တရုတ်က ဖိလစ်ပိုင်ကို ချေမှုန်းရေး ရိုင်ဖယ် အလက် ၃ထောင်ပေးအပ် တရုတ်- ဖိလစ်ပိုင် ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံက ချေမှုန်းရေး ရိုင်ဖယ် အလက် ၃ထောင်ကို ဖိလစ်ပိုင်သို့ ဒုတိယအကြိမ်ပေးပို့ခဲ့ကြောင်း Reuters သတင်းကဆိုသည်။ အမေရိကန်ဒေါ်လာ ၃.၃သန်းတန်ဖိုးရှိ တရုတ်လုပ် အော်တိုမက်တစ် ရိုင်ဖယ်များကို စစ်ဘက်တွင် အသုံးပြုမည်မဟုတ်ဘဲ ရဲတပ်ဖွဲ့ အတွက် လိုအပ်နေသည့် နေရာများတွင် အသုံးပြုမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင် လော်ရင်ဇာနာက ပြောသည်။ ဤသည်မှာ သမ္မတ ဒူတာတေးအနေဖြင့် ရန်သူဟောင်း ဘေဂျင်းအစိုးရနှင့် အနီးကပ်ဆက်ဆံရေး ရှာဖွေလာခြင်းကြောင့် ယခုကဲ့သို့ လက်နက်တင်ပိုရခြင်းဖြစ်ကြောင်း Reuters က ရေးသားသည်။ တရုတ်မှ ပို့လိုက်သည့် လက်နက်များ ပြသထားသည့် သတင်းစာရှင်းလင်းပွဲတွင် “တရုတ်အစိုုးရက အခုလို လက်နက်အထောက်အပံပေးတာ ကျနော်တို့အတွက် ကံကောင်းတာပဲ”ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။ ဖိလစ်ပိုင် ရဲတပ်ဖွဲ့အတွက် ယမန်နှစ်က အမေရိကန်လုပ် M-4 အမျိုးအစား အော်တိုမက်တစ် ရိုင်ဖယ် သေနတ် အလက် ၂၆၀၀၀ ကို ဝယ်ယူဖို့ စီစဉ်ခဲ့သော်လည်း သမ္မတ ဒူတာတေး၏ မူးယစ်ဆေးဝါး နှိမ်နင်းမှု၌ နိုင်ငံသား ထောင်ချီသေဆုံးခဲ့သဖြင့် လူ့အခွင့်အရေး ချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အမေရိကန်လွှတ်တော်က ပိတ်ပင်ခဲ့သဖြင့် လိုအပ်ချက်ရှိနေသည်။ ပြီးခဲ့သည့် ဇွန်လက တရုတ်လုပ် ချေမှုန်းရေး ရိုင်ဖယ် အလက် ၃ထောင်နှင့် စနိုက်ပါ ရိုင်ဖယ် အလက် ၁၀၀ ပေးပို့ခဲ့သေးရာ၊ ရဲတပ်ဖွဲ့တွင် ချေမှုန်းရေး ရိုင်ဖယ်များ အသုံးပြုခဲ့ပြီး၊ စနိုက်ပါ သေနတ်များကိုမူ စစ်ဘက်သုံး ပြုလုပ်ခဲ့သည်။ သို့သော် မဟာမိတ်ဟောင်း အမေရိကန်က အကူအညီပေးခဲ့သည့် လက်နက်အရေအတွက်ထက် နှိုင်းယှဉ်ပါက တရုတ်၏ ပေးအပ်မှုမှာ ပြောပလောက်အောင် မရှိဟု Reuters ကဝေဖန်သည်။ The post တရုတ်က ဖိလစ်ပိုင်ကို ချေမှုန်းရေး ရိုင်ဖယ် အလက် ၃ထောင်ပေးအပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2wBD7rM
via IFTTT
No comments:
Post a Comment