Thursday, December 7, 2017


အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်း အကောင်အထည်ဖော်မည် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရန်ပုံငွေဖြင့် MYPOD စီမံကိန်းကို INGO အဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်းပြီး ၃ နှစ်တာကာလ အတွင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း Danish Ethical Trading – DIEH မှ ဒါရိုက်တာ Ms Mette Boye က ပြောသည်။ ဒီဇင်ဘာလ ၆ ရက်တွင် ရန်ကုန်မြို့ရှိ Hotel Yangon ၌ပြုလုပ်ခဲ့သည့် စီမံကိန်း မိတ်ဆက်ပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် သုံးနှစ်ကြာ (၂၀၁၇ မှ၂၀၂၀) အထိ အကောင်အထည်ဖော်မည့် အဆိုပါ စီမံကိန်းကို The Danish Market Development Agency ရန်ပုံငွေဌာနမှ အဓိကပံ့ပိုးပေးထားပြီး MYPOD ဆိုသည်မှာ အထည်ချုပ်ကဏ္ဍ၏ လုပ်ငန်းခွင် အခြေအနေတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးမြှင့်ရေးနှင့် လုပ်ငန်းခွင်ညှိနှိုင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာရေးတို့အတွက် ရည်ရွယ်သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို DIEH, Ethical Trading Initiative UK-ETI, BESTSELLER, The United Federation of Workers in Denmark- f , Alaborg University နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် – IWFM ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုပေါင်းစုံလုပ်ငန်း အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်တို့ ပူးပေါင်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်။ “စီမံကိန်းစဖို့ ရွေးထားတဲ့ စက်ရုံ ၁၂ ရုံလုံးတော့ ရန်ကုန်မြို့မှာပါပဲ” ဟု Ms Mette Boye က ပြောသည်။ လာမည့် ၁၀ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအားကို ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာ စေရန် ရည်ရွယ်ပြီး အရည်အသွေးပြည့်မီသော ထုတ်ကုန်များ၊ အမှတ်တံဆိပ်များ ဖြန့်ချိရေး၊ လုပ်ငန်းခွင် ပြဿနာများ လျော့ချနိုင်ရေး လုပ်ငန်းစီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်လာရေးတို့ကို ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အဆိုပါစီမံကိန်းတွင် ပါဝင်ရန် ဖိတ်ခေါ်ထားသော်လည်း အသေးစိတ် မဆွေးနွေးရသေးကြောင်း IWFM မှ အထွေထွေအတွင်းရေးမှူး မခိုင်ဇာအောင်က ပြောသည်။ “ဒီစီမံကိန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားပေမယ့် အစီအစဉ်တွေကို အသေးစိတ် မဆွေးနွေးရသေးပါဘူး။ ဆွေးနွေးထားတာ မရှိသေးတဲ့အတွက် ပါဝင်ဖို့ မပါဝင်ဖို့က မသေချာသေးပါဘူး။ စီမံချက်က ရည်ရွယ်ချက်ကောင်းတယ်။ ဒါပေမယ့် ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတဲ့ အစီအစဉ်ရေး ဆွဲမှုကို စောင့်ကြည့်ဖို့ လိုပါသေးတယ်”ဟု ၎င်းက ဆိုသည်။ အဆိုပါစီမံကိန်းကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံများတွင်လည်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။ The post အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်း အကောင်အထည်ဖော်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2nABfiZ
via IFTTT

No comments:

Post a Comment