Sunday, October 22, 2017


သင့်ရဲ့မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေမယ့်အချက် (၁၄) ချက် အခု ပြောမယ့်အကြောင်းအရာလေးက သင့်ရဲ့မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်ကောင်းမွန်စေမယ့်အချက်တွေ ဖြစ်ပြီးတော့ Short Term Memory(မှတ်ဉာဏ်တို)ကိုရော Long Term Memory(မှတ်ဉာဏ်ရှည်)ကိုပါ မြင့်တက်လာစေမှာ ဖြစ်ပါ တယ်။ အထူးသဖြင့်တော့ မှတ်ဉာဏ်တို စွမ်းရည်ကို သိသိသာသာ ပိုမို ကောင်းမွန်လာစေမယ့်အချက်တွေ ဖြစ်ပါတယ်။ စာမေးပွဲဖြေ ဆိုဖို့အတွက် အနီးကပ် အာရုံစိုက်လေ့လာနေသူတွေအတွက် ပိုမို လိုက်နာ လုပ်ဆောင်သင့်ပါတယ်။ ဆယ်တန်းဖြေဆိုခါနီး စာ သင်သားများအတွက်တော့ လိုက်နာလုပ်ဆောင် အသင့်ဆုံးအချက်တွေပဲ ဖြစ်ပါတယ်။ (၁) လမ်းလျှောက်ပါ လေ့လာစမ်းသပ်ချက်တွေအရ တရက်ကို မိနစ် ၂၀ ခန့် ပုံမှန် လမ်းလျှောက်ပေးမယ်ဆိုရင် မှတ်ဉာဏ်ကိုရော ဦးနှောက်ကိုပါ ပိုမို အားကောင်းစေတယ်လို့ သိရပါတယ်။ ဒါအပြင် စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေတဲ့အတွက် စာမေးပွဲဖြေဆိုရက်တွေ မျိုးမှာပါ အချိန်ရအောင်ပေးပြီး လမ်းလျှောက်ပေးသင့်ပါတယ်။ (၂) မှတ်စု ရေးပါ၊ မြင်သာတဲ့ နေရာမှာကပ်ထားပါ၊ သတိထားပြီး ဖတ်ပေးပါ ဒီအချက်ကတော့ ကျနော်တို့ သင်ကြားခဲ့ရတဲ့ Formula လို အရေးကြီးစာသားလို အရာတွေကို မှတ်စုထုတ်ပြီး စာအုပ်မှာရေး ထားတာထက် Flash Card (မှတ်စုစာရွက်အသေးစား)ပေါ်မှာ ရေးသားပြီး ကိုယ့်ရဲ့စာကြည့်စားပွဲ၊ အခန်းနဲ့ နီးစပ်ရာ နံရံ မှာ ကပ်ထားပေးပါ။ ရေးချိန်မှာလည်း အလွတ်ရေးပါ၊ နံရံမှာ ကပ်ထားပြီးချိန်မှာလည်း မိမိ အလွတ်ရနေသည့်တိုင်အောင် မျက်စိရှေ့ရောက်လာ တိုင်း ပြန်ဖတ်ပေးဖို့ ဖြစ်ပါတယ်။ (၃) စာဖတ်ပါ၊ မကျက်ပါနဲ့ ဒီအချက်က ယနေ့ခေတ်ထိအောင် ပြည်တွင်း စာသင်သားအများစု မှားယွင်းစွာ လေ့ကျင့်ကျက်မှတ်နေဆဲ ပုံစံဖြစ်ပါတယ်။ ပေးထားတဲ့စာသားကိုပဲ အလွတ်ရအောင် ကျက်မှတ်ကြပါတယ်။ ဒီအချက်ဟာ မှားယွင်းတဲ့ လေ့လာမှုပုံစံ ဖြစ်ပြီး စာတပုဒ်၊ အကြောင်းအရာတခုကို အလွတ်ရအောင် ကျက်မှတ်ခြင်းထက်၊ အဆိုပါ အကြောင်းအရာရဲ့သဘောသဘာဝကိုပဲ နားလည်အောင် လေ့လာမှတ်သားဖို့ ဖြစ်ပါတယ်။ ဒီအတွက် မိမိ လေ့လာမှတ်သားရမယ့်အကြောင်းအရာကို အရင်ဆုံးဖတ်ပါ၊ အရေးကြီးအချက်၊ စာလုံး၊ မှတ်သားဖွယ်ရာကို မျဉ်းသား အမှတ်အသားပြုပါ၊ အဆိုပါအချက်ကို သင်ပြချိန်မှာရော ကိုယ်တိုင်လေ့လာချိန်မှာပါ ကောင်းစွာ နားလည်သဘော ပေါက်အောင် လေ့လာပြီး မှတ်သားဖို့ပဲ ဖြစ်ပါတယ်။ (၄) အမေး၊ အဖြေပုံစံနဲ့ လေ့ကျင့်ပါ သင့်အနေနဲ့ ကောင်းစွာ သဘောပေါက် နားလည်ပြီဖြစ်တဲ့ သင်ခန်းစာအဆုံးမှာ မေးခွန်းဟောင်းများကို ပြန်လည်လေ့လာ ခြင်း ဖြစ်စေ၊ မိမိကိုယ်တိုင် မေးခွန်းပြန်ထုတ်ပြီး ဖြေဆိုခြင်း ဖြစ်စေ လေ့ကျင့်ပါ။ (၅) တေးသွားချိုချိုများ နားဆင်ပေးပါ ဆူညံကျယ်လောင်တဲ့ သီချင်းမျိုး မဟုတ်ဘဲ Classical သီချင်းများကို အသံငြိမ့်ညောင်းရုံ ဖွင့်ပြီး နားဆင်ပါ၊ အပန်းဖြေပါ၊ လေ့လာ ကျက်မှတ်ချိန်မဟုတ်တဲ့တွက်ချက် လေ့ကျင့်ချိန်မှာတွေမှာလည်း သီချင်းဖွင့်ထားနိုင်ပြီး စစ်တမ်းများအရ စိတ်ဖိစီး လျော့ကျစေတဲ့အပြင် မှတ်ဉာဏ်စွမ်းရည်ကို ပိုမို ကောင်းမွန်လာစေတာ တွေ့ရပါတယ်။ (၆) အချိန်ကြာ၊ တဆက်တည်း လေ့လာမှု မလုပ်ပါနဲ့ အနီးကပ် လေ့လာမှုတွေ အများစုမှာ စာသင်သားတွေဟာ အချိန်ရှိသလောက် စာကြည့်နေတတ်ကြပါတယ်။ ဒီအချက်ဟာ အ ချိန်ကုန်လူပန်း ဖြစ်စေပါတယ်။ လေ့လာမှတ်သားချိန်ကို စနစ်တကျ အချိန်ဆွဲပြီး လေ့လာကျက်မှတ်ပါ။ နာရီအနည်းငယ် လေ့လာပြီးတိုင်း နားချိန်ပေးပါ။ (၇) အနံ့၊ အရသာကို တမျိုးတည်း သုံးပါ ဒီအချက်က နောက်ပိုင်းမှာ အသစ်တွေ့လာရတဲ့ လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ သင် ပီကေ စားတတ်ပါသလား၊ စာမေးပွဲ ခန်းမှာရော ပီကေ စားခွင့်ပေးပါသလား၊ တကယ်လို့ စားတယ်၊ စားခွင့်ရမယ်ဆိုရင် စားနေကျ အရသာတခုတည်းကိုပဲ စား ပါ၊မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ သင့်အခန်းမှာ ဘယ်လို အနံ့မျိုး ဖြန်းပါသလဲ၊ ဒါပေမယ့် စာဖြေခန်းမှာတော့ သင့် စိတ်ကြိုက်အနံ့ကို ဖြန်းထားမှာ မဟုတ် ပါဘူး။ ဒီအတွက် အကောင်းဆုံး ဖြေရှင်းနိုင်စရာ နည်းလမ်းက ရေမွှေးဆွတ်ပါ၊ အနံ့တမျိုးတည်းကိုပဲ စွဲသုံးပါ၊ မိမိ လေ့လာ ချိန်က သုံးတဲ့ ရေမွှေးနံ့ကိုပဲ စာဖြေခန်းသွားချိန်မှာ ဆက်သုံးပါ၊ သင့်အတွက် စာတွေ ပိုရပါစေလိမ့်မယ်။ ဒီဇိုင်း- (ကျော်မျိုးထိုက်/ ဧရာဝတီ) (၈) လေ့လာမှုနေရာ အတည်တကျ ဖြစ်ပါစေ ဆူညံမှု၊ အနံ့အသက်ဆိုး၊ မြင်ကွင်းဆိုးတွေနဲ့ဝေးတဲ့နေရာမှာ သင် စာကျက်လေ့လာဖို့နေရာ ရွေးချယ်အသုံးပြုပါ၊ ဒါပေမယ့် အဆိုပါနေရာမှာပဲ အတည်တကျ အမြဲ စာပေ လေ့လာပါ၊ ပုံမှန်မဟုတ်တဲ့နေရာမှာ နေ့စဉ် ပြောင်းလဲလေ့လာတာမျိုး မလုပ် ပါနဲ့။ (၉) အရေးမကြီးတဲ့ အချက်တွေကို မေ့ထားပါ စာသင်သားအများစုကို ဖိအားဖြစ်စေတဲ့အချက် ဖြစ်ပါတယ်။ စာတပုဒ်မှာ အရေးကြီးတဲ့အချက်နဲ့ ဖွဲ့စည်းတည်ဆောက်မှု စာ ကြောင်းတွေဆိုတာရော ပါနေပါတယ်။ ဒီအတွက် သင်က စာကို အလွတ်ကျက်လိုက်တဲ့အတွက် စာတပုဒ်လုံး ရသွားတာ မှန် ပေမယ့် စာအများကြီးကို မှတ်သားထားနေရပါတယ်။ ဒီအတွက် အရေးကြီးတဲ့အချက်ကို မှတ်စုထုတ် မှတ်သားပါ၊ ကျန်စာသားတွေကို ဖတ်ရုံလောက်သာ ဖတ်ပြီး အားလုံး မမှတ် ဘဲ မေ့ထားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ (၁၀) တနေရာတည်းမှာ ထိုင်ပါ ဆိုလိုရင်းကတော့ သင် စာသင်ကြားရတဲ့စာသင်ခန်းအတွင်း သင့်ရဲ့ထိုင်ခုံနေရာဟာ ဘယ်နေရာမှာ ရှိနေသည် ဖြစ်စေ အ ဆိုပါနေရာမှာပဲ အမြဲထိုင်ပါ။ စစ်တမ်းတွေအရ ထိုင်ခုံတနေရာတည်းမှာ အတည်တကျ ထိုင်ပြီး လေ့လာမှုက သင့်ရဲ့မှတ် ဉာဏ်စွမ်းရည်ကို ပိုမို ကောင်းမွန်စေသလို စာပိုရစေတာ တွေ့ရပါတယ်။ (၁၁) ပုံမှန် အိပ်စက်ပါ သင့်ရဲ့အိပ်ချိန်ကို ပုံမှန်နာရီ ဖြစ်နေ၊ ရှိနေပါစေ။ တရက်ကို ၆ နာရီကနေ ၈ နာရီအထိ အိပ်စက်ခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်စွမ်း အင်အတွက်ရော ကျန်းမာရေးအတွက်ပါ အကောင်းဆုံးအိပ်သင့်တဲ့အချိန်ပါ။ တကယ်လို့ သင့်အနေနဲ့ အကြောင်းကြောင်းကြောင့် စာမေးပွဲရက်အနီးမှာ အိပ်ချိန် အနည်းငယ်ပဲ ယူပြီး လေ့လာမှတ်သားနေ တယ်ဆိုရင်တောင် သတိထားပြီးတော့ စာမေးပွဲရက်မတိုင်ခင် သတင်း တပတ်အလိုမှာ အိပ်ချိန်ကို ၆ နာရီကနေ ၈ နာရီ အ တွင်း ထားရှိ အိပ်စက်ပေးပါ။ (၁၂) စားသောက်မှု မှန်ကန်ပါစေ အလွန်အကျွံ စားသောက်မှု မလုပ်ပါနဲ့၊ အိပ်ရေးပျက်ခံနိုင်အောင် အားဖြည့်အချိုရည် အများအပြားသောက်ခြင်း၊ အိပ်ချင်စိတ် ပျောက်အောင် အချဉ်ထုတ်အစားများခြင်းတွေဟာ သင့်ရဲ့လေ့လာမှုစွမ်းအားကို ကျစေပါတယ်။ အစားအစာ အားလုံးကို မျှ တအောင်ပဲ စားပါ။ အထူးသတိပြုစရာတချက်က စာပေလေ့လာချိန်တွေမှာ မနက်စာ လုံး၀ မစားဘဲ မနေဖို့ ဖြစ်ပါတယ်။ (၁၃) မနက်တိုင်း ပြန်စဉ်းစားပါ မနက်ခင်းတခုအတွက် လေ့ကျင့်ခန်းအသစ် မလေ့ကျင်ခင် သင် မနေ့က လေ့လာခဲ့သမျှကို ပြန်စဉ်းစားပါ၊ တွက်ပါ၊ သူ့အ တွက် အချိန်ပေးပါ။ တကယ်လို့ ပြန်စဉ်းစား၊ ပြန်တွက်ချိန်မှာ မေ့နေခဲ့ရင် သင့်အနေနဲ့ သင်ခန်းစာအသစ် မလေ့ကျင့်ပါနဲ့ ဦး။ မနေ့က စာကိုပဲ ပြန် လည်လေ့ကျင့်ပေးပါ။ (၁၄) စာမေးပွဲဖြေဆိုခြင်း အစမ်းစာမေးပွဲတွေအားလုံး မလွတ်တမ်း ဖြေဆိုပါ၊ မေးခွန်းဟောင်း လေ့ကျင်ပါ၊ အစဉ်လိုက် ဖြေဆိုမှုပုံစံထက် သင့် ရပြီး သား၊ လွယ်ကူတဲ့ မေးခွန်းတွေကို အရင်ဖြေပါ၊ ခက်ခဲတဲ့ပုစ္ဆာတွေကို နောက်မှ ဖြေပါ၊ ဖြေဆိုပြီး အဖြေကို နောက်တကြိမ် ပြန် စစ်ဆေးပါ၊ မေးခွန်းတခုတည်းအပေါ်မှာ အချိန်အများကြီး သုံးပြီး စဉ်းစား၊ တွေးတောမှု မလုပ်ပါနဲ့၊ စာမေးပွဲဟာ အချိန် ကန့်သတ်ထားပါတယ်။ Ref: www.wikihow.com The post သင့်ရဲ့မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေမယ့်အချက် (၁၄) ချက် appeared first on ဧရာဝတီ.
Source : http://ift.tt/2xWTBuE
via IFTTT

No comments:

Post a Comment