Wednesday, October 11, 2017


ထိုင်းတပ်မတော် မှာယူထားသည့် တရုတ်လုပ်တင့်ကားများ ပထမအသုတ်ရောက်ရှိ ထိုင်းတပ်မတော်အတွက် တရုတ်နိုင်ငံမှ မှာယူထားသည့် VT4 အမျိုးအစား တင့်ကားများအနက် ပထမအသုတ်အဖြစ် ၂၈ စီး ရောက်ရှိလာကြောင်း Bangkok Post သတင်းကဆိုပါတယ်။ ထိုင်းဘတ်ငွေ ၄.၉ ဘီလျံတန်ဖိုးရှိ အဆိုပါ ပထမအသုတ် တင့်ကားများမှာ ချွန်ဘူရီရှိ ထိုင်းဘုရင့် ရေတပ် ဆိပ်ကမ်းသို့ ရောက်ရှိလာပြီဖြစ်ပြီး၊ အမှတ် ၃ သံချပ်ကာတပ်တွင် တာဝန်ချထားမယ်လို့ သိရပါတယ်။ စစ်တပ်အကြီးအကဲ ချာလမ်ချိုင်း ဆစ်သီဆစ်က ရောက်ရှိလာသည့် တင့်ကားများကို သူတို့အနေနဲ့ စစ်ဆေးပြီးတဲ့အခါ မီဒီယာတွေကို ဖိတ်ခေါ်ကာ ကြည့်ခိုင်းမှာဖြစ်တယ်လို့ ဆိုသလို၊ စောစောပိုင်း ဝယ်ယူဖို့ ဆုံးဖြတ်ပြီးကတည်းက အဖွဲ့ဝင်တွေကို တရုတ်ပြည်ကို စေလွှတ်ပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါ တယ်။ နောက်နှစ်မှာတော့ ထိုင်းဘတ် ၄ဘီလျံ တန်ဖိုးရှိ တင့်ကား ၂၁ စီးထပ်ရောက်လာမယ်လို့လည်း ဆိုပါတယ်။ ထိုင်းဘုရင့်တပ်မတော်အတွက် မူလက ယူကရိန်းဆီမှာ Oplot T -84 တင့်တွေ ဝယ်ယူခဲ့ပေမယ့် ၁၀စီးရောက်လာပြီး နောက်ပိုင်းမှာတော့ ကြန့်ကြာနေတဲ့အတွက် တင့်ကားများ ပြုပြင်ရေးကိုပါ ပြုလုပ်ပေးမယ့် တရုတ်လုပ် တင့်ကားတွေကို ဝယ်လိုက်တာဖြစ်ပါတယ်။ ယူကရိန်းလုပ် တင့်ကား ၁၀စီးကိုတော့ အမှတ် ၂ ခြေလျင်တပ်မှာ အသုံးပြုနေတယ်လို့ သိရပါတယ်။ အလားတူ ထိုင်းဘုရင့်တပ်မတော်ဟာ VN1 သံချပ်ကာကားတွေကိုလည်း တရုတ်ထံမှ ဝယ်ယူဖို့ စီစဉ် နေပါတယ်။ The post ထိုင်းတပ်မတော် မှာယူထားသည့် တရုတ်လုပ်တင့်ကားများ ပထမအသုတ်ရောက်ရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2fZGSRh
via IFTTT

No comments:

Post a Comment