Monday, October 23, 2017


အကောင်းဆုံး တန်ဖိုးနည်း Android ဖုန်းကို ရွေးမယ် ဆိုရင်… ဈေးကွက်ထဲမှာ လူသုံးအများဆုံး OS စနစ်ဖြစ်တဲ့ Android စနစ်သုံး ဖုန်းတွေထဲမှာ တန်ဖိုးနည်း မော်ဒယ် အဖြစ် ထုတ်လုပ်ထားပြီး မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကြောင့် အကောင်းဆုံး အဖြစ် သတ်မှတ်နိုင်မယ့် မော်ဒယ်တွေ အကြောင်း ပြောပြပါမယ်။ဈေးကွက်ထဲမှာ လူသုံးအများဆုံး OS စနစ်ဖြစ်တဲ့ Android စနစ်သုံး ဖုန်းတွေထဲမှာ တန်ဖိုးနည်း မော်ဒယ် အဖြစ် ထုတ်လုပ်ထားပြီး မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကြောင့် အကောင်းဆုံး အဖြစ် သတ်မှတ်နိုင်မယ့် မော်ဒယ်တွေ အကြောင်း ပြောပြပါမယ်။ အကောင်းဆုံးမော်ဒယ် Moto G5 Plus ။ ။ အရင်နှစ်က ထွက်ခဲ့တဲ့ G4 မော်ဒယ်ရဲ့ နောက်ဆက်တွဲ အဖြစ် အားနည်းချက်တွေကို ပြင်ဆင်ပြီး အကောင်းဆုံး ပုံစံနဲ့ ထွက်လာတာပါ။ အခုနှစ် အတွက် အကောင်းဆုံး တန်ဖိုးနည်းဖုန်း အဖြစ် ရွေးချယ်ခံရလောက်အောင် ကောင်းမွန်ပြည့်စုံလာပါတယ်။ Full HD ရုပ်ထွက်ထိအောင် ပြသပေးနိုင်မယ့် ၅ ဒသမ ၂ လက်မအရွယ် မျက်နှာပြင်ရှိပါတယ်။ Snapdragon 625 အထိုင် ထိုင်ထားတယ်၊ ဘက်ထရီက 3000 mAh ထိ ထိန်းနိုင်တယ်၊ ကင်မရာပိုင်းကလည်း 12 MP ရှိတဲ့ ကင်မရာစနစ်ဖြစ်ပေမယ့် အလင်းနည်းတဲ့ အနေအထားမှာပါ အကောင်းဆုံးရိုက်ကူးပေးနိုင်တဲ့ အချက်တွေက စိတ်ကြိုက် ဖြစ်လာစေပါတယ်။ Galaxy S7 ရဲ့ ကင်မရာနဲ့ အတူတူ ပုံထွက် ကောင်းတာတွေ့ရပါတယ်။ ဈေးနှုန်းကဒေါ်လာ ၂၅၀ ပဲ ရှိပါတယ်၊ ဒီလို G5 Plus ကို အကောင်းဆုံးလို့ ရွေးရတဲ့ အကြောင်းရင်းက 2GB RAM နဲ့ 32 GB ရှိတဲ့ Memory မော်ဒယ်ကို ၂၂၉ ဒေါ်လာနဲ့ ရမယ်၊ RAM 4GB နဲ့ Memroy 64GB ဆိုရင် ဒေါ်လာ ၂၉၉ ပဲ ကျမယ်၊ ရွေးချယ်စရာလည်း ရှိတယ်၊ ဈေးလည်း မများဘူး၊ ဖုန်းရဲ့ အရွယ်ကလည်း ၅ ဒသမ ၂ လက်မတည်း ဖြစ်လိ့ု လက်ထဲမှာလည်း ကိုင်တွယ် အသုံးပြုရတာ အဆင်ပြေတယ်၊ Amazon လိုနေရာမှာ ဝယ်ရင် ၄၅ ဒေါ်လာလောက်ထိ သက်သာပြီး ၁၈၄ ဒေါ်လာလောက်နဲ့တောင် ရနိုင်နေတာ ဖြစ်ပါတယ်။ သတ္တုကိုယ်ထည်နဲ့ အကောင်းဆုံးဖုန်း Honor 6X ။ ။ ရှေ့ထွက် 5X မော်ဒယ်ရဲ့ နေရာကို အစားထိုး ဈေးကွက်ဝင်လာ တဲ့ အခုမော်ဒယ်က ဒီဇိုင်းနဲ့ နည်းပညာပိုင်း သိပ်တော့ ပြောင်းလဲထားတာ မရှိပေမယ့် ဈေးနှုန်းဒေါ်လာ ၂၁၀ လောက်နဲ့ ရနိုင်တဲ့ ကိုယ်ထည် မာကျောတဲ့ ဖုန်းပါ။ မျက်နှာပြင်လည်း ကြီးတယ်၊ Memory လည်း များတယ်၊ SD ကတ်လည်း စိုက်နိုင်တယ်၊ လက်ဗွေဖတ်စနစ်လည်း ပါတယ်၊ သတ္တုသား ကိုယ်ထည်နဲ့ ဖြစ်လို့ အကြမ်းလည်း ခံတယ်။ အသေးစား ဖုန်းထဲက အကောင်းဆုံးဖုန်း Moto E4 ။ ။ E မော်ဒယ်တွေ အများစုက ဈေးအရမ်းချိုပါတယ်၊ ဒီဇိုင်းက လှပတာထက် သေသပ်ပေါ်လွင်မှု ရှိတယ်၊ HDရုပ်ထွက်ကို ၅ လက်မ အရွယ် မျက်နှာပြင်စနစ် ပါရှိတယ်၊ Snapdragon 425 အထိုင်ကို သုံးထားတယ်၊ ဘက်ထရီက 2800 mAh အားထိန်းနိုင်တယ်၊ လက်ဗွေဖတ်စနစ်လည်း ပါတယ်၊ ကင်မရာကတော့ 8MP ပဲ ရှိပြီးအရမ်းတော့ မကောင်းပါဘူး။ ဒါပေမယ့် ဈေးနှုန်းကဒေါ်လာ ၁၂၉ နဲ့တင် ရနိုင်နေပါပြီ။ ဘက်ထရီအကောင်းဆုံးဖုန်း Moto E4 Plus ။ ။ E4 မော်ဒယ်နဲ့ စာရင်တော့ ဈေးနည်းနည်း ပိုပေမယ့် မျက်နှာပြင်စနစ်က ပိုပြီး ကြီးပါတယ်။ ဘက်ထရီကလည်း စွမ်းအင် ထိန်းနိုင်မှု ပိုလာပါတယ်၊ 5000 mAh အရွယ် ဖြစ်လာတာပါ။ ဘက်ထရီ သက်တမ်းက အားအပြည့်နဲ့ ဆိုရင် ပုံမှန်သုံး အနေအထားမှာ ၃ ရက်ထိအောင် သုံးနိုင်တယ်၊ ကင်မရာက 13MP ထိဖြစ်လာတယ်၊ Selfie ကင်မရာအတွက် 5MP ပါရှိတယ်၊ Android စနစ်သုံး Software ကောင်းတွေကို စုထည့်ထားတာလည်း တွေ့ရတယ်၊ ဈေးနှုန်းက ၁၃၉ ဒေါ်လာထိ ရှိပြီး လက်ရှိ အရွယ်တူဖုန်းတွေထဲမှာတော့ ဘက်ထရီ သက်တမ်း အကြာဆုံး သုံးနိုင်တဲ့ ဖုန်းအဖြစ် ရှိနေတာပါ။ မျက်နှာသစ်ထဲက အကောင်းဆုံးဖုန်း Wiley fox Swift 2 X ။ ။ အင်္ဂလန် အခြေစိုက် ဖုန်းကုမ္ပဏီသစ်ရဲ့ မော်ဒယ်ပါ။ ရှေ့ထွက် Swift 2 မော်ဒယ်ကို အဆင့်မြှင့်ပြီး 2 X အဖြစ် ထွက်ထားတာ ဖြစ်ပါတယ်။ 1080p နှုန်းနဲ့ ပြသပေးနိုင်တဲ့ ၅ ဒသမ ၂ လက်မ အရွယ် မျက်နှာပြင်စနစ်နဲ့ ဖြစ်ပြီး Chip ပိုင်းမှာ Snapdragon 430 ကို သုံးထားတယ်၊ RAM က 3GB ထိအောင် ပါရှိတယ်၊ ဘက်ထရီက 3010mAh အားထိန်း ဘက်ထရီဖြစ်ပြီး Quick Charge ဆိုတဲ့ အားအမြန်သွင်း စနစ်ကို သုံးနိုင်သေးတယ်၊ ကင်မရာက 16 MP ထိအောင် ရှိပြီး ရုပ်ထွက် အထူးကောင်းတယ်၊ လက်ဗွေဖတ်စနစ်ပါတယ်၊ Sim ကတ် ၂ ကတ်ထည့်နိုင်တဲ့ မော်ဒယ်ပါ။ ဈေးနှုန်းစတာလင်ပေါင် ၂၁၉ ပဲ ရှိပါတယ်။ Android v.7.1.1 ကို သုံးနိုင်မယ်၊ Moto G4 Plus နဲ့ ပြိုင်ဘက် ဖြစ်နေပြီး Software ပိုင်းပိုကောင်းချင်ရင် အခုမော်ဒယ်ကို ရွေးရမှာပါ။ အားလုံးထဲက အကောင်းဆုံး Moto G5 Plus ။ ။ အထက်မှာ ပြောခဲ့တဲ့ အပိုင်းတခုချင်းစီမှာ ကောင်းတဲ့ ဖုုန်းတွေထဲက အကောင်းဆုံး ဖုန်းကို ပြန်ရွေးရရင်တော့ Moto ရဲ့ G5 Plus မော်ဒယ်ကို ရွေးရမှာ လို့ ပြောချင်ပါတယ်။ Full HD ရုပ်ထွက် ကြည့်နိုင်တယ်၊ အသုံးပြုရမှုလည်း မြန်ဆန်တယ်၊ ဘက်ထရီကလည်း 3000 mAh ဘက်ထရီကို သုံးထားပြီး အားထိန်းနိုင်မှု ကောင်းတယ်၊ Chip အထိုင်မှာ Snapdragon 625 ကို တွေ့ရတယ်၊ 12MP ကင်မရာစနစ်၊ Samsung Galaxy S7 ရဲ့ ကင်မရာနဲ့ တူညီတဲ့ ကင်မရာပုံထွက်တွေက သဘောကျစရာပါ။ ဒေါ်လာ ၂၅၀ ဝန်းကျင်ပဲ ဈေးရှိတဲ့ အတွက် အားလုံးထဲမှာ အကောင်းဆုံး မော်ဒယ် အဖြစ် ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ Ref: http://ift.tt/sOX6Mf The post အကောင်းဆုံး တန်ဖိုးနည်း Android ဖုန်းကို ရွေးမယ် ဆိုရင်… appeared first on ဧရာဝတီ.
Source : http://ift.tt/2xgKe9e
via IFTTT

No comments:

Post a Comment