Boxing Day တွင် ရလဒ်အကောင်းဆုံး ပရီးမီးယားလိဂ်ကလပ်အဖြစ် မန်ယူအသင်း ရပ်တည် အင်္ဂလန်နိုင်ငံ၌ ဘောလုံးပြိုင်ပွဲများ ကျင်းပသည့် သက်တမ်းတစ်လျှောက် Boxing Day (ဒီဇင်ဘာ ၂၆ ရက်) တွင် ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်များတွင် မန်ယူအသင်းက ရလဒ်အကောင်းဆုံး ပရီးမီးယားလိဂ်ကလပ်အဖြစ် ရပ်တည်လျက်ရှိကြောင်း စစ်တမ်းတစ်ရပ်အရ သိရသည်။ ယင်းစစ်တမ်းကို ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လိဂ်ပြိုင်ပွဲများ စတင်ကျင်းပသည့် ၁၈၈၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လိဂ်ပြိုင်ပွဲလေးခု (ပရီးမီးယားလိဂ်၊ လိဂ်ချန်ပီယံရှစ်၊ League One ၊ League Two) တွင် Boxing Day ရလဒ်အကောင်းဆုံးအဖြစ် လိဂ်ချန်ပီယံရှစ်ကလပ် ဘာတန်အသင်းက ငါးပွဲကစား၊ လေးပွဲနိုင်၊ အနိုင်ရာခိုင်နှုန်း ၈၀ ဖြင့် ထိပ်ဆုံးနေရာ ရပ်တည်လျက်ရှိသည်။ Sky Sports စစ်တမ်းသည် နိုင်ပွဲရရှိမှုထက် ပျမ်းမျှအနိုင်ရာခိုင်နှုန်း အများဆုံးရရှိသည့်အသင်းများအား အစဉ်လိုက်ဖော်ပြထားခြင်းဖြစ်ပြီး MK Dons အသင်းက ၁၂ ပွဲကစား၊ ရှစ်ပွဲနိုင်၊ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ မန်ယူအသင်းက ၉၃ ပွဲကစား၊ ၅၁ ပွဲအနိုင်ရကာ ၅၄ ဒသမ ၈၄ ရာခိုင်နှုန်းဖြင့် တတိယနေရာ ရပ်တည်နေသည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်အသင်းများအနက် အနိုင်ရာခိုင်နှုန်းအများဆုံးအဖြစ် ရပ်တည်နေပြီး ၎င်း၏နောက်တွင် တန်းတက်ဘရိုက်တန်အသင်းက ၇၁ ပွဲကစား၊ ၃၅ ပွဲနိုင်၊ ၄၉ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ဟတ်ဒါဖီးလ်အသင်းက ၇၇ ပွဲကစား၊ ၃၆ ပွဲနိုင်၊ ၄၆ ဒသမ ၇၅ ရာခိုင် နှုန်းဖြင့် တတိယ၊ လီဗာပူးလ်အသင်းက ၈၇ ပွဲကစား၊ ပွဲ ၄၀ နိုင်၊ ၄၅ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် စတုတ္ထ၊ အဲဗာတန်အသင်းက ၈၉ ပွဲ ကစား၊ ပွဲ ၄၀ နိုင်၊ ၄၄ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် ပဉ္စမနေရာ ရပ်တည်လျက်ရှိသည်။ ရာသီဝက်အပြီးတွင် ရှုံးပွဲမရှိသေးဘဲ ဦးဆောင်နေသည့် မန်စီးတီး၊ ချယ်လ်ဆီး၊ စပါး၊ အာဆင်နယ်နှင့် ဝက်စ်ဘရွန်းအသင်းတို့ အစဉ်လိုက်ရပ်တည်နေပြီး ဝက်စ်ဘရွန်းအသင်းသည် ၁၂၉ နှစ်အတွင်း Boxing Day ပွဲအများဆုံး အဖြစ် ၁၀၁ ပွဲအထိ ကစားခွင့်ရထားသည်။ ယခုနှစ် ပရီးမီးယားလိဂ် Boxing Day ပွဲစဉ်အဖြစ် ရှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
Source : http://ift.tt/2DfzbzL
via IFTTT
No comments:
Post a Comment