Wednesday, December 6, 2017


နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မြေကွက်များ အောက်ဈေးဖြင့် အရောင်း အဝယ်ဖြစ်နေ နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့ နယ်အတွင်းမှ မြေကွက်များ အောက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း နေပြည်တော်ရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များထံမှသိသည်။ ပုဗ္ဗသီရိမြို့နယ် တံခွန်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးသိန်းထိုက်ဦးက “ မန္တလေးဘက်ကို တရုတ်တွေဆိုရင် တော်တော်လေး စိတ်ပျက်နေပုံရတယ်။ သိန်း ၅၅၀၊ ၆၀၀ နဲ့ ဝယ်ထားတဲ့ အကွက်တွေကို သိန်း ၃၀၀၊ ၃၅၀ လောက်ရရင် ရောင်းခိုင်းနေတာ တွေများတယ်” ဟု ဧရာဝတီ သို့ ပြောသည်။ အဆိုပါမြေကွက်များကို ယခင်က တက္ကသိုလ်ဆောက်လုပ်မည်ဟု သတင်းများထွက်ပေါ်လာသဖြင့် ငွေကြေး တတ်နိုင်သူ များက ဝယ်ထားခဲ့ရာမှ အခြေအနေ မထူးသဖြင့် အောက်ဈေးဖြင့် ပြန်လည် ရောင်းချနေကြခြင်းဖြစ်ကြောင်း၊ အရောင်း အဝယ် ဖြစ်နေသည့် မြေကွက်များမှာ ပေ ၄၀ ပေ ၆၀၊ ပေ ၆၀ ပေ ၈၀ နှင့် ပေ ၈၀ ပတ်လည် မြေကွက်များ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပေ ၄၀ ပေ ၆၀ အကွက်များမှာ အများဆုံး အရောင်းအဝယ် ဖြစ်ပြီး၊ လမ်းမဘေး မြေကွက်ဈေးနှုန်းမှာ သိန်း တရာမှ သိန်း ၂၅၀ ထိ ရှိကြောင်း သိရသည်။ “ပုဗ္ဗဘက်မှာ အရောင်း အဝယ်တွေ ဖြစ်နေတယ်။ ပွဲစားတွေ အားလုံး အရောင်း အဝယ် ဖြစ်တဲ့ အကွက်စုမယ်ဆိုရင် တလကို အကွက် ၂၀ ပါးလောက်ထိ အရောင်းအဝယ် ဖြစ်နေကျတယ်။” ဟု နေပြည်တော် ရွှေလက်ပံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးကျော်စွာမြင့်က ဧရာဝတီသို့ ပြောသည်။ ပုဗ္ဗသီရိမြို့နယ် အတွင်းမှ မြေများကို ဈေးလျော့ ရောင်းချနေသည့်အတွက် အိမ်၊ ခြံ၊ မြေ ဝယ်လက်များကလည်း ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းကတည်းက စိတ်ဝင်စားမှုများ မြှင့်တက်လာသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောကြသည်။ ပျဉ်းမနားမြို့မှ စီးပွားရေး လုပ်ငန်းရှင် ဦးကျော်စိုးက “ ဦးတို့လည်း တက္ကသိုလ်ဆောက်မယ်ကြားတော့ ဝယ်ထားတာ၊ အခုပြန်ထုတ်ဖို့ ပွဲစားတွေနဲ့ ချိတ်ထားပြီ၊ ဘဏ်မှာ ထားရင်တောင် ဘဏ်တိုးလေးတော့ စားရမှာပေါ့” ဟု ပြောသည်။ နေပြည်တော်ကောင်စီ နယ်မြေရှိ မြို့နယ် ၈ ခုအတွင်း လူနေထိုင်မှု အနည်းဆုံးမြို့နယ် နှစ်ခုမှာ ဒက္ခိဏသီရိမြို့နယ် နှင့် ပုဗ္ဗသီရိမြို့နယ် ဖြစ်သည်။ အဆိုပါ မြို့နယ်များရှိ မြေကွက်များသည် လူနေထိုင်မှု စနစ်၊ ပတ်ဝန်းကျင် အနေအထားစသည်တို့ပေါ် မူတည်၍ ဈေးနှုန်းသိန်းထောင်ချီမှ သိန်း ဆယ်ဂဏန်းထိ အစားစား ရှိကြောင်း သိရသည်။ The post နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မြေကွက်များ အောက်ဈေးဖြင့် အရောင်း အဝယ်ဖြစ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2nuvsvg
via IFTTT

No comments:

Post a Comment