Saturday, October 21, 2017


အာနန္ဒာဘုရား ဂေါပကအဖွဲ့ အရေးယူ ခံရဖွယ်ရှိဟု ဆို ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံရှိ အာနန္ဒာဘုရား တောင်ဘက်မုခ် အဝင်လမ်း ကွန်ကရစ်လမ်း ခင်းခဲ့သည့် ဘုရား ဂေါပက အဖွဲ့ကို စုံစမ်းစစ်ဆေး၍ ဖော်ထုတ် အရေးယူသွားရန် ရှိကြောင်း ယဉ်ကျေးမှုနှင့် သာသာနာရေး ဝန်ကြီး သူရ ဦးအောင်ကိုက ယမန်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ ဦးသိန်းစိန် အစိုးရလက်ထက်က အာန္ဒနာဘုရားရှိ နံရံဆေးရေး ပန်းချီများကို ထုံးသုတ်ခဲ့သည့် ဂေါပက အဖွဲ့ တာဝန်ရှိသူ များကို အရေးယူခဲ့သည့် ဖြစ်စဉ်ရှိခဲ့ပြီး ယခုကိစ္စတွင်လည်း လိုအပ်ပါက စုံးစမ်း၍ အရေးယူသွားမည် ဖြစ်သည်ဟု ဆိုသည်။ “အဲဒီကိစ္စမှာတုန်းကလည်း အာနန္ဒာ ဂေါပကအဖွဲ့ တာဝန်ရှိတဲ့ လူတချို့ကိုလည်း အရေးယူခဲ့တယ်။ ဖယ်ရှားခဲ့တယ်လို့ သိရ ပါတယ်။ အခုလည်း အာနန္ဒာနဲ့ ပတ်သက်ပြီးတော့မှ လိုအပ်ရင် ဒါကို စုံစမ်းစစ်ဆေးပြီးတော့မှ ဖော်ထုတ်အရေးယူဖို့ ရှိမှာပါ”ဟု သူရ ဦးအောင်ကို က ပြောဆိုသည်။ ယင်းကွန်ကရစ်လမ်း ခင်းရန်အတွက် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လမ်းဦးစီး ဌာန၊ မြေစာရင်း ဌာန၊ မြို့နယ် အုပ်ချုပ်ရေး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်ပြီး အဖွဲ့ဖြင့် ဆုံးဖြတ်ခဲ့ပြီးနောက် ဂေါပက အဖွဲ့က လုပ်ငန်း အကောင်အထည် ဖော်ပေးရခြင်း ဖြစ်ကြောင် ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးက ဧရာဝတီသို့ ပြော သည်။ “ကျနော်တို့က သဘောရိုးနဲ့ အကောင်အထည် ဖော်ပေးတာ။ ကျနော်တို့လည်း ပြန်ဖြေရှင်းရမှာပေါ့။ ဘာရည်ရွယ်ချက်နဲ့မှ တော့ မဟုတ်ပါဘူး။ လမ်း သာယာ လှပရေးအတွက် လုပ်တဲ့ သဘောပါပဲ။ အဖွဲ့ခေါင်းဆောင်က လမ်းဦးစီးကပါ။ ဂေါပက တဖွဲ့တည်းရဲ့ သဘောထားလည်း မဟုတ်ပါဘူး”ဟူ ဦးအေးက ရှင်းပြသည်။ ယခုအခါ ကွန်ကရစ် လမ်းခင်းနေမှုကို ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးက ဘူဒိုဇာနှင့် ထိုးကော်၍ ရှင်းလင်းလိုက်ပြီ ဖြစ် ကြောင်း၊ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ကွန်ကရစ် လမ်းခင်းခြင်းကို မည်သည့်နေရာတွင်မျှ ခွင့်ပြုမည် မဟုတ်ကြောင်း ယဉ်ကျေးမှုနှင့် သာသာနာရေး ဝန်ကြီးက ပြောသည်။ သူရ ဦးအောင်ကို “ရှေးဟောင်း သုတေသနက ကန့်ကွက်တော့ ဂေါပကအဖွဲ့က ရပ်ထားပါတယ်။ ဂေါပကကို မေးလိုက် တော့ အထက်က အုပ်ချုပ်ရေး အရာရှိက တာဝန်ပေးတာလို့ ပြောပါတယ်။ အဲဒီလို ပြောလို့မိုလို့ ချက်ချင်း ဆိုင်းငံ့ထားပါ။ ဒီလို နေရာမှာ ခေတ်ပေါ် ကွန်ကရစ် လမ်းတွေ ခင်းခွင့် မရှိပါဘူး။ ယူနက်စကို ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေအရ ဖြစ် တယ်လို့ လှမ်းတားထားပါတယ်”ဟုလည်း ပြောပြသည်။ တပ်မတော် အစိုးရလက်ထက် နိုင်ငံတော် အကြီးအကဲ ခရီးစဉ်တခု ရှိ၍ အာနန္ဒာ ဘုရားရှိ နံရံဆေးရေး ပန်းချီများကို ထုံး သုတ် ခဲ့သည့်အတွက် အိန္ဒိယနိုင်ငံ အကူအညီဖြင့် ပြန်လည် ပြုပြင်နေရာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့် ကုန်ကျ နေပြီ ဖြစ်ကြောင်း၊ ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် အဆိုပြုလွှာ တင်သွင်းခဲ့ပြီး ဖြစ်၍ ၂၀၁၈ နှစ်ဆန်းပိုင်းတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က တရားဝင် လာရောက် လေ့လာတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ The post အာနန္ဒာဘုရား ဂေါပကအဖွဲ့ အရေးယူ ခံရဖွယ်ရှိဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2yBvODM
via IFTTT

No comments:

Post a Comment