Monday, October 9, 2017


ဘောလုံးလောကကို နှုတ်ဆက်တော့မယ့် အီတလီ ဘောလုံးသမား ပီယာလို ခေတ်သစ် အီတလီ ဂန္ထဝင်ဘောလုံးသမား အန်ဒရီးယားပီယာလို (Andrea Pirlo) ဟာ အခုနှစ် အားကစား ရာသီအကုန်မှာ ဘောလုံးလောကကနေ အနားယူတော့မှာ ဖြစ်ပါတယ်။ အသက် ၃၈ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ပီယာလိုဟာ နယူးယောက် စီးတီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေရဲ့ နောက်ဆုံးလ ကစားပြီးတာနဲ့ နောက်ထပ် ၂ နှစ် သက်တမ်းတိုး စာချုပ် ထပ်ချုပ်တော့မှာ မဟုတ်ဘူး လို့ သိရပါတယ်။ ကွင်းလယ်လူ ဖန်တီးရှင် အဖြစ် ကျော်ကြားတဲ့ ပီယာလိုဟာ ဘောလုံးသက် ၂၂ နှစ် အတွင်း ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်နဲ့ စီးရီးအေ ပွဲတွေ အပါအဝင် ပွဲပေါင်းများစွာ အတွက် အသင်း ၂၄ သင်းမှာ အောင်ပွဲခံ ကစားခဲ့သူပါ။ “ကိုယ့်အနေအထားက ဘယ်လို အခြေအနေ ရောက်နေပြီ ဆိုတာ ကိုယ့်ကိုယ်ကို သိရပါမယ်။ နေ့စဉ်နဲ့အမျှ ရုပ်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနေပါတယ်။ ဘယ်လောက်ပဲ စိတ်ရှိရှိ ကိုယ့်ကိုယ်ကို လေ့ကျင့်ပေးလို့ မရတော့ ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားမှာ အမြဲတမ်း ရလဒ်တခုရှိနေလို့ပါပဲ” လို့ သူက Gazzetta dello Sport ကို ပြောပါတယ်။ “လူငယ် ဘောလုံးသမား ဆိုရင်တော့ ဆက် ကစားသင့်တာပေါ့။ ကျနော်က အသက် ၃၈ နှစ် ရှိလာပြီဆိုတော့ လူငယ်တွေ အတွက် နေရာပေးသင့်ပြီလေ။ ကျနော် ဒေါသ မထွက်ပါဘူး။ ဒေါသထွက်မယ့် အစား နည်းပြနဲ့ တခြားသူတွေကို လက်ဆွဲ နှုတ်ဆက်မှာပါ။ ကျနော့် အသက်အရွယ် ကျနော် တော်သင့်ပြီလို့ ပြောရမှာပဲ။ အသက် ၅၀ ကျန်းမာသန်စွမ်းနေဖို့ ထိန်းဖို့ မလွယ်ဘူး။ ကျနော်လည်း တခုခုတော့ လုပ်ရတော့မယ်” လို့ ပီယာလိုက ဆက်ပြောပါတယ်။ ပီယာလိုဟာ သူ့တိုင်းပြည် အတွက် ပွဲပေါင်း ၁၁၆ ခုကို ခြေစွမ်းပြ ရယူပေးခဲ့ပြီး နောက် MLS (Major League Soccer) ရာသီ ကုန်ဆုံးချိန် ဒီဇင်ဘာလမှာ အမိမြေ အီတလီကို ပြန်လာတော့မှာပါ။ သူဟာ ရှေ့ဆက်လုပ်ဆောင်မှာတွေကို စဉ်းစားနေဆဲပဲ လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကစားဖော် ဟောင်းတွေနဲ့ လက်တွဲပြီး နည်းပြ အဖြစ်နဲ့ ဘောလုံးလောကမှာ ဆက်လက်ရပ်တည်နိုင်ဖို့ အခွင့်အလမ်းလည်း လက်တကမ်းမှာ ရှိနေပါတယ်။ “တကယ်လို့ ခင်ဗျားဟာ ဘောလုံးသမားကောင်း မဖြစ်ခဲ့ရတောင် နည်းပြကောင်း တယောက်ဖြစ်နိုင်ပါတယ်။ ခင်ဗျား အနေနဲ့ နယ်ပယ်တခုမှာ နှစ်မြှုပ်ထားဖို့ လိုတယ်။ အနိမ့်အမြင့်ကို နားလည်ရပါလိမ့်မယ်။ မီးတောက်တခုရဖို့ မီးပွားတပွင့်ပဲ လိုပါတယ်။ ကျနော့် အတွက်ကတော့ မီးမမွှေးရသေးဘူး လို့ပဲ ကိုယ့်ကိုယ်ကို ယူဆပါတယ်” က ပီယာလိုက ပြောပါတယ်။ သူ့ကို ၁၉၇၉ ခုနှစ် မေ ၁၉ ရက်၊ အီတလီနိုင်ငံ ဖလီရို (Flero) မှာ မွေးဖွားပါတယ်။ အရပ်အမြင့် ၁ ဒသမ ၇၅ မီတာ (၅ ပေ ၉ လက်မ) ရှိပြီး ကွင်းလယ်လူ အဖြစ် ကစားခဲ့ပါတယ်။ လက်ရှိမှာတော့ New York City FC မှာ ကစားနေပြီး သူ့ရဲ့ ကျောနံပတ်က ၂၁ ပါ။ လူငယ် ကစားသမား ဘဝကို ၁၉၉၂ – ၁၉၉၅ အထိ Brescia အသင်းမှ ကစားခဲ့ပါတယ်။ ပီယာလိုဟာ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အီတလီ အသင်းကိုယ်စားပြု အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ The post ဘောလုံးလောကကို နှုတ်ဆက်တော့မယ့် အီတလီ ဘောလုံးသမား ပီယာလို appeared first on ဧရာဝတီ.
Source : http://ift.tt/2ySFCGS
via IFTTT

No comments:

Post a Comment