Yangon Water Bus အောက်တိုဘာ ၇ ရက် စတင်ပြေးဆွဲမည် Yangon Water Bus ကို အောက်တိုဘာလ ၇ ရက်နေ့၌ သင်္ဘော ၇ စီးနှင့် စတင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းတွင် ယနေ့ ပြုလုပ်သော Yangon Water Bus စတင်ဖွင့်လှစ်ခြင်း အခမ်းနားမှ သိရသည်။ တင့်တင့်မြန်မာ ကုမ္ပဏီမှ ဥက္ကဌ ဒေါ်တင့်တင့်လွင်က “သြစတြေးလျ နိုင်ငံက လူ ၂၃၀ နှင့် ၁၈၀ ထိုင်ခုံပါ စီးနိုင်တဲ့ သင်္ဘော ၃ စင်းပါ။ ထိုင်းက လူ ၆၀ စီးနိုင်တဲ့ သင်္ဘော ၃ စင်းပါပါတယ်။ မြန်မာပြည်က လူ ၁၅၀ စီး သင်္ဘော ၁၀ စင်း ပါတယ်။ ဒါပေမယ့် ၇ စင်းအရင် စပြေးဆွဲပါမယ်။ မှတ်တိုင်က ၇ ခုရှိပါတယ်။ ကျမတို့ ချထားမှတ်တိုင်က အမှန်ဆိုရင် ၉ ခုရှိပါ တယ်။ ကျမတို့မှာ CEO ရဲ့ သုံးသပ်ချက်အရ ပြည်သူလူထု ဝင်ရတာ ဝေးမယ့်နေရာတွေ လမ်းသွားလာရေး ခက်ခဲတဲ့ နေရာကို အမြန်ဆုံး YBS နဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေပါတယ်’’ဟု ပြောပြသည်။ စတင်ပြေးဆွဲမည့် အောက်တိုဘာ ၇ ရက်နေ့တွင် အခမဲ့ ပြေးဆွဲပေးမည် ဖြစ်ပြီး နေ့စဉ် နံနက် ၆း၃၀ မှ ညနေ ၆း၃၀ အထိ ရုံးချိန်များ၌ သင်္ဘောအကြီးများနှင့် အင်းစိန်မှ ဗိုလ်တထောင်သို့ ၄၅ မိနစ်ခန့်နှင့် အရောက် ပြေးဆွဲပေးမည် ဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။ အဆိုပါ Water Bus ပထမဆုံးပြေးဆွဲမည့် မှတ်တိုင်များမှာ ဗိုလ်တထောင်၊ ပန်းဆိုးတန်း (နန်းသီတာ)၊ လသာ (လမ်းသစ် တံတား)၊ ကြည့်မြင်တိုင်၊ ပန်းလိူင်၊ ဘုရင့်နောင် (လိူင်) နှင့် အင်းစိန်ုမြို့နယ် ဆိပ်ကမ်းတို့တွင် ဆိုက်ကပ် မည် ဖြစ်သည်။ ‘‘အခု ၃ လအတွင်း ထပ်တိုးချဲ့မှာ ဖြစ်ပါတယ်။ အခု စီးနင်းတဲ့ဦးရေပေါ်မှာ အခြေခံပြီးတော့ ဘယ်မှတ်တိုင်တွေ လို တယ်။ ဘယ်နေရာတွေ ထပ်ဖြည့်ရမလဲ ဆိုတာ လုပ်သွားမှာ ဖြစ်တယ်။ ရန်ကုန်တိုင်း အစိုးရနဲ့ လွတ်တော် ကိုယ်စား လှယ်တွေရဲ့ အကြံပေးချက်နဲ့ ဘယ်နေရာတွေမှာ ထပ်ဆွဲသင့်သလဲဆိုတာ လုပ်သွားမှာ ဖြစ်တယ်။ ထပ်မံတိုးချဲ့မယ် ဆိုလို့ရှိရင် အခုထက် ပိုမိုလျင်မြန်တဲ့ စာရွက်စာတမ်းပိုင်းဆိုင်ရာ အားလုံးကူညီပေးမယ်လို့ ပြောထားပါတယ်’’ဟု ဒေါ်တင့်တင့်လွင် က ပြောသည်။ ခရီးသွားပြည်သူများ၏ လုံခြုံရေးအပိုင်းတွင်လည်း ရေထဲ၌ ၂ နာရီမှ ၃ နာရီအထိ အသက်ရှင်နိုင်သည့် သက်ကယ် အကျႌများကို လူကြီးဝတ်၊ ကလေးဝတ်ခွဲ၍ Yangon Water Bus သင်္ဘောတွင် ဆန့်သည့် ခရီးသည်ဦးရေထက် ပို၍ ပြင်ဆင်ထားပြီး လူဦးရေကန့်သတ် စီးနင်းနိုင်သည့် အသက်ကယ် ဘောကွင်းများ၊ လုံခြုံရေး ဝန်ထမ်းတဦး၊ သင်္ဘော အတွက် လိုအပ်သော စီစီတီဗီ ကင်မရာများ အစရှိသည်တို့ကို တပ်ဆင်ထားကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။ ဆက်လက်၍ ဒေါ်တင့်တင့်လွင်က‘သက်ကယ်အကျႌ အခု ၅၀ လောက်ကို ပိုဝယ်ယူထားပါတယ်။ ပြည်တွင်း မော်တော် ဘုတ် တွေအတွက် မြင်သာတဲ့ နေရာမှာ ထားထားပါတယ်။ သြစတြေးလျက လာတဲ့ ဘုတ်တွေကိုတော့ ခုံအောက်မှာ ထားထားပါတယ်။ ဒါပေမယ့် အရေးပေါ်အခြေနေ လုံး၀ မကြုံအောင်တော့ ကျမတို့ စီမံခန့်ခွဲထားပါတယ်။ အသက် ကယ် အကျႌတခုတည်း သာမကဘဲ ဘောကွင်းတွေပါ လှေလိုမျိုး လူဦးရေ အရေအတွက်နဲ့ စီးလို့ရမယ့် ကျမတို့ လုပ်ဆောင် ထားပါတယ်’ဟု ပြောသည်။ ရေကြောင်း Yangon Water Bus စီးနင်းရာတွင် ထိုင်ခုံပြည့် ခရီးသည်သာ တင်ဆောင်မည် ဖြစ်ပြီး ကုန်ပစ္စည်းများကို လုံး၀ တင်ဆောင်ခွင့် ပြုမည် မဟုတ်ကြောင်း၊ အမြန် ရေယာာဉ်နှင့် ရိုးရိုးယာဉ် နှစ်မျိုးရှိပြီး အမြန်ရေယာဉ်မှာ သြစတြေးလျ နှင့် ထိုင်းတို့မှ ရေယာဉ်များ ဖြစ်ကြောင်း၊ ရိုးရိုးရေယာဉ်မှာ ပြည်တွင်းမှ ရေယာဉ်များဖြစ်ကြောင်း သိရ သည်။ တင့်တင့်မြန်မာ ကုမ္ပဏီမှ Yangon Water Bus ပရော့ဂျက်မန်နေဂျာ ကိုထွန်းနိုင်လင်းကလည်း“ပြည်ပနဲ့ ပြည်တွင်း ရေယာဉ် ဘာကွာသွားမလဲ ဆိုတော့ ဝန်ထမ်းတွေရဲ့ ရုံးချိန်ကြည့်ပြီး အကြောင်းရေ ကစားမှာဖြစ်တယ်။ မြန်မြန် ရောက် တာနဲ့ အချိန်လေး နဲနဲနှေးတာပဲရှိတယ်။ လက်မှတ်ခတော့ ကျပ် ၃၀၀ ပဲဖြစ်တယ်။ ၇ ရက်နေ့ကတော့ အခမဲ့ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ Yangon Water Bus ပြေးဆွဲရာ၌ အချိန်ဇယားများနှင့် အစီးရေ တိုးမြှင့်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ဖော်ပြပေးသွားမည် ဖြစ်ပြီး Yangon Water Bus စတင်ပြေးဆွဲသည့် အင်းစိန် အောင်ဇေယျတံတား မှ ဗိုလ်တထောာင် အထိ ၃၀၀ ကျပ် နှင့် ဗိုလ်တထောင်မှ သီလဝါ၊ မြောက်ဒဂုံအထိ သွားရောက်လိုလျှင် ၅၀၀ ကျပ် ကျသင့် မည် ဖြစ်သည်ဟု ဆိုသည်။ သို့သော် လောလောဆယ်တွင် အင်းစိန်မှ ဗိုလ်တထောင် အထိသာ ပြေးဆွဲသွားမည် ဖြစ်သည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က“ကျနော်တို့ဆီ တင်ပြထားတော့ သင်္ဘော ၁၆ စီး ပြေးဆွဲဖို့ တင်ပြတယ်။ လောလောဆယ်တော့ ရွှေပြည်သာနဲ့ လိူင်သာယာ ဆိပ်ကမ်း တည်ဆောက်တာက မပြီးသေးဘူူး’’ဟု ပြောသည်။ ထိုသို့ပြေးဆွဲရာတွင် မြစ်သုံးကြောင်း ပြေးဆွဲရမည် ဖြစ်သော်လည်း ဆိပ်ကမ်းများ တည်ဆောက်ဆဲ ဖြစ်သောကြောင့် သင်္ဘောအကြီး၊ အသေး စုစုပေါင်း အစင်းရေ ၆၀ မှ ၇၀ အထိ လိုအပ်မည်ဖြစ်ပြီး လက်ရှိ Phase 1 (လမ်းကြောင်း အပိုင်း ၁ ) အနေနှင့် အင်းစိန်-ဗိုလ်တထောင် မြစ်ကြောင်းကို ပြေးဆွဲမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ Yangon Water Bus ကို Phase 2 (အပိုင်း ၂ ) အနေနှင့်လည်း ညောင်တန်း- မြောက်ဒဂုံ ဖြစ်သည့် ငမိုးရိပ် မြစ်ကြောင်း ကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ The post Yangon Water Bus အောက်တိုဘာ ၇ ရက် စတင်ပြေးဆွဲမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2fPVHWr
via IFTTT
No comments:
Post a Comment