Friday, October 6, 2017


ရခိုင် နှင့် မကွေး လာမည့် ၃ ရက်အတွင်း မိုးများနိုင် လေဖိအားနည်း ရပ်ဝန်းဖြစ်လာနိုင်သည့် လေလှည့်ပတ်မှုသည် ရခိုင် ကမ်းရိုးတန်းကို ဖြတ်ပြီး ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းကို ရောက်ရှိမည် ဖြစ်သဖြင့် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)မှ သိရသည်။ “အဓိက မိုးများမှာတော့ ရခိုင်ပေါ့၊ နောက် ၂ ရက် ၃ရက်လောက်နေရင် များလာမှာ၊ ကျန်တဲ့ အထက်ပိုင်းတွေ အလယ်ပိုင်းတွေမှာ နေရာကွက်ကျား လောက်ပဲ ရွာနိုင်တော့တယ်” ဟု မိုး/ဇလ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။ လာမည့် နှစ်ရက်အတွင်းတွင် မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့သည်လည်း မိုးအနည်းငယ် ပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။ မိုး/ဇလ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “ရခိုင်ဘက်ထဲမှာတော့ ရေတော့ တက်လာမယ်၊ ရေကြီးရေလျှံမှု တော့ မဖြစ်နိုင်ဘူး။ အဓိကကတော့ ရခိုင်ကမ်းရိုးတန်း အနီးကနေ သွားတာကြောင့်မို့လို့ မိုးရွာတာပေါ့။ တိုက်ရိုက် ဖြတ်သန်း တာမျိုး တနည်းအားဖြင့် တောင်တရုတ် ပင်လယ်ထဲမှာ မုန်တိုင်းဖြစ်ပြီးတော့မှ ရှမ်းပြည်နယ် ကနေ မြန်မာ နိုင်ငံ အလယ်ပိုင်းဖြတ်တဲ့ အချိန်မှာ မိုးရွာသွန်းတယ် ဆိုရင်တော့ မြစ်ငယ် ချောင်းငယ်လေးတွေမှာ ရေကြီး ရေလျှံမှု ဖြစ်နိုင်တယ်”ဟု ပြောသည်။ အိန္ဒိယ ဘက်ခြမ်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသော်လည်း လက်ရှိ အခြေအနေတွင် လေလှည့်ပတ်သည့် အဆင့်သာ ရှိနေသေးပြီး စောင့်ကြည့်နေသည့် အနေအထားတွင် ရှိသေး ကြောင်းလည်း ၎င်းက ဆိုသည်။ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေ အားနည်းငယ်မှ အားအသင့်အတင့် ရှိနေကာ မြန်မာနိုင်ငံတွင် အနောက်တောင် မုတ်သုံလေ သည် မြစ်ဝကျွန်းပေါ် ဒေသမှ ဆုတ်ခွာနေကြောင်း သိရသည်။ The post ရခိုင် နှင့် မကွေး လာမည့် ၃ ရက်အတွင်း မိုးများနိုင် appeared first on ဧရာဝတီ.
Source : http://ift.tt/2xm3SAc
via IFTTT

No comments:

Post a Comment