Thursday, December 21, 2017


၂၁ ပင်လုံ တက်ရေးထက် ငြိမ်းချမ်းရေး ဆွေးနွေးမှု လမ်းဖွင့်ပေးရန် လိုဟု TNLA ပြော လာမည့် ဇန်နဝါရီလတွင် ကျင်းပမည် ဖြစ်သော ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရေးထက် ငြိမ်းချမ်းရေး ဆွေးနွေးမှု လမ်းဖွင့်ပေးရန် လိုအပ်ကြောင်း တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ပြောဆိုလိုက်သည်။ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) က ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် တချို့ ကို တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရန်နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးရန် တိုက်တွန်းနေခြင်းနှင့် ပတ်သက်ပြီး ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က “UWSA က ကိုယ်စားလှယ်ကို ဦးသိန်း ဇော် နဲ့ ဦးခင်ဇော်ဦးတို့က NCA ထိုးဖို့ ပြောတယ်။ နောက် တတိယ အကြိမ် ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ဖို့ ဖိတ်တယ်။ ဒါကို UWSA ဘက်က FPNCC အနေနဲ့သာ တက်ရောက်နိုင်တယ် ဆိုတာကို ပြန်ပြောခဲ့တယ်လို့ ကျနော်တို့ကို အကြောင်းကြားခဲ့တယ်။ ညီလာခံ တက်ရောက်ရေးက နောက် တဆင့် ထားလိုက် အရင်ဆုံး ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ အတွက် လမ်းဖွင့်ပေးရမယ်”ဟု ပြော သည်။ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် TNLA သည် FPNCC အဖွဲ့ဝင်များ ဖြစ်သည်။ ဒီဇင်ဘာ ၁၅ ရက်က ငြိမ်းချမ်းရေး ကော်မရှင် (PC) ဒု ဥက္ကဌ ဦးသိန်းဇော်နှင့် အတွင်းရေးမှူး ဦးခင်ဇော်ဦး တို့ သည် တရုတ်နိုင်ငံ၌ UWSA ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ NCA ထိုးရန်နှင့် တတိယအကြိမ် ကျင်းပ မည့် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ခေါ် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ အစိုးရနှင့် တပ်မတော်သည် မြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားသော FPNCC ကို အသိ အမှတ် မပြုကြောင်း၊ FPNCC အနေဖြင့် မတွေ့ဆုံဘဲ တဖွဲ့ချင်း သို့မဟုတ် အုပ်စုခွဲ၍ တွေ့ဆုံနိုင်ကြောင်း၊ NCA လမ်းကြောင်း အတိုင်းသာ တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း စသဖြင့် သဘောထား ချမှတ် ထား သည်။ FPNCC ကမူ NCA မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးဘဲ ၇ ဖွဲ့ဖြင့် ဖွဲ့စည်း ထား သော FPNCC အနေဖြင့်သာ တွေ့ဆုံ ဆွေးနွေးရန် စသဖြင့် မူဝါဒ ချမှတ်ထားသည်။ “တရုတ်မှာ တွေ့ဆုံမှုကို ကျနော်လည်း မသိဘူး။ သူတို့ ဘာတွေ ဆွေးနွေးခဲ့လဲ ဆိုတာကို”ဟု ငြိမ်းချမ်းရေး ကော်မရှင် (PC)မှ ဦးအောင်စိုးက ပြောသည်။ FPNCC တွင် UWSA ၊ ဒီမိုကရေစီ အမျိုးသား မဟာမိတ် တပ်မတော် (NDAA)၊ ကချင် လွတ်လပ်ရေး တပ် မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင် ကြသည်။ ငြိမ်းချမ်းရေး ကော်မရှင် (PC) သည် UWSA နှင့် NDAA ခေါင်းဆောင်များကို တွေ့ဆုံ၍ NCA ထိုးရန်၊ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရန် ဆွေးနွေးမှုများ မကြာခဏ ပြုလုပ်နေသော်လည်း MNDAA၊ AA၊ TNLA၊ KIA၊ SSPP တို့ပါသော FPNCC အနေဖြင့်မူ တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်သေးပေ။ “FPNCC ကို တွေ့ကြည့်လိုက်ပါ။ တွေ့ကြည့်ပြီး ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ဘယ်လို သွားရင် အဆင်ပြေနိုင်သလဲ ဆိုတာ အဖြေရှာကြမယ်။ ငြိမ်းချမ်းရေး တကယ်လုပ်ချင်တယ် ဆိုရင် ကော်မတီ ကို အရင် တွေ့ကြည့်ပါ။ တွေ့ဆုံနိုင်ရေး လမ်းကြောင်းကို ဖွင့်ပေးဖို့လိုတယ်။ အခု FPNCC ကို အသိ အမှတ် မပြုဘူး မတွေ့ဘူးဆိုတော့ ဆွေးနွေးညှိနှိုင်းမှုက အခု လက်ရှိမှာ အလုပ်မဖြစ်ဘူး”ဟု ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြော သည်။ ၂၁ ရာစု ပင်လုံ ညီလာခံ တတိယအကြိမ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံး အပတ်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း NCA အကောင် အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) က ချမှတ် ထားသည်။ ၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှ ၂၉ ရက်ထိ ကျင်းပခဲ့သော ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တရုတ် နိုင်ငံ၏ ကြားဝင် စေ့စပ် ညှိနှိုင်းမှုကြောင့် FPNCC အဖွဲ့ဝင်များ တက်ရောက်ခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အဖွဲ့ခွဲ၍ တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ The post ၂၁ ပင်လုံ တက်ရေးထက် ငြိမ်းချမ်းရေး ဆွေးနွေးမှု လမ်းဖွင့်ပေးရန် လိုဟု TNLA ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2kRsX1z
via IFTTT

No comments:

Post a Comment