အင်ဒိုနီးရှား စစ်တပ်အကြီးအကဲ အမေရိကန်ပြည်ဝင်ခွင့် ငြင်းပယ်ခံရ အမေရိကန် ပူးတွဲစစ်ဦစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဒန်းဖို့ဒ်ရဲ့ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုကို သွားရောက်တဲ့ အင်ဒိုနီးရှား တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂါတော့ နာမန်တိုကို လေဆိပ်မှာ အကြောင်းပြချက်မရှိပဲ ပြည်ဝင်ခွင့် ငြင်းပယ်လိုက်တယ်လို့ Bangkok Post သတင်းက ဆိုပါ တယ်။ အင်ဒိုနီးရှား တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂါတော့ နာမန်တို့ နဲ့ ဇနီးဟာ ဝါရှင်တန်မှာ ပြုလုပ်မယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန်စစ်ဖက်က ဖိတ်ကြားချက်ကြောင့် စနေနေ့ နှောင်းပိုင်းမှာ ဝါရှင်တန်ကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဂါတော့ နာမန်တိုရဲ့ ပြောကြားချက်ကတော့ သူနဲ့ သူဇနီးဟာ အမ်းမရိတ်လေကြောင်း လိုင်းနဲ့ သွားရောက်ခဲ့တာ ဖြစ်ပြီး၊ အမေရိကန် အကောက်ခွန်ဌာနနဲ့ နယ်စပ်ကာကွယ်ရေးဌာနက အကြောင်းပြ ချက်မပေးပဲ ပြည်ဝင်ခွင့်ငြင်းပယ်လိုက်တာလို့ သိရပါတယ်။ ဝါရှင်တန် ဒီစီမှာရှိတဲ့ အင်ဒိုနီးရှားသံရုံးက ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရှင်းလင်းဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို မေးမြန်းထားသလို၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ရှိတဲ့ အမေရိကန် သံရုံးကိုလည်း ဆင့်ခေါ်ကာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဂျာကာတာအခြေစိုက် အမေရိကန်သံရုံးကလည်း အင်ဒိုနီးရှား တပ်မတော်အကြီးအကဲကို အကြမ်း ဖက်မှု တိုက်ဖျက်ရေး အစည်းအဝေးတက်ရောက်ဖို့ အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဒန်းဖို့ဒ်က ဖိတ်ကြား တာမှန်ကန်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။ အလားတူ အမေရိကန်သံရုံးက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို တောင်းပန်ခဲ့သလို အခုလို အဆင်မပြေ မှုဟာ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ အငြင်းပွားမှုကြောင့် အင်ဒိုနီးရှား တပ်မတော်အကြီးအကဲ ဓားစာခံဖြစ်ရတာလို့ ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီးရှားနိုင်ငံဟာ သမ္မတဒေါ်နယ်ထရမ့်အစိုးရက စက်တင်ဘာ ၂၄ရက်နေ့က ထုတ်ပြန်တဲ့ ခရီးသွားလာမှု ကန့်သတ်ခဲ့တဲ့ မွတ်စလင် နိုင်ငံ ၆နိုင်ငံမှာ ပါဝင်ခြင်းမရှိပါဘူး။ The post အင်ဒိုနီးရှား စစ်တပ်အကြီးအကဲ အမေရိကန်ပြည်ဝင်ခွင့် ငြင်းပယ်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2gC9zYt
via IFTTT
No comments:
Post a Comment