“ဝ” နှင့် တရုတ်အစိုးရ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး သဘောတူစာချုပ် ချုပ် ရန်ကုန်၊ ဒီဇင်ဘာ ၄ “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) နှင့်တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရတို့အကြား မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ယူနန်ပြည်နယ်အစိုးရနှင့် “ဝ” တပ်ဖွဲ့ခေါင်းဆောင်များ ဒီဇင်ဘာလ ၂ရက်တွင် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းတွင် တွေ့ဆုံခဲ့ကြပြီး ယင်းသို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဘိန်းပပျောက်ရေးတို့ကို လက်မှတ်ရေးထိုး သဘောတူခဲ့ခြင်းဖြစ်သည်။ “ဝ”ဒေသတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးသွားရေး ကိစ္စရပ်များနှင့်ပတ်သက်၍ နည်းပညာပိုင်း အကူအညီများ၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ရေး အကူအညီများကို တရုတ်နိုင်ငံက ပေးအပ်သွားရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း “ဝ” ပြည်သွေး စည်းညီညွတ်ရေး ပါတီ၏ ပြည်ပဆက်ဆံရေး အရာရှိ ဦးညီရမ်းက ပြောကြားသည်။ “ဘယ်လိုလဲဆိုတာတော့ အသေးစိတ် ဖော်ပြထားတာ မရှိဘူး။ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက် ဖြစ်တဲ့ ဒီစိုက်ပျိုးရေးတွေကို လုပ်ဆောင် ပေးဖို့ပါ}} ဟု ゞင်းက ဆိုသည်။ ယင်းသို့ “ဝ” တပ်ဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို မြန်မာအစိုးရနှင့် လက်မှတ်ထိုးခြင်းမရှိဘဲ ယင်းသို့ ယူနန်အစိုးရနှင့် သဘောတူခြင်းအပေါ် ဝေဖန်မှုအချို့လည်း ရှိနေသည်။ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကလည်း “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ထိန်းချုပ်နယ်မြေအတွင်းမှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကို ယင်းအဖွဲ့က ပြုလုပ်သွားခဲ့ပြီး “ဝ” နယ်အတွင်း မူးယစ်ဆေးဝါး မရှိတော့ဟု ထုတ်ပြောခဲ့သည်။ UWSA တပ်စခန်းများ စိုးမိုးသည့် နယ်တစ်လျှောက် ထိုင်း-မြန်မာ နယ်စပ်ကြားတွင် တပ်စခန်းများကို ခိုးဖြတ်၍ ပြည်ပသို့ ခိုးထုတ်သည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားမှုများ ပြုလုပ်ထားသော်လည်း UWSA ထိပ်ပိုင်းခေါင်း ဆောင်အချို့သည် ကမ္ဘာ့ထိပ်တန်း မူးယစ်ရာဇာစာရင်းတွင် ပါဝင်နေဆဲဖြစ်ပြီး အမေရိကန် အစိုးရကလည်း အမည်ပျက်စာရင်းမှ ဖယ်ရှားပေးခြင်း မရှိသေးပေ။
Source : https://goo.gl/irjze1
via IFTTT
No comments:
Post a Comment