Saturday, October 7, 2017


အစိုးရဝန်ထမ်း ၅ သောင်းကျော်ကို ချေးငွေထုတ်ပေးထားဟု SMIDB ဘဏ်ပြော အသေးစား၊ အလတ်စားနှင့် စက်မှု ဖွံ့ဖြိုးရေးဘဏ် SMIDB က ၂၀၁၇ ခုနှစ်၊ ဇွန်လမှစတင်ပြီး အစိုးရဝန်ထမ်း ၅၄၀၀၀ ကျော်ကို အတိုး ၁ ရာခိုင်နှုန်းဖြင့် ချေးငွေ ၃၂ ဘီလီယံ ထုတ်ချေးခဲ့ကြောင်း သိရသည်။ SMIDB ဘဏ်၏အမှုဆောင် အရာရှိချူပ် ဦးဇေယျာညွှန့် က “ချေးငွေထုတ်ချေးတဲ့အခါ ဘယ်လောက် ချေးမယ်ဆိုတာ မသတ်မှတ်ထားဘူး၊ လာချေးသလောက် ချေးပေးတယ်။ အများဆုံး ချေးတာကတော့ နေပြည်တော်က ဝန်ထမ်းတွေ ချေးတာများတယ်။ လစာရဲ့ သုံးဆကိုချေးပေးပြီး အတိုး ၁ ရာခိုင်နှုန်းနဲ့ တနှစ်အတွင်း ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။” ဟု ဧရာဝတီသို့ ပြောသည်။ ဦးဇေယျာညွှန့် က “လိုသလောက်ချေးပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လစဉ် လတိုင်းတော့ ပထမအပတ်နဲ့ နောက်ဆုံး အပတ်ကိုတော့ အတိုးနှုန်းတွက်တဲ့ လုပ်ငန်းများဆောင်ရွက်ရတာကြောင့် ကြားထဲက နှစ်ပတ်မှာ ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ “ ဟုပြောသည်။ လတ်တလောတွင် အစိုးရရုံးပိတ်ရက်များကြောင့် ငွေထုတ်ချေးမှု ခေတ္တရပ်နားခဲ့ရာမှ အောက်တိုဘာ ၁၆ ရက်နေ့တွင် ပြန်လည်ထုတ်ချေးမည်ဖြစ်ရာ စာရွက်စာတမ်း စုံလင်သူကို ဦးစားပေးမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲအစိုးရဝန်ထမ်းများအားလုံး ချေးယူနိုင်ပြီး လျောက်လွှာပုံစံမှာ SMIDB ဘဏ်တွင် ရယူနိုင်မည် ဖြစ်ပြီး၊ လျှောက်ထားလိုသူ၏ ညွှန်ကြားရေးမှူး (သို့မဟုတ်) ဒုတိယ ညွှန်ကြားရေးမှူး ထောက်ခံချက်၊ လျှောက်လွှာလျှောက်ထားသူကို အာမခံပေးမည့် အခြားဝန်ထမ်း ၂ ဦး၏ မှတ်ပုံတင်နှင့် ဝန်ထမ်းကတ်မိတ္တူ ပူးတွဲပြီး လျှောက်ထားရမည်ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းတဦးဖြစ်သူ မဟန်မေက “ သူ့ အတိုးနှုန်းက တသိန်းမှ ၁ ထောင်တောင် မကျတော့ ချေးတဲ့သူတွေအတွက် အဆင်ပြေတယ်။ ၁၂ လခွဲဆပ်ရတော့ ပေးလို့ ပေးရမှန်းမသိဘူးလေ။” ဟု ရှင်းပြသည်။ အသေးစား၊ အလတ်စားနှင့် စက်မှု ဖွံ့ဖြိုးရေးဘဏ် SMIDB သည် မြန်မာ တနိုင်ငံလုံး၌ ဘဏ်ပေါင်း ၁၉ ဘဏ် မှ ထုတ်ချေးပေးလျှက်ရှိသည်ဟု သိရသည်။ The post အစိုးရဝန်ထမ်း ၅ သောင်းကျော်ကို ချေးငွေထုတ်ပေးထားဟု SMIDB ဘဏ်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2hTPnRQ
via IFTTT

No comments:

Post a Comment