Monday, October 23, 2017


သင့်ကို ကောင်းကောင်း အိပ်ပျော်စေမယ့် စိတ်အပန်းဖြေနည်းများ စိတ်ဆိုတာ မမြင်ရပေမယ် တကယ်တော့ သူ့မှာလည်း ပင်ပန်းမှု၊ နွမ်းနယ်မှုတွေ ရှိတယ်၊ သူ ပင်ပန်းတယ်၊ စိတ်လေနေတယ် ဆိုရင် အစားအသောက် ပျက်ရုံတင် မဟုတ်ဘဲ ညဘက် အိပ်စက်ချိန်မှာပါ အကောင်းဆုံး အိပ်မပျော်ဖြစ်တတ်ပါတယ်။ ဒီလို အိပ်မပျော်ခြင်းတွေ မဖြစ်ရအောင် စိတ်ကို အပန်းဖြေပေးဖို့ လိုအပ်ပါတယ်။ တချို့အိပ်မပျော်တတ်သူတွေ၊ အိပ်ဆေး သောက်နေရသူတွေ၊ စိတ်များနေရသူတွေအတွက် စိတ်အပန်းပြေစေမယ့်နည်းလမ်းကောင်းလေးတွေ ပြောပြချင်ပါတယ်။ (၁) တနေ့တာ လုပ်ဆောင်စရာတွေကို ချရေးထားပါ တချို့က လုပ်ဆောင်စရာတွေကို ရေးမထားဘူး၊ စိတ်ထဲမှာပဲ မှတ်ထားကြတယ်၊ ဒါပေမယ့် အိပ်ချိန်မှာ အဆိုပါ လုပ်ဆောင်စ ရာတွေ အကြောင်းကို ပြန်တွေးတတ်ကြတယ်။ အဲဒီအခါမှာ အိပ်ပျော်မယ့် စိတ်က ပျောက်သွား၊ လျော့သွားတတ်ကြပြီး အိပ်ချိန်နည်းမှုကို ဖြစ်လာစေပါတယ်၊ နောက်တရက် လုပ်ဆောင်စရာတွေကို ချရေးထားပါ၊ စိတ်ချလက်ချ အိပ်ပျော်မှု ဖြစ်လာစေနိုင်ပါတယ်။ (၂) ချယ်ရီသီးပါတဲ့ဖျော်ရည်သောက်ပေးပါ European Journal of Nutritionရဲ့ဆောင်းပါးမှာ ချယ်ရယ်သီး ထည့်သွင်းချက်လုပ်ထားတဲ့ ဖျော်ရည်သောက်ပေးသူတွေ က အခြားသူတွေထက် ၃၉ မိနစ်လောက် တညတာတိုင်းမှာ ပိုမို အိပ်စက်လေ့ရှိတယ်လို့ ပြောထားတာ တွေ့ရပါတယ်။ အိပ် ရေးဝအောင် ကူညီပေးမယ့်ဓာတ်သဘောတခုပါ။ (၃) ဘယ်ဘက်နှာခေါင်းပေါက်နဲ့ အသက်ရှူပေးပါ ၁၉၉၄ ခုနှစ်က လေ့လာချက်တွေအရ ဘယ်ဘက် နှာခေါင်းပေါက်နဲ့ အသက်ရှူမှုမှာ သွေးဖိအားကို လျော့စေတယ်၊ စိတ်ကို အေးချမ်းစေတယ်၊ နှလုံးခုန်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ရလဒ်ကတော့ အိပ်ပျော်မှု ပိုလာစေပါတယ်။ ညာဘက် နှာခေါင်းပေါက်ကို ပိတ်ပြီး ဘယ်ဘက် နှာခေါင်းနဲ့တင် တရက်ကို ၅ မိနစ်လောက် အသက်ရှူမှု လုပ်ဆောင်ပေးပါ။ (၄) ရေနွေးရေချိုးပါ သဘာဝအတိုင်း ရေတွေ၊ ရေအေးတွေထက် ရေနွေးရေကို ချိုးပေးတာ အကောင်းဆုံး ဖြစ်ပါတယ်။ အထူးသဖြင့် မအိပ်ခင် ရေနွေးနဲ့ ရေချိုးပေးတာ ပိုပြီး အိပ်ပျော်မြန်စေတယ်လို့ ၁၉၉၇ ခုနှစ်က နယူးယောက်ကျန်းမာရေးဌာနကနေ လေ့လာသိရှိ ထားတာ တွေ့ရပါတယ်။ ဒီဇိုင်း- (ကျော်မျိုးထိုက်/ ဧရာဝတီ) (၅) ရေမွှေးဆွတ်ပါ မိမိကိုယ်သင်းနံ့ မွှေးနေမှုက ကိုယ်တိုင်ကိုရော ဘေးပတ်ဝန်းကျင်ကိုပါ စိတ်ကြည်နှုးမှု ဖြစ်စေပြီး စိတ်ကို အေးချမ်းစေတယ်၊ စိတ်သက်သာမှု ရစေတယ်၊ ရလဒ်ကတော့ စိတ်ပျော်ရွှင်မှုနဲ့အတူ လူလည်း အိပ်ပျော်မှု ပိုလာစေတာ တွေ့ရပါတယ်။ (၆) သီချင်းအေးအေးလေးတွေ နားထောင်ပေးပါ ဂန္ဓဝင်သီချင်းတွေ ဖြစ်စေ၊ ခေတ်ပေါ်သီချင်း အေးအေးလေးတွေ ဖြစ်စေ သီချင်းသံကို ကောင်းကောင်း ကြားရရုံလောက်ပဲ ဖွင့်ပြီး နားထောင်ပေးပါ။ အိပ်ခါနီးရော တခြားအချိန်တွေမှာပါ နားထောင်ပေးနိုင်ပြီး စိတ်ပျော်ရွှင်မှု ပေးသလို စိတ်ဖိစီးမှု လည်း လျော့နည်းစေလို့ ကောင်းကောင်း အိပ်လာစေနိုင်ပါတယ်။ (၇) အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ အမေရိကန်ဆေးပညာပိုင်းဆိုင်ရာ ဒေါက်တာ Andrew Weil ကတော့ အသက်ရှူလေ့ကျင့်ခန်းဟာ သင့်ကို အကောင်းဆုံး အိပ်ပျော်မှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီလေ့ကျင့်ခန်းအမည်ကိုတော့ ၄-၇-၈ အသက်ရှူနည်းလို့ ခေါ်ပါတယ်။ အဆင့် ၅ဆင့် ရှိတယ်၊ ၁- ပါးစပ်ကနေ ကိုယ်တွင်းက လေတွေကို ဖြည်းဖြည်းနဲ့ ပြင်းပြင်းမှုတ်ထုတ်လိုက်ပါ၊ ၂- ပြီးမှ ပါးစပ်ကနေ ၄ စက္ကန့်ကြာအောင် လေကို ပြန်ရှူသွင်းပါ၊ ၃- ၇ စက္ကန့်ကြာအောင် အသက်အောင့်ထားပါ၊ လေမရှူပါနဲ့။ လေမထုတ်လိုက်ပါနဲ့၊ ၄- ပါးစပ်ကနေ အစောက အောင့်ထားတဲ့လေကို ၈ စက္ကန့်ကြာအောင် ဖြည်းဖြည်းနဲ့ ပြင်းပြင်း ပြန်ထုတ်ပါ၊ ၅- လေကို ပြန်ရှူပါ၊ အထက်က ပုံစံအတိုင်း တရက်ကို ၃ ကြိမ်နဲ့အထက် မိမိအချိန်ပေးနိုင်သလို လုပ်နိုင်ပါတယ်။ (၈) ဆေးလက်ဖက်ရည်သောက်ပါ အချိုခြောက် မဟုတ်တဲ့ ပြည်တွင်းအခေါ် အခါးခြောက်(ရေနွေးကြမ်း) သောက်ပေးပါ။ ၂၀၁၁ခုနှစ်က လေ့လာချက်တွေအရ မအိပ်ခင် ရေနွေးသောက်ပေးတာ ပိုမို အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ (၉) စာဖတ်ပေးပါ အိပ်ခါနီးအချိန်တိုင်း စာဖတ်ပေးခြင်းက စိတ်ကို တည်ငြိမ်စေတယ်၊ မအိပ်သေးသည့်တိုင်အောင် ကိုယ်ခန္ဓာလှုပ်ရှားမှု နည်း စေပြီး သွေးအေးနေစေတယ်၊ အိပ်ပျော်လွယ်စေနိုင်ပြီး မအိပ်ခင်အချိန် ၆ မိနစ်ကနေ ၁၅ မိနစ်အတွင်း စာဖတ်ပေးသင့်ပါ တယ်။ www.rd.com The post သင့်ကို ကောင်းကောင်း အိပ်ပျော်စေမယ့် စိတ်အပန်းဖြေနည်းများ appeared first on ဧရာဝတီ.
Source : http://ift.tt/2gwAhOr
via IFTTT

No comments:

Post a Comment