Saturday, October 7, 2017


ရွှေဝယ်ယူမှု အများဆုံး နိုင်ငံ(၁၀)နိုင်ငံ ဒီနေ့ ကမ္ဘာရဲ့သန်းကြွယ်သူဌေးတွေကနေ အလွှာစုံသော လူတွေထိအောင် အဝါရောင် ပြောင်ပြောင်လက်လက် သတ္တု တမျိုး ဖြစ်တဲ့ ရွှေကို သဘောကျ နှစ်သက်ကြပြီး နိုင်ငံအလိုက်၊ ပိုင်ဆိုင်မှုအလိုက် အနည်းနဲ့အများတော့ ဝယ်ယူစုဆောင်းသူ၊ ဝတ် ဆင်သူ၊ ရင်းနှီးလုပ်ကိုင်သူတွေ အများကြီး ရှိနေကြတာ အမှန်ပါ။ ဒီလို ရွှေရဲ့တန်ဖိုးရှိမှုနဲ့အတူ ဝယ်ယူသူတွေရဲ့ဝယ်လိုအားအရ ဒီနေ့ခေတ် ရွှေဝယ်ယူမှု အများဆုံးနိုင်ငံတွေရဲ့စာရင်းကို GFMS Gold Survey အရ သိရအောင် ပြောပြချင်ပါတယ်။ (၁) တရုတ် ၂၀၁၆ခုနှစ်အတွင်း အိန္ဒိယနဲ့ အမေရိကန်တို့ထက်ကိုပဲ တရုတ်က ရွှေပိုဝယ်ခဲ့ပါတယ်။ ဝင်ငွေများ လူဦးရေ တိုးတက်လာမှု၊ ကမ္ဘာ့ ဒုတိယအင်အားအတောင့်ဆုံး စီးပွားရေး နိုင်ငံဖြစ်လာမှု၊ ရွှေတွင်းတွေကနေလည်း ရွှေပုံမှန် ထုတ်လုပ်နိုင်ခြင်းတွေ ရှိမှုက ရွှေဝယ်လိုအား တက်လာစေပါတယ်။ McKinsey & Companyကနေ ခန့်မှန်းချက်အရဆိုရင် ၂၀၂၅ ခုနှစ် အရောက်မှာ တကမ္ဘာလုံးရဲ့ရွှေနဲ့ ကျောက်မျက်ဆိုင်ရာ ဇိမ်ခံ အသုံးအဆောင်ဈေးကွက် အားလုံးရဲ့ ၄၄ရာခိုင်နှုန်းက တရုတ်မှာ ရှိလာဖို့ ရှိနေပြီး အခုလည်း တနှစ်ကို မက်ထရစ်တန် ၆၁၂.၅တန်လောက်ထိအောင် အရောင်းအဝယ် ရှိနေတာ ဖြစ်ပါတယ်။ (၂) အိန္ဒိယ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အိန္ဒိယတွေက ရွှေကို နှစ်သက်သလို အလှအပအနေနဲ့ ပိုပြီး ဝတ်ဆင်ခဲ့တာ ပါ။ ဒီနေ့ခေတ် ကမ္ဘာမှာလည်း မိသားစုအသုံးအဆောင်အဖြစ် ရွှေဝယ်မှုမှာ အိန္ဒိယဟာ ကမ္ဘာမှာ အများဆုံးပါ။ ရွှေတန်ချိန် ၂၄၀၀၀ လောက်ထိအောင် အိန္ဒိယမှာ ရှိနေတယ်လို့ ယူဆရပါတယ်။ ရွှေမရှိရင် အိမ်ထောင်ပြုဖို့တော့ အရာမဝင်လောက် အောင် အိန္ဒိယမှာ ရွှေက အရာဝင်တယ်လို့ ဆိုပါတယ်။ မက်ထရစ်တန် ၄၆၃.၁ တန်လောက်ထိအောင် အရောင်းအဝယ်ရှိ နေတာပါ။ (၃) အမေရိကန် ကယ်လီဖိုးနီးယားက Gold Rushတွင်းက အမေရိကန် သမိုင်းတလျှောက်မှာ အကြီးဆုံး ရွှေတွင်းအဖြစ် ရှိခဲ့ပါတယ်။ အမေ ရိကန်က ရွှေ ၁၀တန်မှာ ၉တန်က အဆိုပါ တွင်းကနေ ရခဲ့တယ်လို့တောင် ယူဆနိုင်ပါတယ်။ အခုထိ လုပ်ငန်းပိုင်း ရင်းနှှီးမြှုပ်နှံမှုတွေမှာ သုံးရင်း အမေရိကန်မှာ ရွှေဝယ်လိုအား အများဆုံး ရှိနေသေးပြီး မက်ထရစ်တန် ၁၃၈.၂တန်လောက်ထိအောင် အရောင်းအဝယ် ပုံမှန် ရှိနေတာပါ။ (၄) ယူအေအီး အာရပ်စော်ဘွားများနိုင်ငံရဲ့မြို့တော် ဒူဘိုင်းကိုယ်တိုင်က ကမ္ဘာပေါ်က နာမည်အကြီးဆုံး ရွှေအလှဆင်မြို့တော်တွေထဲက တခုပါ။ Gold Souk ဆိုတဲ့ ရွှေဈေးတန်းမှာတင် ရွှေဆိုင်ပေါင်း ၃၀၀လောက် ရှိနေပါတယ်။ ၂၀၁၁ခုနှစ်က Italian Trade Commissionရဲ့ ဖော်ပြချက်အရဆိုရင် တနှစ်ကို နိုင်ငံသား တဦးချင်းစီရဲ့ရွှေဝယ်ယူမှုက ပျမ်းမျှ ၃၄ ဂရမ်လောက် ရှိတယ်လို့ သိရပြီး မက်ထရစ်တန် ၄၆.၂တန်လောက်ထိအောင် အရောင်းအဝယ် ရှိနေတာပါ။ (၅) အီရန် ၂၀၁၆ တနှစ်လုံးစာ ပြန်ကြည့်မယ်ဆိုရင် အီရန်ဟာ ကမ္ဘာမှာ ပဉ္စမမြောက် အကြီးဆုံးရွှေဈေးကွက် ရှိနေတဲ့နိုင်ငံပါ။ ထူး ခြားချက်က သူ့ရဲ့ရွှေဝယ်လိုအားက အတက်၊ အကျ မရှိ တည်ငြိမ် ဝယ်လိုအားကောင်းနေတာ ဖြစ်ပါတယ်။ World Gold Council ကနေ ထုတ်ပြန်ချက်အရ အခုနှစ် ပထမ ၃လအတွင်း အီရန်ရဲ့ရွှေဝယ်လိုအားက ၂၇ ရာခိုင်နှုန်း ထိအောင် တက်လာခဲ့ပြီး မက်ထရစ်တန် ၃၉.၇ လောက်ထိအောင် အရောင်းအဝယ် ရှိနေခဲ့တာပါ။ (၆) တူရကီ ၁၉၉၅ ခုနှစ်ကနေ စတင် တည်ထောင်စောင့်ကြည့်နေတဲ့ Borsa Istanbul Precious Metals Markets ရဲ့စာရင်းတွေအရ ဇူလိုင်လအတွင်းကဆိုရင် တူရကီဟာ နိုင်ငံသမိုင်းတလျှောက် ရွှေတင်ပို့မှု အများဆုံး ပမာဏထိအောင် ရှိလာပါတယ်။ ဥရောပနဲ့ အာရှနိုင်ငံတွေကို တင်ပို့မှု ဖြစ်ပြီး အဆိုပါ တင်ပို့မှုအပြင် နိုင်ငံတွင်းရွှေဝယ်ယူမှုကလည်း ၃၉.၇ မက်ထရစ်တန် လောက်ထိအေင် ရှိနေခဲ့တာ ဖြစ်ပါတယ်။ (၇) ဆော်ဒီအာရေဗျ အစ္စလာလမ်နိုင်ငံ၊ ရှီးရိုက်တွေ အများစုနေထိုင်ရာ ဒီနိုင်ငံမှာ ရွှေကို အဆင့်မြင့် အလှဆင်အရာတခုအဖြစ် လူကြိုက်များပါ တယ်။ အရင်နှစ်အတွင်းကနေ စတင်ပြီး ရွှေကိုပါ ရင်းနှီးမြှပ်နှံမှု တခုအဖြစ် လုပ်ကိုင်လာပြီး အာမခံလုပ်ငန်းတွေ၊ ရင်းနှီး မြှုပ်နှံမှုနဲ့ ဘာသာရေး အဆောင်အယောင်တွေမှာ အသုံးပြုမှုနဲ့အတူ ဝယ်လိုအား သိသိသာသာ တိုးတက်လာပြီး တနှစ်ကို မက်ထရစ်တန် ၃၈.၁ တန်လောက်ထိအောင် အရောင်းအဝယ် ရှိနေတာပါ။ (၈) အင်ဒိုနီးရှား အင်ဒိုနီးရှားဆိုတာ ကမ္ဘာမှာ ရွှေတွင်း အများဆုံးရှိရာ၊ ရွှေထွက်ရှိမှုနှုန်း အများဆုံး နိုင်ငံတွေထဲက တခုပါ။ Grasbergဆိုတဲ့ တွင်းတတွင်းတည်းမှာတင် ရွှေတူးသမား ၁၈၀၀၀ လောက်ထိအောင် ရှိနေပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေကနေ စတင် ပြီး ရွှေထုတ်လုပ်နိုင်မှု အားကောင်းလာပြီး အခုလည်း တနှစ်ကို ရွှေ မက်ထရစ်တန် ၃၄.၂ တန်လောက်ထိအောင် ဝယ်ယူမှု ရှိနေ ဆဲ ဖြစ်ပါတယ်။ (၉) ရုရှား လွန်ခဲ့တဲ့ ၂နှစ် အတွင်းကနေ စတင်ပြီး ရုရှားဗဟိုဘဏ်ဟာ ကမ္ဘာမှာ အကြီးဆုံးရွှေစင်လဲလှယ်ပေးနိုင်တဲ့ ဘဏ်တခု ဖြစ်လာ ပြီး စာရင်းတွေအရ အခုနှစ် ဇွန်လ တလတည်းမှာတင် ရွှေအောင်စပေါင်း ၅၅သန်း လောက်ထိအောင် ငွေသားနဲ့ ရွှေစင်လဲ လှယ်ပေးနိုင်မှု ရှိခဲ့ပါတယ်။ ၂၀၁၆ခုနှစ်ကတည်း တဦးချင်း ရွှေဝယ်ယူမှုက စုစုပေါင်း ၃၀.၂ မက်ထရစ်တန်လောက်ထိအောင် ရှိခဲ့တာပါ။ (၁၀) အီဂျစ် လွန်ခဲ့တဲ့ ၁၃ ရာစုလောက်ကတည်းက အီဂျစ်မှာ ရွှေတွင်းတွေလည်း ရှိခဲ့သလို ရွှေထည် ဖန်တီးမှုပညာတွေ တိုးတက် ဖွံ့ဖြိုး လာသလို အီဂျစ်ပြည်သူတွေကလည်း ရွှေကို တန်ဖိုးထား ဝတ်ဆင်ဝယ်ယူလေ့ရှိကြပါတယ်။ တချို့ကလည်း ဘုရားသခင်က ပေးအပ်တဲ့အဆောင်အဖြစ် ယူဆကြပါတယ်။ တနှစ်ကို မက်ထရစ်တန် ၂၇.၉ တန် လောက် ထိအောင် ဝယ်ယူမှု ရှိတာ တွေ့ရပါတယ်။ http://ift.tt/eKERsB The post ရွှေဝယ်ယူမှု အများဆုံး နိုင်ငံ(၁၀)နိုင်ငံ appeared first on ဧရာဝတီ.
Source : http://ift.tt/2yNNBF3
via IFTTT

No comments:

Post a Comment