ရဟန်းတစ်ပါးကို ထိုးကြိတ်ရိုက်နှက်ခဲ့၍ ဆိုင်ပိုင်ရှင်နှင့် အမျိုးသားတစ်ဦးကို အမှုဖွင့် ရန်ကုန်၊ နိုဝင်ဘာ ၃၀ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံရှိ စားသောက်ဆိုင် တစ်ဆိုင်သို့ အလှူလာခံသည့် ရဟန်းတစ်ပါးကို သံဃာ အတုဟုပြောဆိုကာ ထိုးကြိတ် ရိုက်နှက်ခဲ့သည့် ဆိုင်ပိုင်ရှင်နှင့် ယင်းဆိုင် လာရောက် စားသုံးသူတို့ကို အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က ယင်းစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုမှာ လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ထောက်ကြန့် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက စားသောက်ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ပြစ်မှုထင်ရှားကြောင်း ပေါ်ပေါက်သဖြင့် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားနှင့် ယင်းဆိုင်သို့ လာရောက် စားသုံးသူ အမျိုးသားတစ်ဦးတို့ကို ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ)၁၂၅၆။ ၂၀၁၇၊ ပြစ်မှု ဥပဒေပုဒ်မ ၂၉၅(ဘာသာ သာသနာကို စော်ကားမှု)။ ၃၂၃(မိမိအလိုအလျောက် နာကျင်စေမှု)။ ၁၁၄(ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲအရာရှိက ပြောသည်။ "လတ်တလော စိစစ်ချက်အရ စားသောက်ဆိုင်ပိုင်ရှင်နဲ့ ဆိုင်လာပြီး သောက်စားနေတဲ့ အမျိုးသားတစ်ယောက်က ဘုန်းကြီးတစ်ပါး ဆိုင်ထဲ ဝင်လာပြီး ဘီယာ လာဝယ်တယ် ပြောတယ်။ ဒါနဲ့ သူတို့တွေ အပြန်အလှန် ပြောဆိုရာကနေ ဘုန်းကြီးက တောင်ဝှေးနဲ့ စရိုက်လို့ ဒေါသဖြစ်ပြီး ထိုးကြိတ်ခဲ့တာလို့ ထွက်ဆိုထားတယ်။ အသေးစိတ်ကိုတော့ အမှုဖွင့်စစ် ဆေးနေဆဲပါ"ဟု အဆိုပါရဲအရာရှိက ရှင်းပြသည်။ ထိုးကြိတ်ရိုက်နှက်ခံရသည့် ရဟန်းသည် လှည်းကူးမြို့နယ်ရှိ ရမ္မာဝတီ ကျောင်းတိုက်၌ နေထိုင်ပြီး ဘွဲ့အမည်မှာ ဦးဣန္ဒကဖြစ်ပြီး ၎င်းကို မြို့နယ်သံဃ နာယကအဖွဲ့က ခေါ်ယူသတိပေး၍ ခံဝန် ကတိရေးထိုးစေခဲ့ကြောင်း ထောက်ကြန့် နယ်မြေရဲစခန်းထံမှ သိရှိရသည်။
Source : https://goo.gl/6DD4XH
via IFTTT
No comments:
Post a Comment