လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များအတွင်း ပြည်သူ့ဘဝလုံခြုံရေးကို ထိခိုက်စေသော ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူများအား ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့က အင်အားပြည့် ပိတ်ဆို့ဖမ်းဆီးအရေးယူ ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များ တွင် လူဦးရေသိပ်သည်းထူထပ်ခြင်း၊ အခြားဒေသများမှ ဝင်/ထွက်သွားလာ သူ များပြားခြင်းကြောင့် စရိုက်ဆန်သည့် လူဆိုးလူမိုက်များ ၊ ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူများမှ အခွင့်ကောင်းယူကာ ပြည်သူများအပေါ် ဗိုလ်ကျအနိုင်ကျင့်မှုများ၊ ပြည်သူ့ဘဝ လုံခြုံရေးကို ထိခိုက်စေသည့် မှုခင်းများပြုလုပ်နေကြောင်း သိရှိရသဖြင့် အဆိုပါ ပြစ်မှုကျူးလွန်တတ်သူ များကို ဖော်ထုတ်ဖမ်းဆီးအရေးယူရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အင်အားပြည့် ပိတ်ဆို့ဖမ်းဆီးအရေးယူလျက်ရှိ ကြောင်းသိရသည်။ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များတွင် လူဆိုးလူမိုက်များ၊ ဆိုးသွမ်းရမ်းကားသူများ၊ ဒုစရိုက်မှု ကျူးလွန်တတ်သူများ၊ ခိုး၊ ဆိုး၊ လု၊ နှိုက် များကြောင့် အေးချမ်းစွာနေထိုင် လိုကြသည့် အများပြည်သူတို့မှာ စိုးရိမ်ကြောက်ရွံ့နေကြရကြောင်း သတင်းများရရှိခဲ့သဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အစီအမံဖြင့် ၂၇.၁၁.၂၀၁၇ ရက်နေ့မှ စတင်၍ လူဆိုးလူမိုက်များ၊ ဆိုးသွမ်းရမ်းကားသူများ၊ ခိုး၊ ဆိုး၊ လု၊ နှိုက်တတ်သူများ ကို သတင်းရယူကာ ရဲတပ်ဖွဲ့ဝင်အင်အားပြည့်ဖြင့် လမ်းများတွင် ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်တတ်သူ များနေထိုင်သွားလာသည့်နေရာ များသို့ စီးနင်းရှာဖွေဖမ်းဆီးခြင်း၊ သတင်းကျော်ဇောသူများအား ပြစ်မှုကျူးလွန် ခြင်းမရှိစေရေးအတွက် ဖမ်းဆီးအရေးယူခြင်းတို့ဆောင်ရွက် ခဲ့ရာ ၂၄.၁၂.၂၀၁၇ ရက်နေ့ အထိ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေအရ (၅၂)မှု၊ ရဲအက်ဥပဒေအရ (၉၃)မှု၊ ပြည့်တန်ဆာအက်ဥပဒေအရ (၇)မှု၊ လက်နက် များ အက်ဥပဒေအရ(၂၉)မှု၊ လောင်းကစားဥပဒေအရ(၆)မှု၊ မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေဝါး များဆိုင်ရာဥပဒေအရ (၄) မှု၊ ယစ်မျိုးဥပဒေအရ (၁၃)မှု၊ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၄ အရ(၇၁)မှု၊ စစ်ပြေး(၁၁) ဦးနှင့် တရားခံပြေး (၈)ဦး၊ ရဲဘက်ပြေး (၃)ဦးတို့အား ဖမ်းဆီးရမိအရေးယူခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်အတွင်း အများပြည်သူ စိုးရိမ် ကြောက်ရွံ့နေရသည့် လူဆိုးလူမိုက်များနှင့် ဆိုးသွမ်းရမ်းကားသူများ၊ ပြစ်မှုကျူးလွန်တတ်သူများ အား အရှိန်မြှင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ရာ အများပြည်သူအနေဖြင့် သတင်းရရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေး ပါရန် အသိပေးဖော်ပြအပ်ပါသည်- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ၁၉၉၊ ၀၁-၂၃၂၃၁၉၉ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ၀၁-၆၄၅၈၂၃၊ ၀၁-၆၄၅၈၂၄ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ၀၁-၆၄၅၀၁၅ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ၀၁-၆၁၀၆၆၄ လှိုင်သာယာမြို့မရဲစခန်း၊ ၀၁-၆၄၅၀၁၆၊ ရွှေပြည်သာမြို့မရဲစခန်း၊ ၀၁-၆၁၀၆၆၇
Source : http://ift.tt/2BEexc8
via IFTTT
No comments:
Post a Comment