Friday, October 6, 2017


သုဘရာဇာ ဇာတ်ရုပ်နဲ့မြင်တွေ့ရမယ့် ထွန်းအိန္ဒြာဗိုလ် သဘာဝကျကျ ဇာတ်ရုပ်များနဲ့ ပရိသတ်ရဲ့ရင်ထဲ လက်ခံထားတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ယခု မြစ်တစင်းရဲ့ ကျေး ကျွန်များ ရုပ်ရှင်ဇာတ်ကားမှာ အမျိုးသမီး သုဘရာဇာဇာတ်ရုပ်နေရာက သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။ “မြစ်တစင်းရဲ့ ကျေးကျွန်များဇာတ်ကားမှာ အမအနေနဲ့ ထူးထူးခြားခြားပဲ အမျိုးသမီးသုဘရာဇာအဖြစ် သရုပ်ဆောင် ရမယ်။ အမကတော့ ကြိုက်တယ် ကိုယ့်ကိုခိုင်းတဲ့ဇာတ်ရုပ်ဆို ပိုကြိုက်တယ် ဒီဇာတ်ရုပ်က အစက သုဘရာဇာမဟုတ် ဘူး၊ သူ့ရဲ့အမျိုးသားဆုံးသွားတဲ့အခါမှာ တခြားအလုပ်မလုပ်တတ်တော့ အမျိုးသားအလုပ်ကို ရင်းနှီးပြီးသားဖြစ်နေတဲ့ အတွက် အဲဒီအလုပ်ကို ဆက်လုပ်ဖြစ်တဲ့ ဇာတ်ရုပ်ပေါ့” လို့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။ အမျိုးသမီးသုဘရာဇာ ဇာတ်ရုပ်မှာ သူမ လုပ်ခွင့်ရတဲ့ ဇာတ်ရုပ်ဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ခြင်းဖြစ်ပြီး ကျေးရွာများတွင်ရှိသော လူတချို့၏ အယူအဆ၊ အမှတ်အသား အစွဲအလမ်းများကို ဖြေဖျောက်နိုင်မည်ဟု ထင်မြင်မိ ကာ ဇာတ်ကားမှတဆင့် ကြည့်ရှုတဲ့ ပရိသတ်များကို အနုပညာရသများ၊ ဗဟုသုတရစရာများနှင့် သဘာဝအလှအပ များကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်တယ်လို့လည်း ဆက်ပြောပြပါတယ်။ အဆိုပါ မြစ်တစင်းရဲ့ ကျေးကျွန်များ ဇာတ်ကားကြီးကတော့ ဒါရိုက်တာ မျိုးထူးမှ ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ရဲ့ မိုးပြည့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ပထမဦးဆုံးရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဒီကား ထဲမှာတော့ သရုပ်ဆောင် ကျော်သူ ၊ ထွန်းအိန္ဒြာ ဗိုလ်၊ ကျော်ရဲအောင်၊ မင်းဦး ၊ နေမျိုးအောင်၊ အောင်မင်းခန့်၊ မိုးပြည့် ပြည့်မောင်တို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းတွင် အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်အနေနဲ့ ရုပ်ရှင်ရိုက်ကူးမှုများတွင် အတွေ့နည်းလာခြင်းနဲ့ ပတ် သက် ပြီးတော့ “ကျမအနေနဲ့က ဇာတ်ရုပ်ရွေးရပါတယ်၊ သရုပ်ဆောင်တယောက်သာ ဖြစ်တယ် သူများတွေလို ချောတဲ့ လှတဲ့ ထဲမပါတော့ ပရိသတ်က ဘာကို လက်ခံနိုင်လဲ ဘာကို လက်မခံနိုင်ဘူးလဲ။ ဇာတ်ရုပ်တွေအပေါ်မှာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ပရိသတ် စိတ်ဝင်စားမှု အားပေးမှုကို ရတဲ့အနေအထားပေါ့။ တခြားလှလှပပ သွားရတဲ့ ဇာတ်ရုပ်ဆို ရင် အမနဲ့မကိုက်ဘူးလေ အဲဒါကြောင့်ပါ”လို့ ပြောပါတယ်။ The post သုဘရာဇာ ဇာတ်ရုပ်နဲ့မြင်တွေ့ရမယ့် ထွန်းအိန္ဒြာဗိုလ် appeared first on ဧရာဝတီ.
Source : http://ift.tt/2ysQor9
via IFTTT

No comments:

Post a Comment