Saturday, October 21, 2017

သြစတြေးလျနိုင်ငံရှိ ဆေးတက္ကသိုလ်များသို့ တိုက်ရိုက် ကျောင်းဝင်ခွင့် ရမည့် ဇီဝဆေးသိပ္ပံန

ဩစတြေးလျနိုင်ငံရှိ ဆေးတက္ကသိုလ်များသို့ တိုက်ရိုက် ကျောင်းဝင်ခွင့် ရမည့် ဇီဝဆေးသိပ္ပံနှင့် ဆေးဝါးသိပ္ပံဆိုင်ရာ ဘာသာရပ်များ စင်ကာပူ PSB Academy တွင် တက်ရောက်ရယူနိုင် --- --- --- ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂ ရာခိုင်နှုန်းတွင် ပါဝင်ပြီး နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိ ဩစတြေးလျ နိုင်ငံ၏ အထင်ကရ သုတေသန တက္ကသိုလ်ကြီး တစ်ခုဖြစ်သည့် La Trobe University မှ ပေးအပ်သော Biomedical Science၊ Molecular Biology နှင့် Pharmaceutical Science တို့ကို စင်ကာပူနိုင်ငံ၏ ထိပ်တန်း စာရင်းဝင် ပုဂ္ဂလိက ကျောင်း ကြီးတစ် ကျောင်းဖြစ်သော PSB Academy တွင် တက်ရောက်နိုင်ပြီ ဖြစ်သည်။ မြန်မာပြည်မှ Health သို့မဟုတ် Life Science ဘာသာရပ်များဖြင့် HND ပြီးထားသူများသည် ၂ နှစ်အတွင်း ဘွဲ့ဒီဂရီ ရရှိနိုင်မည် ဖြစ်သည်။ အခြေခံပညာ အထက်တန်းအောင် ကျောင်းသားများနှင့် IGCSE O Level ကျောင်းသားများ အနေဖြင့် Foundation Diploma in Life Science ကို ၆ လ တက်ပြီး ဘွဲ့ဒီဂရီတန်းသို့ ဆက်လက် တက်ရောက် နိုင်မည် ဖြစ်ပါသည်။ La Trobe University မှ ပေးအပ်သော ဆေးသိပ္ပံဆိုင်ရာ ဘွဲ့ဒီဂရီ ရရှိပြီးပါကလည်း ဩစတြေးလျ နိုင်ငံရှိ ဆေးတက္ကသိုလ်များသို့ လျှောက်ထား တက်ရောက်နိုင်မည် ဖြစ်သည်။ ဇီဝဆေးသိပ္ပံ ပညာရပ်သည် ကိုယ်ခန္ဓာ အစိတ်အပိုင်း အစားထိုး ကုသ ခြင်း၊ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်း၊ ကင်ဆာရောဂါ၊ မျိုးရိုးလိုက်တတ် သော ရောဂါများနှင့် ကူးစက်ရောဂါ အမျိုးမျိုးတို့ကို တိုက်ဖျက်ကုသခြင်း၊ နည်းဗျူပါာများ အတွက် ကျောထောက် နောက်ခံပြု ပေးသော ပညာရပ်လည်း ဖြစ်သည်။ La Trobe University မှ ပေးအပ်မည့် ဇီဝဆေးသိပ္ပံ ဘာသာရပ်သည် ကိုယ်ခန္ဓာတစ်ခုလုံး၏ ကျန်းမာရေးနှင့် ရောဂါများ၏ လုပ်ဆောင်မှု ပုံစံများကို လေ့လာသင်ယူပြီး ဇီဝဗေဒဆိုင်ရာ အသေးငယ်ဆုံးသော အစိတ်အပိုင်းထိ လေ့လာခြင်း၊ ရောဂါ ဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်ပိုးများ၊ ဇီဝဖြစ်စဉ်များကို စူးစမ်းလေ့လာပြီး မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲ ခြင်း၊ ရောဂါကုသရာတွင် အထောက်အကူ ဖြစ်စေမည့် သိပ္ပံနည်းပညာရပ်များ အကြောင်းကို သင်ကြားပို့ချပေးမည့် ... သတင်းအပြည့်အစုံ ဖတ်ရှုရန် - http://ift.tt/2zqyUZ9
Source : http://ift.tt/2zqyUZ9
via IFTTT

No comments:

Post a Comment