေပါတယ်။ ခရမ်းချဉ်သီးကိုတော့ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ရေခဲသေတ္တာထဲမထည့်တာ အကောင်းဆုံးပါ။ (၉) ပျားရည် လေလုံအောင်သာ သေချာပိတ်ပြီး သိမ်းမယ်ဆိုရင် ပျားရည်က အမြဲတမ်း ကောင်းနေမှာပါ။ ပျားရည်ရဲ့ သဘာဝက အထားခံအောင် ကျနော်တို့ပြင်ဆင် သိမ်းဆည်းစရာမလိုပါဘူး။ သူ့ကိုသာ လေနဲ့ မထိအောင် ထားပေးရင်ရပါပြီ။ ရေခဲသေတ္တာထဲ ထည့်လိုက်ရင်တော့ ပျားရည်ထဲက သကြားဓါတ်စုဖွဲ့မှု မြန်စေပြီး အရည်ပျော်ကွဲထွက်မှု ဖြစ်လာသလို ရေရှည် အထားမခံ အသုံးမပြုစေနိုင်တော့ပါဘူး။ (၁၀) ဖရဲသီး မခွဲရသေးတဲ့ ဖရဲသီးက အထားခံပါတယ်။ လေ့လာချက်တွေအရလည်း အခန်း အပူချိန်မှာပဲ ဖရီသီးကို ထားရင် အောက်ဆီဓါတ်တိုးခြင်းကို ဆန့်ကျင်မှုဓါတ် မပြောင်းလဲဘဲရှိနေပြီး အာဟာရ ဖြစ်စေတယ်လို့ ဆိုပါတယ်။ အမေရိကန် စိုက်ပျိုးရေးဌာနက လေ့လာချက်အရတော့ ဖရဲသီးကို ရေခဲသေတ္တာထဲ ထည့်လိုက်ရင် Beta-Carotene ဓါတ် ပျက်ပြယ်သွားပြီး အာဟာရဖြစ်မှု နည်းသွားတယ်လို့ ဆိုပါတယ်။ ခွဲပြီးသား ဖရဲစိတ်ကိုတော့ ရေခဲသေတ္တာထဲ ထည့်နိုင်ပေမယ့် ဖုံးအုပ်ပြီးမှ ထည့်သင့်တယ်လို့ ဆိုပါတယ်။ (၁၁) ဖရုံသီး သူ့ကို ဘယ်တော့မှ ရေခဲသေတ္တာထဲ မထည့်သင့်ပါဘူး။ လေဝင်၊ လေထွက်ကောင်းတဲ့ အခန်းမှာပဲ ဒီ အတိုင်းထားတာ အကောင်းဆုံးပါ။ အခန်းက မှောင်မယ်၊ ခြောက်သွေ့မယ်၊ အေးမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။ (၁၂) ပင်စိမ်းရွက် သူ့ကို ရေခဲသေတ္တာထဲ ထည့်လိုက်ရင် ပုံမှန်ထက် ခြောက်ဖို့၊ ပုပ်ဖို့ လွယ်စေပါတယ်။ ပြီးတော့ သူ့ရဲ့အနံ့က အခြား အစားအစာတွေကို ကူးစက်မြန်စေပြီး အနံ့စွဲစေနိုင်ပါတယ်။ အပြင်မှာပဲ ရေအခံလေးနဲ့ ထားရှိ သိမ်းဆည်းတာ အကောင်းဆုံးပါ။ တကယ်လို့ အထားခံအောင် သိမ်းချင်တယ်ဆိုရင်တော့ ရေစင်အောင် ဆေးမယ်၊ နောက် သေချာထုပ်ပိုပြီး ရေခဲသေတ္တာထဲ အအေးခံတဲ့ အဆင့် မဟုတ်တော့ဘဲ ရေခဲရိုက်တဲ့အဆင့် ဖန်တီးသိမ်းဆည်းနိုင်မယ်လို့ လေ့လာသူတဦး ဖြစ်တဲ့ Martha Stewart က ပြောပါတယ်။ (၁၃) အသီးအချို့ ဇီးချိုသီး၊ မက်မွန်သီး၊ စပျစ်ခြောက်၊ သရက်သီးလို အသီးတွေကိုလည်း ရေခဲသေတ္တာထဲ ထည့်မသိမ်းပါနဲ့။ ခရမ်းချဉ်သီးလိုပဲ ရင့်မှည့်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဒီအသီးတွေက အအေးခံစားရင် အာဟာရဓါတ်လည်း ပိုမို ပျက်ပြယ်လွယ်စေပါတယ်။ ခြောက်သွေ့ပြီး ပုံမှန် အခန်း အပူချိန်မှာပဲ ထားရှိ စားသုံးတာ ကောင်းပါတယ်။ www.healthyleo.com တွင်ဖော်ပြထားတဲ့ Full list of foods never to put in the refrigerator ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post ရေခဲသေတ္တာထဲ ထည့်သွင်း မစားသုံးသင့်တဲ့ အစားအစာများ appeared first on ဧရာဝတီ.
Source : http://ift.tt/2DEcVRh
via IFTTT

No comments:

Post a Comment