ထိုင်း ဘုရင်နရဲစွမ် ဝေဖန်တဲ့ အဖိုးအို ထောင် ၁၅နှစ် ချမှတ်ခံရဖွယ်ရှိ ထိုင်းသမိုင်းမှာ ထင်ရှားတဲ့ နရဲစွမ်ဘုရင်နဲ့ ပတ်သက်ပြီး ဝေဖန်မေးခွန်းထုတ်တဲ့ အသက် ၈၅နှစ် အရွယ် ဆူလပ်ခ် ဆီဗာ ရက်စ်ဆာ ဆိုသူကို မင်းမျိုးမင်းနွယ်ဆိုင်ရာ ဥပေဒနှင့် ငြိစွန်းတယ်လို့ဆိုကာ စစ်ဘက်တရားရုံးက စစ်ဆေးနေရာ ပြစ်မှု ထင်ရှားရင်တော့ ထောင်ဒဏ် ၁၅နှစ် ခန့် ချမှတ်ခံရဖွယ်ရှိတယ်လို့ Bangkok Post သတင်းကဆိုပါတယ်။ ဟံသာဝတီ ဧကရာဇ်နိုင်ငံတော် ပြိုပျက်ပြီးနောက် ဘုရင့်နောင် မင်းတြားကြီးရဲ့ မွေးစားသား ဘုရင် နရဲစွမ်ဟာ ၁၅၉၃ ခုနှစ် မှာ မြန်မာအိမ်ရှေ့မင်းသားနဲ့ စီးချင်းထိုးတဲ့ တိုက်ပွဲ အမှန်တကယ်ဖြစ်ပွား ခြင်း ရှိမရှိ ယုံမှားသံသယရှိတယ်လို့ မေးခွန်း ထုတ်ခဲ့တဲ့အတွက် တနင်္လာနေ့က ဖမ်းဆီးပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ပြုလုပ်တဲ့ လူထုဆွေးနွေးပွဲ တရပ်မှာ ဆူလပ်ခ်က ထိုင်းဘုရင် နရဲစွမ်ဟာ နောင်စရိုင် တိုက်ပွဲမှာ မြန်မာ အိမ်ရှေ့ ဥပရာ ဇာကို အမှန်တကယ်နိုင် မနိုင်ဆိုတာ ထိုင်းသမိုင်းကို ပြန်လည်သုံးသပ်သင့်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။ “သူတို့က ကျနော့်ပါးစပ်ကို မကြိုက်ပေမယ့် ကျနော်ကတော့ ဘယ်တော့မှ နှုတ်ဆိတ်နေမယ့်သူ မဟုတ်ဘူးဗျ။ ဒါ ကျနော် အမှန်တရားပြောတဲ့ကိစ္စပဲ။ မှန်တာကို ပြောရဲရမယ်။ ဒါ ကျနော့်တာဝန်ပဲလို့ ထင်တယ်” လို့ ဆူလပ်ခ်က ဆိုပါတယ်။ ဒီအမှုကို တော်ဝင်ထီးနန်းဆိုင်ရာဥပဒေနဲ့ အရေးယူပါက သူဟာ ထောင်ဒဏ် ၁၅နှစ်အထိ ကျခံရနိုင် ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ သက်ရှိထင်ရှားရှိနေဆဲ တော်ဝင်မင်းမျိုးမင်းနွယ်များ၏ ထိပ်တန်းမိသားစုဝင် များအတွက် ရည်ရွယ် ရေးဆွဲထားတာဖြစ်ပြီး၊ ကွယ်လွန်ပြီး သူတွေအတွက် ဥပဒေသက်ရောက်မှု မရှိဘူးလို့ဆိုပေမယ့် လက်တွေ့မှာတော့ အကျုံး ဝင်နေဆဲလို့ Bangkok Post က ရေးသားပါတယ်။ သမိုင်းကို ဝေဖန်၍ တရားစွဲခံထားရသည့် အဖိုးအို ဆူလပ်ခ်Khaosad ဆူလပ်ခ်ရဲ့ ရှေ့နေ ပေါင်တစ်ဘွန်စနောင်က တော်ဝင် ထီးနန်းဆိုင်ရာ ဥပဒေအရ ကံတော်ကုန်ပြီး ဖြစ်သည့် ဘုရင်များကို အကာကွယ်ပေးသည် ဆိုလင့်ကစား ဥပဒေအပေါ် သီးသန့် အဓိပ္ပါယ်ကောက် ယူမှုများ ရှိတယ်လို့ ဆိုပါတယ်။ “တိုင်းပြည်က ပုံမှန်အနေအထားနဲ့ တရားဥပဒေ စိုးမိုးမှု ရှိနေရင်တော့ ဘာပြဿနာမှာမရှိပါဘူး၊ တော်ဝင်ထီးနန်းဥပဒေ ဆို တာ လက်ရှိ သက်ရှိထင်ရှားရှိတဲ့ မိသားစုကို အကာကွယ်ပေးထားတာပါ၊ လွန်ခဲ့တဲ့ နှစ် ၅၀၀ က ဘုရင်တပါးကို ဝေဖန်လို့ အပြစ်ပေးမယ်ဆိုရင်တော့ တခုခုတော့ ပုံမှန်မဟုတ်ဘူး”လို့ ဝေဖန်သူ ဆူလပ်ခ်ကတော့ ကောက်ချက်ချပါတယ်။ ၂၀၁၄ ခုနှစ် ထိုင်းစစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ တော်ဝင်ထီးနန်းဆိုင်ရာ ဥပဒေအရ အရေးယူမှု ၉၃မှုရှိပြီး ၁၃၈ ဦးကို စွဲချက်တင်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများ ဥပဒေ အထောက်အကူပြုအဖွဲ့က ဆိုပါတယ်။ မြန်မာက ဗြနရဇ် လို့ခေါ်တဲ့ နရဲစွမ်မင်သားဟာ ဘုရင့်နောင် မင်းတြားကြီး အယုဒ္ဓယကို အောင်မြင် စဉ်က အသက် ၉နှစ်အရွယ်နဲ့ ဟံသာဝတီ ပဲခူးကို ခေါ်ဆောင်ခြင်းခံရကာ သားအဖြစ် မွေးစားပြီး အဋ္ဌာရသ ၁၈ရပ် သင်ကြားပေးခဲ့ပါတယ်။ ဘုရင့်နောင် နတ်ရွာစံပြီးနောက်မှာတော့ ၁၅၈၄ ခုနှစ် သားတော် နန္ဒာဘုရင်လက်ထက်မှာ အယုဒ္ဓယ ဘုရင် နရဲစွမ်က သစ္စာမခံတော့ဘဲ ထိုင်းလူမျိုးများကို စုစည်းကာ ပြန်လည်တော်လှန်ခဲ့ရာမှာ နန္ဒဘုရင်ဟာ ၅ကြိမ်တိုင် အယုဒ္ဓယ ကို စစ်ချီတက်တိုက်ခိုက်ခဲ့သလို၊ ဘုရင်နရဲစွမ်ကလည်း ၄ကြိမ်တိုင် ဟံသာဝတီ၊ တောင်ငူ၊ မုတ္တမ စတဲ့ဒေသတွေကို ချီတက်တိုက်ခိုက်ခဲ့ပါတယ်။ ၁၆၀၅ ခု မြန်မာဘုရင် အနောက်ဘက်လွန်မင်း လက်ထက်မှာ အယုဒ္ဓဘုရင် နရဲစွမ်ဟာ ဇင်းမယ်(ချင်းမိုင်)ကတဆင့် ရှမ်း ပြည်နယ် ကို စစ်ချီအသွား မိုင်းဟင် အရောက်မှာတော့ ကျည်မေနာကြောင့် ရုတ်တရက် နတ်ရွာစံခဲ့ပါတယ်လို့ မှန်နန်း မဟာ ရာဇဝင်တော်ကြီး က ဆိုပါတယ်။ ဒီရောဂါ ကျည်မေနာကို မြန်မာ့ဆေးပညာရှင်တချို့က ကိမိန(ပိုးမွှားရောဂါ)လို့ အဓိပ္ပာယ်ဖွင့်ဆို ထားပေမယ့် သူ့အကြောင်း ရေး ထားတဲ့ ဝီကီပီးဒီးယားမှာ Smallpox(ကျောက်ရောဂါ) လို့ ဖော်ပြပါတယ်။ နရဲစွမ်ဘုရင်ရဲ့ အကြောင်း ခန်းနားစွာ ရိုက်ကူးထားတဲ့ “The Legend of King Naresuan” ကားများဟာ ထိုင်းနိုင်ငံမှာ လူကြိုက်များပါတယ်။ ဆက်စပ်ဖတ်ရှု့ရန် – နရဲစွမ် ဇတ်ကား အတွက် ထိုင်း ဒါရိုက်တာ တောင်ငူကို လာရောက်လေ့လာ The post ထိုင်း ဘုရင်နရဲစွမ် ဝေဖန်တဲ့ အဖိုးအို ထောင် ၁၅နှစ် ချမှတ်ခံရဖွယ်ရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2kI6Uha
via IFTTT
No comments:
Post a Comment